စိတ်ထဲမှာ အရမ်းမွန်းကြပ်ပီး အပေါင်းအသင်းလဲ မရှိတော့ ရင်ဖွင့်ရမယ့်လူ မရှိလို့ပါ
ညမက လက်ရှိအိမ်ထောင်သည်ပါ သမီးလေးတစ်ယောက်ရှိပါတယ် အမျိုးသားက ပြည်ပမှာ အလုပ် ထွက်လုပ်နေပါတယ်
အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ လွန်ခဲ့တဲ့ 8 နှစ်(2014)လောက်က တွဲခဲ့တဲ့ ကောင်လေးကို တော်တော်သတိရနေလို့ပါ
ရှေ့နှစ်တွေမှာလဲ ခနခနအိမ်မက် မက်ပါတယ်
ရည်းစားတွေတွဲခဲ့တဲ့ထဲမှာမှ သူတစ်ယောက်ကိုပဲ သတိရတဲ့စိတ်တွေ ဖြစ်နေတာပါ
ညမကိုယ်တိုင်လဲ တွဲသမျှထဲမှာ သူ့ကိုတော့ တော်တော်သံယောစဉ် ရှိခဲ့တာပါ
(အချိန်အကြာကြီး မတွဲခဲ့ပေမယ့်) ညမတို့အကြောင်းလေး ပြောပြပါရစေ
သူက ညမထက်ငယ်ပေမယ့် ညမထက်ရင့်ကျက်ပါတယ်
သူ့အလုပ်က Aircon service ပါ ညမကတော့စက်ရုံဆင်းပါတယ်
သူ့အလုပ်ပိတ်ရက်ဆို ညမစားခြင်တာ လိုက်ကျွေးပီး ညမသွားခြင်တဲ့ နေရာ၊ဘုရားလိုက်ပို့ပေးပါတယ်
သူက အေးအေးဆေးဆေးသမားပါ တစ်ယောက်ထဲဆို ရုပ်တည်သလောက် ညမအရှေ့ရောက်မှသာ အရီအပြုံးရှိတာပါ
ညမအိမ်ကလဲ သူနဲ့တွဲတာ သိပါတယ် ဘာမှတော့ မပြောကြပါဘူး
သူ့မိဘတွေက ညမကို သဘောမကျပါဘူး
ညမတို့နှစ်ယောက် တစ်ခါအပြင်ေလျှာက်လည်ကြတုန်းက
ညမကအတင်းပူဆာလို့ ရင်ပြင်ထဲမှာ နှစ်ယောက်တွဲဓာတ်ပုံ ရိုက်ခဲ့ကြပါတယ်
(အာ့ချိန်တုန်းက ဖုန်းတွေ စပေါ်ခါစ အချိန်ဆိုတော့ ညမတို့နှစ်ယောက်စလုံးမှာ ဖုန်းမရှိသေးပါဘူး)
4 ပုံရိုက်ပီး တစ်ယောက် 2ပုံစီ ယူခဲ့ကြပါတယ် နောက်တစ်ခေါက်သူနဲ့ ထပ်တွေ့လို့
ညမက ဓာတ်ပုံရောလို့ မေးကြည့်တော့ သူ့အမေက သူသိမ်းထားမယ်ဆိုပီး ယူသွားတယ်လို့ပြောပါတယ်
သိပ်မကြာပါဘူး သူနဲ့ညမ အကျိုးအကြောင်းရေရေရာရာမရှိပဲ ပျက်ခဲ့ကြတယ်
ညမဘက်ကသူရှိလောက်မယ့် နေရာတွေမှာသွားစောင့်ေနလဲ
ညမကို အတွေ့မခံခဲ့ဘူး အဲ့နောက်ပိုင်း ညမလဲ သူရှိတဲ့အရပ်ကနေ တခြားနေရာကို ပြောင်းနေခဲ့တယ်
သူ့နဲ့ပတ်သတ်ခဲ့တဲ့အကြောင်းကို ခုချိန်ပြန်ပြောရင်တောင် မျက်ရည်ပေါက်ပေါက် ကျတုန်းပါ
ရှေ့နှစ်တွေမှာလဲ FB search မှာ ခုချိန်ထိလဲသူ့နာမည်နဲ့ ရိုက်ရှာပါတယ် မတွေ့ပါဘူး
ညမသိခြင်တာကလေ ဘာဖြစ်လို့ ဒီလောက်နှစ်တွေကြာမှ သူ့ကိုပြန်သတိရနေလဲ ဆိုတာပါ
သူ့အကြောင်း တွေးမိလိုက်တာနဲ့ နှလုံးခုန်နှုန်းတွေ တအားမြန်ပီး ရင်ဘက်တွေပါ အောင့်ရပါတယ်
ညမက အပေါင်းအသင်းလဲနဲေတာ့ သူ့အကြောင်းစုံစမ်းခိုင်းဖို့လဲ အဆင်မပြေပါဘူး
သူကရန်ကုန်မှာပါ ညမကအမျိုးသားရှိတဲ့ နယ်မှာလိုက်နေပါတယ်
အခုညမ ဖြစ်ခြင်နေတာက ဟိုအရင်ပြန်မဖြစ်တော့ဘူးဆိုတာ သိပေမယ့် သူများအတွဲ(တချို့)လို
ပျက်သွားလဲ မိတ်ဆွေလို သူငယ်ချင်းလိုမျိုး ပြန်ရင်းရင်းနှီးနှီးနေခြင်တယ် (သူသာ အိမ်ထောင်မကျသေးဘူးဆိုရင်ပေါ့)
သူသာ လက်ခံမယ်ဆိုရင်ပါ
အာ့တာ ညမ သူနဲ့အဆက်အသွယ်ပြန်ရအောင် ကြိုးစားသင့်သလား ဒါမှမဟုတ် သူ့ကိုမေ့အောင် ဘယ်လို
လုပ်ရမလဲ သိခြင်ပါတယ် အကြံပေးကြပါအုံး
စာအစီအစဉ်မကျ ဖြစ်သွားရင်တောင်းပန်ပါတယ်
ညမတို့နှစ်ယောက် တစ်ခါအပြင်လျှောက်လည်ကြတုန်းက
ညမဘက်ကသူရှိလောက်မယ့် နေရာတွေမှာသွားစောင့်နေလဲ
ညမက အပေါင်းအသင်းလဲနဲတော့ သူ့အကြောင်းစုံစမ်းခိုင်းဖို့လဲ အဆင်မပြေပါဘူး