ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၀၉

အသက်တစ်ရာမနေရဘူး၊ အမှူတစ်ရာကြုံရတယ်ဆိုတာ နဖူးတွေ့၊ဒူးတွေ့ပဲ။

လူသားချင်းမစာနာ၊ နှမချင်းမစာနာ၊ သမီးရည်းစားဆိုတဲ့ခေါင်းစဉ်အောက်မှာ လိမ်လည်လှည့်ဖျားခံရတယ်။

ကိုယ်ကျင့်တရားမကောင်းတဲ့သူကို သူနဲ့နီးစပ်တဲ့ပတ်ဝန်းကျင်ကသူတွေလဲသိသင့်တယ်ထင်လို့၊

ဒီအတိုင်းကျော်သွားလိုက်ရင် ဒီလိုလူတွေဟာ မိန်းကလေးတွေရဲ့ သနားတတ်တဲ့စိတ်၊

ကြင်နာတတ်တဲ့စိတ်ကို တခြားမိန်းကလေးတွေကို ဆက်ပြီးအသုံးချနေအူးမို့လို့ သတိထားရအောင် Social Media မှာ တင်တာပါ။

သူ့က ချစ်ဦးမောင်၊ဇာတိက တောင်ငူက လက်ရှိအရှေ့ဒဂုံမှာနေပြီး ကိုရီးယားအလုပ်သွားလုပ်ဖို့ သင်တန်းတက်နေပါတယ်။

ဒီနှစ် ၂လပိုင်းကုန်လောက်က သူနဲ့တွဲဖြစ်ပြီး အဲ့နောက်ပိုင်း အရှေ့တိုင်းအစာအစာသင်တန်း တက်ခဲ့တယ်။

သင်တန်းကာလ သူအဆင်မပြေလို့ ငွေရေးကြေးရေး အဆင်မပြေမှုလေးတွေကိုလဲနိုင်သမျှကူပေးခဲ့တယ်။

သူကိုယ်တိုင်က ကြိုးစားပြီး အဆင်မပြေမှုတွေအမြဲညဉ်းပြနေတော့။

ကိုယ်ကသူကို့ရိုးသားကြိုးစားတာတခုထဲကိုပဲ ကြည့်ပြီး ဒီကာလမှာ တစ်ယောက်ကိုတစ်ယောက် နားလည်မှုနဲ့တွဲဖြစ်ခဲ့တယ်။

ကိုယ်ကအလုပ်ရှိတော့ အခုလက်ရှိထိလဲ အပြင်သွားရင် ကိုယ်ပဲရှင်းတာမျိုး၊ သူ့ကို ကောင်းကောင်းစားစေချင်တဲ့ဆန္ဒ အမြဲရှိခဲ့တယ်။

ဒီကြားထဲ ပိုက်ဆံသုံးဖို့မရှိတော့လို့ ကူပေးခဲ့ရတာလဲရှိတယ်။ မထင်ထားဘူး သူ့ဆီမှာ တခြားအမျိုးသမီးတစ်ယောက်ရှိနေတာ ပြီးခဲ့တဲ့ရက်ကသိလိုက်ရတယ်။

အရင်ကတည်းက သူ့ကိုပြောတယ်။ တခြားတစ်ယောက်ရှိနေလား ၊ ရှိရင်ပွင့်ပွင့်လင်းလင်းပြော၊ နှစ်ပင်မလိမ်နဲ့။

နောက်ဆုံးထိ မရှိဘူး ၊ စာတောင်အနိုင်နိုင် သူ့ကိုမယုံလို့ ကိုယ့်ကိုတောင်စိတ်ဆိုးပြသေးတယ်။

နောက်ဆုံး သက်သ အတိအကျရတော့ ကိုယ်ကဖြေရှင်းချက်ပေးခိုင်းတော့ ပြောစရာမရှိဘူး အဲ့ဒါသူ့ချစ်သူ သူလက်ထပ်မဲ့သူတဲ့။

ဘယ်လောက်မျက်နှာပြောင်တိုက်ပြီး မိုက်ရိုင်းလိုက်တာ။ ကိုယ်ချင်းမစာနာ၊အသုံးချသွားတာ။ ငါးကြီးကြီးဖမ်းမိသွားတယ်ထင်တယ်။

ကိုယ်တိုင်ကဘာအဖြစ်မှမရှိပဲ သူများသနားအောင် လုပ်ပြပြီး ရတဲ့နေရာကအချောင်လိုချင်တယ်။ လှေနံနှစ်ဖက်နင်းတယ်။

တကယ်တော့ကိုယိ့ကျင့်တရားကမကောင်း၊ စာရိတ္တကဆင်းရဲတဲ့သူမျိုးကို ခုလိုမျိုး စောစောစီးစီးသိခွင့်ရတာ အရမ်းကံကောင်းတယ်။

မဟုတ်ရင် ဘယ်အချိန်ထိ လိမ်ခံနေရမလဲမသိဘူး။ သူ့ကိုသူ့တို့လိုမကောင်းတဲ့ကောင်တွေကြောင့် မိန်းကလေးတွေဒုက္ခရောက်ရတာ၊ ခေတ်ကာလကြီးက မကောင်းတဲ့အထဲ လူ့အသိုင်းအဝိုင်းမှာ နှမချင်းမစာနာ ၊

ကိုယ်ကျင့်တရားခေါင်းပါးတဲ့သူတွေက ဒုနဲ့ဒေး။ ဒါမျိုးကို ညိမ်ခံနေရင် ငါတို့လုပ်လို့ရတယ်ဆိုပြီး မိန်းကလေးတွေကို လှည့်ဖျားနေအူးမှာ။

ဒီလူကိုတွေ့ရင် ဝေးဝေးရှောင်ကြပါလို့။

မိန်းမသားတို့ရင်ဖွင့်ရာ