ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၁၀

တစ်ခါမှတော့မရေးဖူးဘူး စိတ်ထဲနေရတာမသက်မသာဖြစ်နေလို့ ရင်ဖွင့်လိုက်တာပါ

စာတော့နည်းနည်းရှည်သလို ဖတ်ရတာအဆင်မပြေရင် သည်းခံဖတ်ပေးကြပါလို့

စပြောရမယ်ဆိုရင်တော့ ကျွန်မက အိမ်ထောင်ကွဲတစ်ယောက်ဖြစ်ကြောင်းမိတ်ဆက်ရမှာပေါ့

ပြောချင်တာကတော့ ကျွန်မရဲ့အိမ်ထောင်ကွဲရတဲ့အကြောင်းအရင်းတော့မဟုတ်ဘူးပေါ့

အာ့အရာတွေကိုလည်း တစ်ချိန်ရင်လာဖွင့်အုံးမှာပါ

အခုလောလောဆယ်ဆယ်ကျော်သက်အရွယ်က

ချစ်ဖူးတဲ့အချစ်ဦးအကြောင်း

သူနဲ့ ကျွန်မက တက္ကသိုလ် ဝင်တန်းကတည်း မျက်မှန်းတမ်းမိရုံသိကြတဲ့သူငယ်ချင်းတွေလေ ဆယ်တန်းအောင်ပြီး

အလုပ်တစ်ဖက်နဲ့အဝေးသင်တက်ရင်း ဒုနှစ်ကျောင်းအပ်တဲ့အချိန် အတော်လေးရင်းနှီးခဲ့ကြတယ်

အဲ့တုန်းကသူပုံစံက စွပ်ကျယ်အပြာမှိုင်းမှိုင်းလေးနဲ့ ကချင်ပုဆိုးကွက်တိုတိုလေးဝတ်ပြီးလွယ်အိတ်ကိုထုံးပြီးလွယ်ထားတယ်

အသားဖြူဖြူအရပ်မြင့်မြင့်နဲ့ဆိုတော့ အတော်လေးကြည့်ကောင်းနေမိတယ် တစ်နည်းအားဖြင့် သူက စော်ကြည်ဘဲလေ

အတော်လေးလည်းရည်စားများတယ် တနှစ်စာမေးပွဲဖြေပြီးတော့ သူကစပြောတယ် ငါတို့တွေ တွဲကြည့်ကြမလားပေါ့

အစကငြင်းသေးတယ် သူက တွဲကြည့်ပါမကြိုက်ရင် နင်ထွက်သွားလို့ရတယ်တဲ့

အာ့လိုနဲ့ တစ်ယောက်ကိုတစ်ယောက်ချစ်တယ်မပြောဘဲ ချစ်သူတွေဆိုပြီးခံယူလိုက်ကြတယ်

အစကတည်းက သူငယ်ချင်းတွေမို့ ဘယ်သွားသွားနှစ်ယောက်တည်းတော့မသွားဖြစ်ကြဘူး အုပ်စုလိုက်သွားကြတာပေါ့

ကျွန်မနဲ့စတွဲပြီးကတည်းက သူဘယ်ကောင်မလေးမှမရှုပ်တော့ဘူး အချိန်တွေအကုန်လုံး ကျွန်မ အပေါ်ပေးထားတာ

အရာအားလုံးဟာ ပျော်ရွှင်စရာတွေကြီးပဲ တစ်ခါမှချစ်တယ်လို့မပြောခဲ့ကြဖူးဘူး

လွမ်းကြောင်းတွေတော့ပြောဖူးကြတယ်

တစ်ခါ သူကို ကျွန်မမေးမိတယ် နင် ငါကိုချစ်လားလို့ဆိုတော့

ကလေးရေ ကိုယ့်အချစ်တွေက အာ့ထက်နက်ရှိုင်းတာမို့ စကားလေးနှစ်လုံးလောက်နဲ့မဖူလုံဘူး

ကိုယ့်လည်း ကလေးကို ချစ်လားလို့မမေးဘူး

ဘာလို့ ဆို ကိုယ့်တို့မှာရှိနေတဲ့အချစ်က ထပ်တူကျနေလိုတဲ့ အာ့ကတည်းက မမေးတော့ဘူး

သြော် ကလေး ဆိုတာကလေ သူနဲ့ ကျွန်မစတွဲတော့ သူစခေါ်တဲ့nameတစ်ခုပေါ့

ကျွန်မကိုလည်း သူ့ကို ကိုကိုလို့ခေါ်ရမယ်ဆိုပြီးသတ်မှတ်ထားတာ ဘယ်တုန်းကမှလည်းမခေါ်ခဲ့ဖူးပါဘူး

တစ်နေ့မနက်5hr လောက်ph ခေါ်ပြီး ကလေးရေ ကိုယ့်တို့အနာဂတ်အတွက်တစ်ခုခုလုပ်ရမယ်တဲ့

သူ တစ်ခြားရှိသွားပြီးအလုပ်လုပ်မယ် ပြန်လာတာနဲ့လက်ထပ်ကြရအောင်ဆိုပဲ

မနက်ဖြန်ကိုယ့်သွားမှာမို့လာတွေ့ပေးပါလားဆိုတော့

အိမ်မပိုင်တဲ့ကိုယ့်ကခိုးထွက်ပြီးသွားတွေ့ရတာမျိုး

အာ့ခါမှ ပထမဦးဆုံး သူနဲ့နှစ်ယောက်တည်းတွေ့ဖူးတာ ကြောက်လည်းကြောက် ရင်လည်းတုန်နဲ့ သူ့အိမ်ကိုခေါ်ပြီး မိသားစုဝင်တွေနဲ့မိတ်ဆက်ပေး

ဘုရားသွားရင်းစကားအေးဆေးပြောရအောင်ဆိုပြီးသွားကြတာ ကိုယ့်လက်ကလေးသူစကိုင်ပြီးတွဲထားတယ်

ပထမဆုံးပဲ စိတ်မချတော့ဘူး တစ်ခါထဲလိုက်ဖို့ခေါ်တယ် ခိုးပြေးဖို့ပေါ့

ကျွန်မကြောက်ပြီသူ့လက်ကိုလွှတ်ချလိုက်တယ်

ငါတို့ကအရမ်းငယ်သေးတယ် ကျောင်းလည်းမပြီးသေးဘူး ဘာလုပ်စားကြမလဲဆိုတော့ သူကရယ်တယ်

ကလေးရေ ကိုယ့်ကမင်းကိုအပိုင်လိုချင်တာ ကျောင်းတွေပြီးအောင်ထားပေးမယ်

သူအလုပ်လုပ်မယ် ကိုယ်လက်ကိုအခုလိုမဖြုတ်ချဘဲရဲရဲတွဲထားမှပေါ့တဲ့

ခိုးပြေးမယ်ဆိုတာက ကျွန်မမိဘဖက်သိပြီးသဘောမတူတာပါ ဘာသာတွေမတူလို့ပါ

ကျွန်မ မနည်းချော့ပြီးအိမ်ပြန်ပို့ခိုင်းရတယ် အသေးစိတ်တွေကအစမရေးတော့ဘူးစာအရမ်းရှည်မှာကြောင့်

ဟိုရောက်တဲ့အထိ အဆက်အသွယ်မပြတ်ph တွေခိုးပြော

မိဘတွေကဖိအားတွေပေးအတင်းခွဲကြာတော့ ကျွန်မ စိတ်ကဝေခွဲမရတွေဖြစ်လာတယ်

အဆက်အသွယ်တွေ ဖြတ်ပစ်လိုက်တယ် မကြာပါဘူး နောက်တစ်ယောက်ရသွားတယ်

ကျွန်မ တို့ဝေးသွားကြတယ်ဆိုပါတော့ အချိန်အတော်အကြာကြီးထိပေါ့ အခု သူက ပြန်လာချင်တယ်တဲ့ ငိုပြီးပြောတယ်

မေ့မရဘူးခဲ့ဘူးဆိုပဲ သူသိပ်ကိုမှားခဲ့တယ်တဲ့ ခုသူမှာ မယူလို့မဖြစ်ယူရမယ့်ကောင်မလေးပါရှိနေတာ

အာ့က နှစ်ဖက်အသိုင်းအဝိုင်းအကုန်သိတာကိုပြောတာပါ

အာ့ဒါ ကျွန်မ သူနဲ့အဝေးကြီးကိုထွက်သွားချင်ပေမယ့်လည်း

သူ့အနားပဲပြန်ရောက်ရောက်နေတယ် ဘယ်လိုလုပ်ရမလဲ

ကျွန်မ အိမ်ထောင်ကွဲရခြင်းတွေကလည်း သူနဲ့တစ်စိတ်တစ်ပိုင်းတွေပါတာပေါ့

ကျွန်မ သူကို ချစ်တယ် တစ်ခါမှဝန်မခံခဲ့ဖူးလို့

တစ်ကယ်ချစ်ခဲ့တယ် နစ်နေအောင်

ဝန်မခံရရင်ခုထိရင်ထဲလေးနေလို့ ရင်ဖွင့်တာပါ

ပြန်တော့မသွားတော့ပါဘူး သူ့ဘေးမှာ ကိုယ့်ထက်ချစ်ပေးမယ့်သူရှိနေတာ ကျေနပ်ပေးတယ်

အဓိက ကသူကိုပျော်စေချင်တာ ဟို့တစ်နေ့ညက သူပျော်မနေပါဘူးလို့ပြောတော့ ငါဖယ်ပေးခဲ့တဲ့လမ်းက သူ့ကိုမပျော်စေတာလားဆိုပြီး ငိုမိသေးတယ်

သူတို့တွဲတာစသိတော့ ငါကိုချန်ထားလိုက် သူ့ကိုပဲရွေးဆိုပြီး အတင်းတွန့်ပို့ပေးခဲ့တာ အာ့ကောင်မလေးက ကျွန်မထက် သူ့ကိုပိုချစ်ပေးနိုင်တယ်ဆိုတာသိလို့ အာ့ကောင်မလေးနဲ့တွဲတဲ့အချိန် သူစပြီးခြေရှုပ်တယ်

ကောင်မလေးနဲ့ပြသာနာတွေတက် လမ်းခွဲလည်း အာ့ကောင်မလေးကအတင်းတွယ်နဲ့

ကြည့်ပါလား ကျွန်မက အာ့လို့မတွယ်ကပ်ခဲ့ဘူး သူ့အကြိုက်တွေမွေးနေ့တွေဘာမသိခဲ့ဘူးလေ အာ့ကောင်မလေးက တကယ့်ကိုသူအပေါ်ကောင်းတာ သူနဲ့ပတ်သက်သမျှအကုန်အသေးအမွားကိစ္စကအကုန်မှတ်မိတယ်

ကျွန်မနဲ့အတော်လေးကွာတယ်နော်

ရင်ဖွင့်လိုက်ရတော့ပေါ့သွားတယ်

#မိန်းမသားတို့ရင်ဖွင့်ရာ