မင်မင်ရေ ရင်ဖွင့်စာပို့ရင်ဒီကပို့ရတာလားရှင့် မင်မင်အားနေလို့ဒီနေ့အခမဲ့တင်ပေးမာ်ဆိုလို့ပါ
တခါမှမပို့ဖူးပါဘူး ညီမလေးကတော့စီကာပတ်ကုံးမရေးတတ်လို့ပါ
ညီမကအိမ်ထောင်သည်ပါ သမီးလေးက၂နှစ်နဲ့၂လရှိပါပီ
အမျိုးသားကနိုင်ငံခြားသွားဖို့ကိစ္စတွေလုပ်ထားလို့ခုလောလောဆယ်အလုပ်မရှိပါဘူး
ညီမကလဲကလေးငယ်သေးတော့ခုချိန်မှာအလုပ်ကမရှိ ဝင်ငွေကမရှိ အရမ်းစိတ်အားငယ်ရတယ်
ညီမတို့ကယောက္မအိမ်မှာနေပါတယ် ညီမမိဘအိမ်လဲ ပြန်ပါတယ်
ညီမမိဘအိမ်ပြန်တဲ့အခါ သူကလိုက်ပဲပို့ပါတယ်
ညမအိပ်ပါဘူး အဲ့လိုလူမျိုးပါ
အမျိုးသားကကိုယ့်ကိုဆို ဘယ်လိုမှတန်ဖိုးမထား ဂရုမစိုက် သူလွတ်လွတ်လပ်လပ်နေရရင်ပီးရော
ကိုယ့်ကိုတော့သူ့အမေအိမ်မှာဘယ်လိုပဲနေနေဂရုမစိုက်တတ်တဲ့လူမျိုးပါ
အဲ့လိုတွေတွေးမိရင်အရမ်းဝမ်းနည်းရပါတယ်
ကိုယ့်အပေါ်ကိုဂရုမစိုက်အလေးအနက်မထားတဲ့ယောက်ျားကိုစိတ်တအားကုန်နေပါတယ်
စိတ်ဓာတ်တေလဲအရမ်းကျပါတယ် သူ့ကိုလဲကွာရှင်းပစ်လိုက်ချင်တယ်
ဒါမဲ့သမီးလေးကအဖေကိုအရမ်းကပ်တော့သူ့ကိုလဲသနားတယ်
သမီးလေးကိုမိစုံဖစုံနဲ့ပဲနေစေချင်တယ်
အာ့ကြောင့်မို့စိတ်ကိုတောတော်လေးတင်းထားရပါတယ်
ရှေ့ကိုဘယ်လိုဆက်ရမလဲတောင်မသိတော့ပါဘူးအာ့လေးရင်ဖွင့်တာပါ
အခုညီမရင်ဖွင့်စာလေးသာပါလာခဲ့ရင် ရင်ထဲတော်တော်ပေါ့သွားမှာပဲ ရင်ထဲမွန်းကြပ်လွန်းလို့ရင်ဖွင့်လိုက်တာပါမင်မင်ရေ
ကျေးဇူးတင်ပါတယ်မင်မင်ရေ
#မိန်းမသားတို့ရင်ဖွင့်ရာ