Cele News

သမီးဦးရတနာလေးဖြစ်တဲ့ Reina လေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြဆိုတဲ့အကြောင်း ဗီဒီယိုလေးနဲ့တကွပြသလာတဲ့ ရဲနောင်ရဲ့ဇနီး

Myanmar Idol Season(2 )ရဲ့ ပြိုင်ပွဲဝင် တစ်ယောက်ဖြစ်တဲ့ ရဲနောင်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။

သူဟာ ပြိုင်ပွဲပြီး သွားကတည်းက ပရိသတ်တွေ ရဲ့ အားပေးမှုတွေကို ရရှိခဲ့ပြီး အခုဆိုရင်

အောင်မြင်နေတဲ့ အဆိုတော် တစ်ဦးအဖြစ် အနုပညာ လမ်းကြောင်းကို လျှောက်လှမ်းနေ သူပဲဖြစ်ပါတယ်..။

အနုပညာအလုပ်တွေအပြင် အိမ်ထောင်တစ်ခုကိုလည်း အကောင်းဆုံးတည်ဆောက်ထားနိုင်ခဲ့တဲ့ ရဲနောင်ဟာ

ပြီးခဲ့တဲ့နှစ်က လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ရဲနောင်ရဲ့ အိမ်ထောင်ရေးဟာလည်း အေးအေးဆေးဆေးရှိပြီး နားလည်မှုအပြည့်နဲ့ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

မနေ့က စက်တင်ဘာလ (၃၀) ရက်နေ့မှာတော့ ရဲနောင်တို့ ဇနီးမောင်နှံဟာ သူတို့ရဲ့ ပထမဦးဆုံး သမီးလေးကို ပိုင်ဆိုင်ခဲ့ပါပြီ။

ရဲနောင်ရဲ့သမီးလေး Reina ကို မနေ့က စက်တင်ဘာလ (၃၀) ရက်နေ့ ည ၉ နာရီ ၂၈ မိနစ်အချိန်မှာ မွေးဖွားခဲ့တာဖြစ်ပြီး

သမီးလေးဟာ အဖေ အမေနဲ့ တဝက်စီတူကြောင်းကို ရဲနောင်က

“ငါ့သမီးလေးအသံက ဖအေတူ.. အသားအရည်လေးပဲမတူတာ 😂” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပီတိတွေနဲ့ မျှဝေလာပါတယ်။

ရဲနောင်ကတော့ သူ့ရဲ့ဇနီးနဲ့လည်းတူ သူနဲ့လည်းတူတဲ့ ချစ်စရာသမီးလေးတစ်ယောက်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ရဲနောင်တို့ မိသားစုလေးကတော့ အခုဆိုရင် သမီးလေး Reina ကြောင့် ပြီးပြည့်စုံသွားပြီလို့ ဆိုနိုင်ပါတယ်နော်။

Source: Ye Naung’s fb

Credit













Source: Ye Naung’s fb

Credit