ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၁၅

ညီမအသက်က 29 ထဲမှာပါ ညီမကောင်လေးက 23 ထဲမှာပါ သူနဲ့တွဲခဲ့တာ 7နှစ်ပြည့်တော့မှာပါ

အရင်တုန်းကတော့ တစ်ယောက်နဲ့ တစ်ယောက်တနေ့မတွေ့ရရင် မနေနိုင်သလို အရမ်းလည်းပျော်စရာကောင်းခဲ့ပါတယ်။

ညီမတို့ချစ်သူဖြစ်ပြီး လပိုင်းလောက်မှာ မှားခဲ့ကြပါတယ်။

ညီမနဲ့စဖြစ်တော့ သူ့အသက်အမှန်ကိုမပြောခဲ့ဘူး လိမ်ပြောခဲ့ပါတယ်။

နောက်ပိုင်းသူမွေးနေ့ရောက်မှ အမှန်တိုင်းသိရတာပါ။ အရင်ကသူကဆိုးပါတယ်။

လူငယ်လည်း လူငယ် သူ့အိမ်ကလည်း အငယ်ဆုံးဆိုတော့ ဘာတစ်ခုမှ မခိုင်းခဲ့ဘူး။

အမြဲတမ်းအပေါင်းအသင်းတွေနဲ့ သွားတယ်လာတယ်။ သောက်တယ်စားတယ်။

ပြန်မလာတဲ့ညတွေလည်းရှိခဲ့တယ်။ ညီမအစစအရာရာ သည်းခံပေးခဲ့တယ်။

အာ့အချိန်တုန်းက ညီမကအလုပ်လုပ်ပါတယ်။ သူနဲ့မှားပြီး 2နှစ်လောက်နေတော့ ညီမယူခိုင်းပါတယ်။

အာ့အချိန်တုန်းက သူ့အိမ်ကအဆင်ပြေတယ်။ မယူချင်သေးတော့ ညီမကိုအကြောင်းအမျိုးမျိုးပြပါတယ်။

သူအိမ်က ငယ်သေးလို့ ခဏစောင့်ပေးပါတဲ့။ သူ့အိမ်က ညီမနဲ့မှားပြီးတာသိပါတယ်။

အာ့အချိန်ထိ သူကအလုပ်အတည်တကျမရှိဘူး။

ညီမကသာ အလုပ်အတည်တကျ လုပ်ခဲ့တာ။ကိုယ့်အိမ်ထပ် သူအိမ်က အဆင်ပြေတယ်။

မိသားစုနည်းတော့။ ညီမအိမ်ကမိသားစု များတယ်သိပ်အဆင်ပြေတဲ့ထဲမပါဘူး။

လစာချတာနဲ့ သူ့အတွက် အမြဲအကျႌဝယ်ပေးတယ်။ သူလိုချင်တာလုပ်ပေးခဲ့တယ်။

သူတောင်းဆိုစရမလိုအောင် ဖြည့်ဆည်းပေးတယ်။ ချစ်လည်းချစ်ပေးခဲ့တယ်။

လိုင်းပေါ်ကနေလည်း သူ့အရင်ကောင်မလေးတွေနဲ့စကားပြောတယ်။

ဘယ်သူလဲမေးရင် မင်းရဲ့အရင်ကကောင်မလေးတဲ့။

အာ့တုန်းက ကိုယ်ကလည်းငယ်သေးတော့ ဘာမှမသိသေးဘူး။ ဘာမှလည်းပြန်မပြောခဲ့ဘူး။

တစ်ယောက်တည်းမဟုတ်ဘူးနော် ၂ယောက် တန်ခူးလနောက်ဆုံးနှစ်တုန်းကလည်း သူ့အရင်ကောင်မလေးတစ်ယောက်ကို အကြိုနေ့တွေ့ဖို့ချိန်းပါတယ်။

အာ့ပြသာနာညီမသိတော့ 26Bလမ်းမပေါ်ကြီးမှာ အကြီးအကျယ်ပြသာနာတတ်ပါတယ်။

အာ့နှစ်ကဘဲ ချစ်သူများနေ့က ညီမကို ဖုန်းအသစ်ဆင်တူဝယ်ပေးပါတယ်။

ပြသာနာတတ်တဲ့နေ့က ညီမကိုဝယ်ပေးတဲ့ ဖုန်းလမ်းမပေါ်လွှင့်ပစ်လို့ ညီမကို အော်အော်ပြီးဆဲပါတယ်။

သူ့သူငယ်ချင်းတွေလည်းရှိတယ်။ လမ်းမပေါ်ဆိုတော့ လူသွားလူလာလည်းရှိသလို ပတ်ဝန်းကျင်လည်း ရှိပါတယ်။

ညီမရှက်လို့ ငိုပြီး သူ့အိမ်ကိုပြန်သွားပါတယ်။ သူ့အိမ်ကနီးတော့ သူ့အိမ်ကိုဝင်လိုက်တာပါ။

သူ့အမကလည်း ညီမကိုပြောပါတယ် ညီမလေးရယ် ညီမလေးမို့ သည်းခံနိုင်တယ် အမသာဆို သူ့ကိုမတွဲဘူး။

အရမ်းချုပ်ချယ်တယ် တခုခုဆိုနှိုင်းယှဉ်ပြီးပြောတယ် ပြောစရာလူမရှိရင် သူ့အမနဲ့နှိုင်းတယ်။

အမြဲမျက်ရည်နဲ့မျက်ခွက်ဖြစ်ခဲ့ရတယ်။ တခုခုပြသာနာတတ်ပြီးလို့ သူကမခေါ်ရင် ကိုယ်ကအရင်သူ့ကိုစချော့ရတယ် ခေါ်ရတယ်။

သူ့အိမ်ထိလိုက်ပြီး တောင်းပန်ရတယ်။ တနေ့သူညပိုင်းပြန်မအိပ်တော့ ညီမအိမ်ကို သူ့အဖေလာရှာတယ်။

အာ့နေ့ကသူ့သူငယ်ချင်းတွေနဲ့သွားသောက်တာ အာ့ကောင်လေးကပွေတယ်ရှုပ်တယ် သူနဲ့မပတ်သက်ဖို့ ညီမပြောတယ် မရဘူး။

ညတိုင်းလိုလို သောက်တယ်။ မူးရူးပြီး ရန်ဖြစ်လာတယ်။ ရဲစခန်းတွေလည်းရောက်တယ်။

ညီမမှာငိုခဲ့ရတာ သူအရမ်းဆိုးခဲ့တယ်။ဒီလိုနဲ့တွဲလာတာ ၅နှစ်ရောက်တော့ ညီမထပ်ပြီးတော့ ယူဖို့်ပြောခဲ့ပါတယ်။
ရောဂါတွေနဲ့ နိုင်ငံရေးတွေနဲ့ ဘယ်က sout ဆံနဲ့ယူမှာလဲတဲ့။
ညီမပြေပြေလည်လည်ပြောခဲ့ပါတယ်။ အာ့ဆိုလည်း အလုပ်လုပ်ပြီးအတူတူစုကြမယ်လေ လို့ညီမပြောခဲ့တယ်။

ကိုဗစ်တွေမဖြစ်ခင် သူဆိုင်ကယ်ကို အရစ်ကျနဲ့ဝယ်ခဲ့တယ်။

အရင်ပိုက်ဆံချပေးရမှာတဲ့ လိုနေတယ်တဲ့ ညီမကိုပြောတယ်။

ညီမလည်းသူအဆင်မပြေတာသိတော့ ညီမအလုပ်လုပ်တဲ့ဆိုင်ရှင်ဆီကနေ ကြိုသုံးထုတ်ပေးခဲ့ပါတယ်။

ကိုဗစ်ရော နိုင်ငံရေးရော ဆိုင်ကယ်ဖိုးရော သွင်းရတော့ သူ့မှာပိုငွေမရှိဘူး မစုနိုင်သေးဘူးလို့ပြောပါတယ်။

အာ့အချိန် သူဖုန်းဆိုင်မှာအလုပ်လုပ်နေတာပါ။ ညီမလည်းထပ်ပြီးသည်းခံပေးတယ်။

သူပြောသမျှ ဒါပေမယ့်ညီမလည်း စိတ်ပျက်လာတယ်။အတွေးတွေဝင်လာတယ်။

သူငါ့ကိုများ မယူချင်လို့ပြောတာလား။ အတွေးပေါင်းစုံဝင်ပီး စိတ်ဖိစီးခဲ့ရတယ်။

ဇာတ်လမ်းကအခုမှစတာပါ 2 လပိုင်းချစ်သူများနေ့က သူအလုပ်မအားလို့ 14 ရက်နေ့ကမပေးဖြစ်ခဲ့တဲ့ လက်ဆောင်လေးကို ညီမ 15 ရက်နေ့မှာ သူငယ်ချင်းနဲ့ သူ့အိမ်ကိုသွားပေးခဲ့တယ်။

အာ့အချိန်မှာ သူကဖုန်းပြောနေခဲ့တာ။ ညီမဝင်လာတာလည်းမြင်တော့ သူမျက်နှာပျက်ခဲ့တာ ညီမသိတယ်။

ညီမ မမေးခဲ့ဘူး။ ဖုန်းချခါနီး ပြောလိုက်တဲ့စကားက ဒါဘဲနော်တဲ့ ပြီးမှပြန်ပြောမယ်တဲ့ ။

ညီမ သိတာပေါ့ သူကိုလက်ဆောင်ပေးနေတုန်း သူ့ဖုန်းကိုညီမကောက်ယူလိုက်တယ် ကောင်လေးနာမည်တစ်ခုနဲ့မှတ်ထားတာ။

aww သူကောင်လေးနဲ့ပြောနေတာပါလေဆိုပြီး ဖုန်းကိုပြန်ချခါနီး Message တစောင်ဝင်လာခဲ့တယ်။

အကိုတဲ့ ညီမမျက်ရည်ကျတာ မြင်ချင်တယ်ဆိုလည်း အကို့သဘောပါတဲ့။

အာ့ကောင်မလေးနဲ့သာ ပျော်နေလိုက်ပါတဲ့။

အာ့အချိန်ညီမသူကိုမေးတော့ ဆိုင်ကကောင်မလေးပါတဲ့ သူ့ကိုကြိုက်နေတာတဲ့ သူတို့်ကရွှေဆိုင်မှာလုပ်တာပါ။

ညီမအာ့နေ့က စိတ်ဆိုးပြီး ပြန်လာခဲ့တယ်။ သူ့အမေကတော့ပြောတယ် စိတ်ချပါပေါ့ ငါ့သားကဘယ်ကောင်မလေးနဲ့မှ ရောရောနှောနှောမနေပါဘူးတဲ့

ညီမလည်းစိတ်ဆိုးဆိုးနဲ့ပြောခဲ့တယ် ရောရောနှောနှောမနေရင် ဒီလိုတွေဖြစ်လာစရာမရှိဘူးလို့

အရင်က ကောင်မလေးတွေနဲ့လည်း သိသားလို့ သမီးသူဆိုးသမျှတွေကို အကုန်သည်းခံပေးလာခဲ့တာလို့ပြောပြီးပြန်လာခဲ့တယ်။

အာ့နေ့ကဘဲ ရင်ဘတ်တွေစအောင့်တာ အခုချိန်ထိမပျောက်ဘူး။

ဆေးတွေစစ် ဆေးတွေသောက် ရောဂါအဖြေကရှာမရဘူး။ ဆရာဝန်ကပြောတယ် နှလုံးရှော့ရတာတဲ့။ ဆေးစွဲသောက်ခဲ့ရတယ်။

သူကပြန်တောင်းပန်တော့ လက်ခံပေးခဲ့တယ်။ ညီမယူဖို့ထပ်ပြောခဲ့တယ် သူအမေကိုလည်းဒီတစ်ခါညီမပြောခဲ့တယ်။

သမီးယူချင်ပီလို့ အရမ်းကြာနေပြီ အိမ်မှာလည်း မောင်တွေ အကိုတွေနဲ့နေတာဆိုတော့ ဒီထပ်ပိုပြီးလည်း မကြာချင်တော့ဘူးလို့ ပြောခဲ့တယ်။ သူ့အမေက အိမ်ရောင်းပြီးရင် ပေးစားမယ်တဲ့။

သူ့အမကလည်း သူရမယ့်အမွေကို ညီမနဲ့ရမှ သူကိုပေးမယ်လို့ပြောပါတယ်။

သူ့အိမ်ကညီမနဲ့ သဘောတူပါတယ်။ညီမအိမ်က သဘောမတူပါဘူး။

သဘောမတူပေမယ့်ညီမစိတ်တိုင်းကျ မကန့်ကွက်ပါဘူး။

ညီမ အမေကဆိုအမြဲပြောတယ် ငါ့သမီးသူနဲ့ယူရင် ညည်းလုပ်ကျွေးရမှာတဲ့ ကောင်လေးက လက်ကျောတင်းတာမဟုတ်ဘူးတဲ့။

သူ့အိမ်ကလည်း ညီမကို အလုပ်အရမ်းလုပ်လို့သဘောကျတာပါ။

ညီမကို အိမ်ရောင်းပြီးရင် ပေးစားမယ်ဆိုတဲ့စကားကြောင့် ညီမစိတ်ဆိုးခဲ့တယ်။

ညီမ ဆိုလိုချင်တဲ့သဘောက ညီမအဆင့်ကအာ့လောက်ဘဲရှိတာလား။

သူကရော ယောကျ်ားလေးတစ်ယောက်မဟုတ်ဘူးလား။

ဒီကိစ္စက ယောကျ်ားလေးဘက်က လုပ်ပေးရမယ့် ကိစ္စမဟုတ်ဘူးလား။

သူနဲ့စကားတွေများတယ် အမြဲတမ်းရန်ဖြစ်နေကြတယ်။