မိန်းမသားတစ်ယောက်ဖြစ်ရတဲ့ဘဝကမလွယ်ကူပါဘူ
းဘဝမှာဒီလိုအဖြစ်အပျက်ကြီးဖစ်ပျက်လိမ့်မယ်လို့တွေးတောင်မှတွေးမထားမိပါဘူး
သူနဲ့ကိုယ်နဲ့2014မှာမှာကြိုက်ပီး2016မှာလက်ထပ်လိုက်ကြတယ်
နှစ်ယောက်လုံးကချစ်လို့ယူတာပါဘယ်မိဘမောင်နှကမှလည်းအတင်အကျပ်မပေးစားပါဘူး
သူနဲ့စချစ်ထဲက ခုချိန်ထိလည်းသူကကိုယ့်အပေါ်အမြဲဂရုစိုက်အလိုလိုက်ပေးပါတယ်
မယူခင်အချိန်တွေတော့မရေးတော့ဘူးသူနဲ့ယူလိုက်တယ် ရတဲ့လက်ဖွဲ့လေးနဲ့မြေကွက်တစ်ကွက်ဝယ်ထားတယ်
မိသားစုအကြောင်းလေးနဲနဲပြောမယ်နော် သူ့အဖေကအရာရှိတစ်ယောက်သူ့အမေကတော့ ကောင်လေးပေါင်းစုံနဲ့တစ်ယောက်ပီးတစ်ယောက်အတူတူနေနေပါတယ် အိမ်ထောင်ကွဲမိသားစုပေါ့
သူအမြဲပြောနေကျစကား phout pyan တဲ့အမေရှိတော့ သူကဘယ်တော့မှ phout pyan တဲ့အလုပ်ကိုမလုပ်ဘူးပြောတယ်
ကိုယ်ကလည်း အဆုံးစွန်ထိယုံပေးထားတယ် သူမလုပ်ဘူးပေါ့
သူနဲ့ကိုယ်နဲ့ရပီး1နှစ်ကျော်ထိခွဲနေတယ် အလုပ်ကတစ်နေရာစီလေတစ်လကိုနှစ်ကြိမ်တော့ကိုယ်နေတဲ့မြို့ကိုပြန်လာတာပေါ့
အဲ့လလေးတွေ့လိုက်ပြန်လိုက်ကိုပျော်နေရတာ 2018မှာ အအလုပ်ထွက်လိုက်တယ်
သူတို့အဖေကကိုယ်နေတဲ့မြို့မှာတာဝန်ကျတယ် သူ့အဖေကအရာရှိမှရာထူးအကြီးကြီးနော်ကြွားခြင်းမဟုတ်ပါ
တစ်လကိုသိန်း50ဆိုလည်း100ဆိုလည်းဟုတ်ရတဲ့သူပါ သူကသူ့အဖေကကိုယ်နေတဲ့မြို့ကိုရောက်လာတော့အားကိုးတာပေါ့
အဖေတစ်ယောက်အနေနဲ့သူအလုပ်ထွက်ပီး အဖေနဲ့လာနေတယ် အလုပ်ရှာမယ်ပေါ့
အလုပ်တွေလျှောက်တယ် ကျမအားတဲ့အချိန်တိုင်းသူနဲ့လိုက်တယ် အလုပ်အင်တာဗျူးမှန်သမျှအဝတ်အစားဖိနပ်ပြောဆိုပုံလိုက်ပို့တာကအစကျပို့ပေးပါတယ်
သူ့အဖေနေတဲ့တိုက်ခန်းမှာကျမမနေပါဘူး သူပဲနေတာပါ အဖေကလည်းလာနေပါမခေါ်ပါဘူး
အဲ့ချိန်တော့သူအားငယ်တယ် မိန်းမလုပ်စာစားရတာဝမ်းနည်းတယ်တဲ့ အဖေနဲ့ကနေရုံပါပဲ
ကျမကအဆောင်မှာနေတာမို့ပါ ကျန်တာအကုန်ကျမပဲထောက်ပံ့ပါတယ် အတူနေချင်လို့အိမ်ငှားရှာတယ်တွေ့ပါတယ်နှစ်ထပ်လေးကိုအပေါ်ထပ်နေရမယ်ငှားမယ်ပေါ့
6လစာချုပ်ဆိုတော့6သိန်းလောက်လိုတယ်လက်ထဲရှိတဲ့ပိုက်ဆံကလည်း စားစရိတ်ချန်ရအုံးမယ်လေ
ပိုက်ဆံလိုတော့သူ့အဖေဆီမှာခဏချေးတယ် ချေးတာနော်တောင်းတာမဟုတ်ဘူး အဖေကပြောပါတယ် မရှိဘူးတဲ့
ခံရခက်လိုက်တာကျမက ဘယ်အချိန်လိုလို ကျမမိဘဘက်ကအဆင်သင့်ရပါတယ်
သူ့ကသူ့အဖေဆီကချေးချင်တယ်ပြောလို့ပါ
နောက်ဆုံးတော့အိမ်မငှားဖြစ်တော့ဘူး အခန်းလေး3လချုပ်နဲ့ငှားနေလိုက်တယ်
အိပ်သာရုံအခန်းလေးပါပဲ အဲ့ထဲကကျမသူ့ဘက်ကိုဘယ်လိုမှမကြည်တော့ပါဘူး
ကျမကမရခင်ထဲကသူ့အမေကိုလည်းထောက်ပံ့ရ မဂ်လာဆောင်တော့လည်းနှစ်ယောက်လုံးစုပီးယူတာပါ
လက်ထပ်လက်စွပ်လည်းကိုယ့်ဘာကိုယ်ဝယ်တာပါ ကျမမိဘတွေတော့သူတို့ဘက်ကတင်တောင်းတယ်ပဲခုချိန်ထိထင်နေတုန်းပါပဲ
အတူတူဖြတ်သန်းလာတယ်အားလုံးok ကိုယ့်ကိုချစ်တယ်ဆိုတာပြောစရာမလိုအောင်ကိုအလိုလိုသိဆာကိုယ်ကြိုက်တာမှန်သမျှဘာမှမလုပ်ရှူးပေါက်ပီးရှူးအိုးကအစသူပဲသွန်တာ
ခြေထောက်ညောင်းလည်းသူပဲနှိပ်ပေး သူကကိုယ့်ထက်ငယ်လည်းကိုကို့ရေဘာလေးဆိုအိုကေပဲ အဲ့လိုလုပ်ပေးလို့ကိုယ်ကလည်းမလုပ်ပေးဘူးမထင်နဲ့သူနဲ့ကိုယ်နဲ့မှာလျှို့ဝှက်ချက်ဆိုတာမရှိပါ
အားနေရင် သူ့အရင်ကောင်မလးတွေကဘယ်လိုကိုယ်ကိုလိုက်တဲ့ကောင်လေးတွေကဘယ်လိုနဲ့စရတာကြည်နူးရတာတွေ
ကိုယ်တွေနှစ်ယောက်လုံးကညီတယ်ရွှေနဲ့ငွေနဲ့မပူပင်ရဘူးလူတိုင်းအားကျရတယ်
သူလည်း2လလောက်နေတော့အလုပ်ရတယ် 2019နေမကာင်းဖြစ်တယ် လူလည်းနုန်းချိပိန်ချုံးမြင်သမျှရွှံအန်တယ်
သူကမသက်ာဘူးဆီးစစ်မယ်ပြောတယ် ကျမဆိုသည်မှာလည်းရာသီလာရင်ကိုမမှတ်မိဘူး
လတိုင်းသူပဲမှတ်မိတာကျမို့ကမပြေလည်မှာစိုးလို့ကလေးကိုမယူသေးတာပါ ကွန်ဒုံးပဲသုံးတယ်အကာအကွယ်မပါပဲတစ်ခါပဲနေမိတာပါ
သူကနောက်ရက်ဆီးစစ်တံသုံးချောင်းဝယ်လာတယ် စစ်တယ်ပေါနှစ်ကြောင်းပြတယ်ဟုတ်ရဲ့လားပေါ့ ဆေးခန်းပြသောချာသွားပီအိုဂျီလိုက်အပ်တယ်
ကျမကအရမ်းဂျီးများတတ်သူပါ အိုဂျီတွေရွေးတာဆိုတာပြောမနေနဲ့တော့နောက်ဆုံးကရင်ဆရာမလေးနဲ့ချိတ်မိတယ်
အရမ်းစိတ်ရှည်တဲ့ဆရာမ ခုထိလည်းသတိရနေပါတယ်
ကိုယ်ဝန်နဲ့လည်းအစားအသောက်ကစဂရုစိုက်တယ်သူကလူပျိုတုန်းကတော့သောက်စားပါတယ်
ရပီးထဲ့ခုထိအလုပ်နဲ့အပေါင်းအသင်းဆုံမှပဲသောက်တာပါနဲနဲပါ
ဆေးလိပ်ဆိုကျမကအနံ့မခံနိုင်လို့သူလည်းမသောက်တတ်ပါဘူးဂရုစိုက်တယ်ဆိုတာထက်ပိုပါတယ်
ကျမတို့ကပြေးကြည့်မှ2ယောက်ပဲရှိတာပါ ကိုယ်ဘဝကိုယ်သိလို့လည်းကြိုးစားရတာပေါ့
2020မှာသမီးလေးမွေးတယ်အီးသေးလုံချည်အကုန်သူလျှော်ထမင်းချိန်ထမင်းအကုန်လုပ်ပေးတယ်
သူ့အဖေကကလေးမွေးတော့1သိန်းပေးတယ်မကောင်းတတ်လို့နေမှာပါ
ကျမဘက်ကတော့2သိန်းပေးတယ်ကလေးမွေးတော့အိမ်ငှားနဲ့အဆင်မပြေတော့အိမ်ဝယ်ရမယ်လေ
နှစ်ယောက်သားကမွေးခါနီးထိ အိမ်တွေကြည့်လာတော့ တစ်လုံးတွေ့ထားတယ်
မွေးပီးအိမ်ဝယ်တယ်ဆိုပါတော့ ရှိတဲ့ရွှေတွေရောင်းလိုတဲ့ငွေကျမမိဘဘက်ကချေးပေးပေါ့
သမီးလေးရက်သားလောက်နဲ့အိမ်ပြောင်းအိမ်အစုတ်လေးပါပဲ
အိမ်ပြန်ဆောက်ဖို့ကျမမိဘတွေနဲ့တိုင်ပင်2021မှာအိမ်ပြန်ဆောက်တယ်လိုတဲ့ငွေကျမမိဘဘက်ကချေးပေါ့
ကျမကကလေးမွေးပီးထဲကအလုပ်မလုပ်တော့ဘူး သမီးကိုအချိန်ပေးရတယ်လေ
သူ့လုပ်စာပဲစားတယ် အိမ်ဆောက်ပီးတော့သူလည်းနားရတယ်
လင်မယားနှစ်ယောက်စားစရာမရှိလို့ကျမမိဘအိမ်လိုက်နေတယ်
ဆောက်ထားတဲ့အိမ်တော့ ပိတ်ထားခဲ့တာပေါ့ 2022လအစလောက်မှာသူအလုပ်ပြန်ရတယ်သူတာဝန်ကျရာကိုလိုက်နေတယ်သူကလည်းကိုယ်နဲ့သမီးကသူ့ဘဝအတွက်အရာရာလို့ပြောတယ်အိမ်ကိုတော့အငှားထားခဲ့တယ်
သူ့လစာငိုစုတယ်ကျမမိဘတွေကိုအကြွေးဆပ်ရရမယ်လေ
ကြားထဲမှာသူ့မိဘကိုပေးလာတာ12သိန်ကျော်ပါပီ
ကျမမိဘကိုမပေးဖြစ်ပါဘူးမုန့်တို့ဘာတို့ပဲဝယ်ပို့တယ်ပိုက်ပိုက်လေးစုထားတာ20လောက်ရတော့မိဘတွေကိုအကြွေးပေးမယ်ပေါ့
အဲ့လမှာပဲသူအဖေကလေဖြတ်လို့အကြွေးမဆပ်နိုင်ပဲ သူ့ဖေအတွက်နဲ့တခြားအရာတွေနဲ့ကုန်ပြန်တယ်
သု့အေဖက2021မှာပင်စင်ယူထားပါ သူ့ဖုန်းကလည်းပျောက်ပြန်တယ် ဖုန်းတစ်လုံးကလည်းထပ်ဝယ်အရာရာစိတ်ညစ်တဲ့လပေါ
အဲ့လိုစိတ်ညစ်စရာကောင်းတဲ့လမှာပဲ သူလူမှန်းသူမှန်းမသိအောင်သောက်လာတယ်
ကျမကိုအော်တယ်အိမ်ထောင်ကျနေတဲ့အတောအတွင်ကျမကိုမအော်ဖူးပါဘူးကျမသူ့ကိုစကားမပြောတော့ဘူးပြဿနာလည်းမဖြစ်ပဲနဲ့နှစ်ယောက်သားမခေါ်ပါဘူး2ရက်လောက်နေတော့ကျမမွေးနေ့ရောက်တယ်
သူလက်ဆောင်ပေးတယ်နောက်မဖြစ်စေရဘူးလို့လည်းပြောတယ်
သမီးမွေးပီးထဲကမသောက်ပဲဖြတ်ထားတာ သူငယ်ချင်းတွေအတင်းတိုက်တယ်ပြောတယ်
ခုကပြန်သောက်လို့ဘာမှန်းမသိလောက်အောင်မူးသွားတယ်ပြောတယ်
နောက်ပိုင်းသူဖုန်းကို လက်ကမချဘူး အမြဲကိုင်ထားတယ်
ကျမတို့အပေါ်တေးာ့အင်အတိုင်းပါပဲနဲနဲတော့အမူအရာပျက်တာသိလာတယ်
နောက်ပိုင်းကျမသူ့ဖုန်းကိုအမြဲစစ်ပါပီ သူနဲ့ကျမကမသိတာဘာမှမရှိတော့တစ်ခါမသုံးဖူးတဲ့appတစ်ခုကသုံးတယ်ဆိုတာပြနေတယ်ကျမဝင်ကြည့်တယ်
passထားတော့သူ့ကိုဖွင့်ခိုင်းတယ်ဖွင့်မပေးဘူးသူကပြောတယ်မကြည့်ပါနဲ့တဲ့
ကိုယ်တို့ကွဲသွားလိမ့်မယ်ပြောတယ်မရဘူးငါကြည့်ချင်တယ်ပြောတော့သူကမပေးလို့ကျမဖုန်းထဲသူ့ဖုန်းနံပါတ်နဲ့ဖွင့်လိုက်တယ်
ကျမလိုသွားတာအရင်ပြောထားတာတွေပြန်မယူလိုက်ရဘူး
အဲ့ကောင်မလေးနဲ့ဖုန်းပေးပြောတယ် သူကမောင်လို့ခေါ်တယ် ကျမဘာမှမပြောရသေးဘူးဘာလို့မောင်လို့ခေါ်တာလည်းမေးခါပဲရှိသေးတယ်
ကျမယောကျားက ဖုန်းကိုပေါက်ချိုးထုခွဲလိုက်တယ် အဲ့လိုနဲ့သူကလည်းအဲ့ကောင်မလေးနဲ့ကဘာမှမဟုတ်ပါဘူးဒီတိုင်းပါပဲလို့ပြောတယ်
s*x chatယုံပဲလို့ပြောတယ် ကျမမယုံဘူးမယုံတော့စစ်တယ်သူဝန်ခံတယ်
ပန်းခြံထဲမှာ10မိနစ်လောက်အတူနေဖြစ်သွားတယ်ပြောတယ်
နဲနဲတော့ယုံလိုက်ပါတယ်ကျမမျက်စိအောက်ကပျောက်တာအလုပ်ချိန်ပဲရှိတာလေ
ကောင်မလေးကဒီကမဟုတ်ပါဘူးလိုင်းပေါ်ကတွေ့တာပါ
ကျမတို့အော်ကြီးဟစ်ကျယ်တော့ပြဿနာမဖြစ်ပါဘူးသမီးရှိတယ်လေ
သူနောက်မလုပ်တော့ပါဘူးပြောလို့ကျမခွင့်လွတ်ပေးလိုက်တယ်
သမီးမျက်နှာနဲ့ကျမမိသားစုမျက်နှာကျမမိသားစုကိုဆပ်ရမယ့်အကြွေးတွေကြောင့်ပထမဆုံးနဲ့နောက်ဆုံးခွင့်လွတ်ခြင်းပါ
တစ်ဖက်မိန်းခလေးကိုလည်းဘာမှမပြောပါဘူး
ကိုယ့်လူကပါနေမှတော့ဘယ်သူ့မှအပြစ်မပြောတော့ပါဘူးကလေးတစ်ယောက်အဖေမှန်းလည်းသူသိပါဆယ်
မိန်းမတစ်ယောက်ဖြစ်ရတာပေးဆပ်ရာတွေကအများကြီးနော်
11လပိုင်းဆိုကျမတို့အိမ်ထောင်သက်6နှစ်ပြည့်တယ်
4.10.2022ကသူ့တို့ချစ်သူတစ်လပြည့်ပေါ့
#မိန်းမသားတို့ရင်ဖွင့်ရာ