ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၁၂

မြဝတီကကောင်မလေးတွေသတိထားနိုင်ဖို့နဲ့ အချစ်ဦးကိုမေ့နိုင်ဖို့အကြံဉာဏ်တောင်းလွှာ
 
လွန်ခဲ့တဲ့ 4နှစ်လောက်က ငယ်သူငယ်ချင်းတစ်ယောက်နဲ့ချစ်သူဖြစ်တယ်။
 
သူက ကျမကကို7တန်းလောက်ထဲကကြိုက်တာ။
 
အသက်23နှစ်မှာ ကျမတို့ချစ်သူဖြစ်ကြတယ်။
 
တစ်နှစ်လောက်တွဲပြီး သူ phout pyan လို့ လမ်းခွဲခဲ့တယ်။
 
ဒါပေမယ့်အဆက်သွယ်တော့မပြတ်ကြဘူး။
 
အမြဲစကားပြောဖြစ်တယ်။ချစ်သူလိုတော့မဟုတ်ဘူးပေါ့။
 
တစ်ခါခါ သူကပြန်တွဲဖို့ပြောတယ် ကျမကလက်မခံခဲ့ဘူး။
 
နောက်ထပ်မရှုပ်တော့ပါဘူးလို့ သစ္စာဆိုနိုင်မှ ပြန်တွဲနိုင်မယ်လို့ပြောထားတယ်။
 
ဒါပေမယ့်သူခုထိသစ္စာမဆိုနိုင်သေးဘူး။
 
အသက်30မပြည့်ခင် ဆိုမယ်လို့ပြောတယ်။ဒီကြားထဲတော့ သူပွေအုန်းမယ်တဲ့။
 
အခု သူကောင်မလေးအသစ်ရနေကြောင်းပြောတယ်။
 
အတည်လားအပျော်လားမေးတော့ “နင်သူ့ကိုစရင်းထဲထည့်မနေနဲ့တဲ့ ကလေးပဲရှိသေးတယ်။
 
အသက်က19နှစ်ပဲရှိသေးတယ်။ဒီတိုင်းအပျော်ထားတာ။
 
ငါကအရင်တိုင်းပုံမှန်ပဲ”တဲ့။ တစ်ခါခါ သူပြောတယ် လက်ထပ်မယ်ဆိုရင်တော့ ကျမကိုပဲမြင်တယ်တဲ့။
 
ကျမနဲ့ယူရင်သူစိတ်ချမ်းသာရမှာတဲ့။ဒါပေမယ့် ကျမအိမ်က သူနဲ့သဘောမတူတဲ့ကိစ္စကိုပဲ သူအမြဲစိုးရိမ်နေတယ်။
 
ကျမကိုလည်း ချစ်တယ်ပြောတယ်။
 
အဲ့တော့လေ သိချင်တာက တစ်ချိန်ကျရင်သူ ကျမကိုပဲလက်ထပ်ချင်တယ်ဆိုတာဖြစ်နိုင်ပါ့မလား။
 
ခုအချိန်တွဲနေတဲ့သူတွေကိုသူတကယ်ပဲဖြတ်နိုင်ပါ့မလား။
 
ကျမ ဒီနွံထဲကရုံးထွက်ချင်ပြီ။သူ့ကိုမေ့ချင်ပြီ။မေ့နိုင်အောင်တခြားတစ်ယောက်ကိုအဖြေပေးလိုက်မိတယ်။
 
ဒီနည်းကမမှန်မှန်းသိပေမယ့် လောလောဆယ်ဒီလိုလုပ်မှအဆင်ပြေနိုင်မှာမလို့ပါ။
 
စာဖတ်သူတွေထဲမှာလည်း အချစ်ဦးကိုမေ့အောင်‌ဘယ်လိုကြိုးစားခဲ့ကြလဲ။
 
အချိန်ဘယ်လောက်ကြာလဲ။အတွေ့ကြုံလေးမျှဝေပေးကြပါအုန်းရှင့်။
 
ပြီးတော့ ကောင်မလေးတွေကိုလည်းသတိတစ်ခုပေးချင်ပါတယ်။
 
လည်ပင်းမှာအမှတ်နဲ့ အသက်27နှစ်အရွယ် တော်ကီကောင်းတဲ့ မြဝတီက ရုပ်ဆိုးဆိုးကောင်လေးတစ်ယောက်ကိုတွေ့ရင်ဝေးဝေးကရှောင်ပါ။
 
ဒီကောင်ငပွေ။
 
#မိန်းမသားတို့ရင်ဖွင့်ရာ