ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၁၈

ဒီနှစ်စပိုင်းမှာ လက်ထပ်တာပါ

ယူပြီး တစ်နေ့စကားပြောကြရင်း ယောကျာ်းက သူ့အရင်အကြောင်းတွေ ပြောပြလာပါတယ်

မိန်းကလေး ၄/၅ယောက်နဲ့ အတူနေဖူးတယ်ဆိုပြီ

း ချက်ချင်းညီမခေါင်းတွေထူပူပြီး အရမ်းခံစားရပါတယ်

အဲ့ညလည်း တစ်ရေးမှ မအိပ်ပါဘူး ရူးမတတ်ပါပဲ

ဒါမယ့် မသိသလိုဘဲ ဟန်ဆောင်ပြီးနေခဲ့ပါတယ်

ညီမသိထားတာက သူ့အရင် ex နဲ့နေဖူးတယ်ဆိုတာပါပဲ ကျန်တဲ့သူတွေကို ခုမှ သိတာပါ

အဲ့မိန်းကလေးတွေထဲမှာ ကလေးနှစ်ယောက်အမေ တစ်ယောက်ပါပါတယ် အိမ်ထောင်ကွဲပါ

တစ်ခါတစ်လေ အဲ့မိန်းမက သူ့ကလေးပါ သူ့ဆီ ညအိပ်ခေါ်လာတတ်ပါတယ်

ရိုင်းရိုင်းပြောရရင် သူတို့ဘယ်လိုလုပ်တယ်ဆိုတာကအစ အကုန်ပြောပြပါတယ်

ညီမ အဆုံးထိ ဘာမှမခံစားသလို နားထောင်ပေးပါတယ် အဲ့နေ့နောက်ပိုင်းက အစ သူ့ပေါ် ယုံကြည်မှုလည်း လျော့သွားသလို လူကလည်း အားနေခေါင်းထဲ အဲ့ကြောင်းပဲ ပေါ်လာပြီး ညဆို အိပ်မရတဲ့ထိပါ

သူတို့က ချစ်သူတွေလည်း မဟုတ်ပါဘူး အဲ့ဒါ ဘယ်လိုများအတူနေနိုင်(s*x)ကြတာလဲဆိုပြီး

အတိတ်က အတိတ်ဆိုပြီး နားလည်ပေးဖို့ကြိုးစားပေမယ့် အဲ့မိန်းကလေးတွေထဲမှာမှ ကလေးအမေကိုပဲ စိတ်ထဲထင့်နေတာပါ

သူပြောပြတုန်းက ညီမ ကိုယ်ဝန် ၃လနဲ့ပါ ခု ၇လ ရှိပါပြီ အဲ့ကလေးအမေကိုပဲ ခေါင်းထဲပေါ်ပေါ်လာပြီး ညအိပ်မရပါဘူး ရူးမတတ်ပါပဲ

ပြောရရင် ကိုယ့်ကိုကိုယ် su*c*de လုပ်ချင်တဲ့ထိပါ ကိုယ်ဝန်နဲ့မို့ မနဲအသိစိတ်ကပ်အောင် ကြိုးစားနေရပါတယ်

အဲ့လိုဟန်ဆောင်နေပေမယ့် ညီမက ပွင့်လင်းသမားမို့ အရင်နေ့က သူ့ကိုပြောပြတော့ သူလည်း တတ်နိုင်သလောက်ဂရုစိုက်ပေးပြီး ပျော်အောင်လည်း ကြိုးစားလုပ်ပေးပါတယ်

ကျန်တဲ့မိန်းကလေးတွေက စိတ်ထဲမေ့မေ့ပျောက်ပျောက်ပါပဲ

ဒါမယ့် အဲ့ကလေးအမေကို ခုထိ ခေါင်းထဲကနေ ထုတ်မရဘူး ဖြစ်နေတာပါ တွေးမိတိုင်းလည်း ခေါင်းကိုက်ပြီး အိပ်မရပါဘူး

ခု ကိုယ်ဝန်နဲ့မို့ ကလေးကိုလည်း မထိခိုက်စေချင်ဘူး ဘယ်လိုလုပ်ရင်မေ့ပစ်နိုင်မလဲအကြံဥာဏ်လေးပေးပါကြအုံးရှင့်

positive comments ပဲ ပေးကြပါဖို့ တောင်းဆိုပါတယ်ရှင့်

(ညီမယောကျာ်း အရင်က ပွေရှုပ်တဲ့သူပါညီမနဲ့တွဲပြီးနောက်ပိုင်းပြောင်းလဲလာလို့လက်ထပ်ဖြစ်သွားတာပါ

ယူပြီးနောက်ပိုင်းလည်းစိတ်ချမ်းသာအောင် ထားပြီး လိုလေသေးမရှိ ထားပေးပါတယ်

မယူခင်က ကတိပေးထားတဲ့တိုင်း လုပ်ပေးပါတယ်

ညီမတို့လင်မယားက တစ်ယောက်ပေါ် တစ်ယောက် နားလည်မှုပေးပြီး ချစ်ကြတဲ့သူတွေပါ

အဲ့အကြောင်းတွေကိုလည်း ညီမတို့ကြားမှာ ဘာလျှို့ဝှက်ချက်မှ မထားချင်လို့ပြောပြတာပါဆိုပြီးပြောပါတယ်

အဲ့မိန်းကလေးတွေနဲ့လည်း မပတ်သက်တာ ကြာပါပြီမသိသင့်တာကို ညီမ စပ်စုပြီး မေးမိလို့ နောင်တလည်းရပါတယ်)

ဒီႏွစ္စပိုင္းမွာ လက္ထပ္တာပါ

ယူၿပီး တစ္ေန႔စကားေျပာၾကရင္း ေယာက်ာ္းက သူ႔အရင္အေၾကာင္းေတြ ေျပာျပလာပါတယ္

မိန္းကေလး ၄/၅ေယာက္နဲ႔ အတူေနဖူးတယ္ဆိုၿပီ

း ခ်က္ခ်င္းညီမေခါင္းေတြထူပူၿပီး အရမ္းခံစားရပါတယ္

အဲ့ညလည္း တစ္ေရးမွ မအိပ္ပါဘူး ႐ူးမတတ္ပါပဲ

ဒါမယ့္ မသိသလိုဘဲ ဟန္ေဆာင္ၿပီးေနခဲ့ပါတယ္

ညီမသိထားတာက သူ႔အရင္ ex နဲ႔ေနဖူးတယ္ဆိုတာပါပဲ က်န္တဲ့သူေတြကို ခုမွ သိတာပါ

အဲ့မိန္းကေလးေတြထဲမွာ ကေလးႏွစ္ေယာက္အေမ တစ္ေယာက္ပါပါတယ္ အိမ္ေထာင္ကြဲပါ

တစ္ခါတစ္ေလ အဲ့မိန္းမက သူ႔ကေလးပါ သူ႔ဆီ ညအိပ္ေခၚလာတတ္ပါတယ္

႐ိုင္း႐ိုင္းေျပာရရင္ သူတို႔ဘယ္လိုလုပ္တယ္ဆိုတာကအစ အကုန္ေျပာျပပါတယ္

ညီမ အဆုံးထိ ဘာမွမခံစားသလို နားေထာင္ေပးပါတယ္ အဲ့ေန႔ေနာက္ပိုင္းက အစ သူ႔ေပၚ ယုံၾကည္မႈလည္း ေလ်ာ့သြားသလို လူကလည္း အားေနေခါင္းထဲ အဲ့ေၾကာင္းပဲ ေပၚလာၿပီး ညဆို အိပ္မရတဲ့ထိပါ

သူတို႔က ခ်စ္သူေတြလည္း မဟုတ္ပါဘူး အဲ့ဒါ ဘယ္လိုမ်ားအတူေနႏိုင္(s*x)ၾကတာလဲဆိုၿပီး

အတိတ္က အတိတ္ဆိုၿပီး နားလည္ေပးဖို႔ႀကိဳးစားေပမယ့္ အဲ့မိန္းကေလးေတြထဲမွာမွ ကေလးအေမကိုပဲ စိတ္ထဲထင့္ေနတာပါ

သူေျပာျပတုန္းက ညီမ ကိုယ္ဝန္ ၃လနဲ႔ပါ ခု ၇လ ရွိပါၿပီ အဲ့ကေလးအေမကိုပဲ ေခါင္းထဲေပၚေပၚလာၿပီး ညအိပ္မရပါဘူး ႐ူးမတတ္ပါပဲ

ေျပာရရင္ ကိုယ့္ကိုကိုယ္ su*c*de လုပ္ခ်င္တဲ့ထိပါ ကိုယ္ဝန္နဲ႔မို႔ မနဲအသိစိတ္ကပ္ေအာင္ ႀကိဳးစားေနရပါတယ္

အဲ့လိုဟန္ေဆာင္ေနေပမယ့္ ညီမက ပြင့္လင္းသမားမို႔ အရင္ေန႔က သူ႔ကိုေျပာျပေတာ့ သူလည္း တတ္ႏိုင္သေလာက္ဂ႐ုစိုက္ေပးၿပီး ေပ်ာ္ေအာင္လည္း ႀကိဳးစားလုပ္ေပးပါတယ္

က်န္တဲ့မိန္းကေလးေတြက စိတ္ထဲေမ့ေမ့ေပ်ာက္ေပ်ာက္ပါပဲ

ဒါမယ့္ အဲ့ကေလးအေမကို ခုထိ ေခါင္းထဲကေန ထုတ္မရဘူး ျဖစ္ေနတာပါ ေတြးမိတိုင္းလည္း ေခါင္းကိုက္ၿပီး အိပ္မရပါဘူး

ခု ကိုယ္ဝန္နဲ႔မို႔ ကေလးကိုလည္း မထိခိုက္ေစခ်င္ဘူး ဘယ္လိုလုပ္ရင္ေမ့ပစ္ႏိုင္မလဲအႀကံဥာဏ္ေလးေပးပါၾကအုံးရွင့္

positive comments ပဲ ေပးၾကပါဖို႔ ေတာင္းဆိုပါတယ္ရွင့္

(ညီမေယာက်ာ္း အရင္က ေပြရႈပ္တဲ့သူပါညီမနဲ႔တြဲၿပီးေနာက္ပိုင္းေျပာင္းလဲလာလို႔လက္ထပ္ျဖစ္သြားတာပါ

ယူၿပီးေနာက္ပိုင္းလည္းစိတ္ခ်မ္းသာေအာင္ ထားၿပီး လိုေလေသးမရွိ ထားေပးပါတယ္

မယူခင္က ကတိေပးထားတဲ့တိုင္း လုပ္ေပးပါတယ္

ညီမတို႔လင္မယားက တစ္ေယာက္ေပၚ တစ္ေယာက္ နားလည္မႈေပးၿပီး ခ်စ္ၾကတဲ့သူေတြပါ

အဲ့အေၾကာင္းေတြကိုလည္း ညီမတို႔ၾကားမွာ ဘာလွ်ိဳ႕ဝွက္ခ်က္မွ မထားခ်င္လို႔ေျပာျပတာပါဆိုၿပီးေျပာပါတယ္

အဲ့မိန္းကေလးေတြနဲ႔လည္း မပတ္သက္တာ ၾကာပါၿပီမသိသင့္တာကို ညီမ စပ္စုၿပီး ေမးမိလို႔ ေနာင္တလည္းရပါတယ္)