ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၂၀

ကျမကိုအကြံလေးတွေပေးကြပြီးစိတ်ထားတတ်အောင်လမ်းပြပေးကြပါဦးနော်

Gpထဲကအမတွေရဲ့စ်ိတ်ဓါတ်ခွန်အားကိုလိုအပ်နေတာမို့ပါရှင်

ကျမကfreelance teacherပါ သမီးလေးတယောက်က်ရှိပါတယ်

အမျိုးသားကကြိုးစားငွေရှာပေးပြီးတော့ ကျမနဲ့သမီီးလေးကိုသိပ်ချစ်ပါတယ်

အသောက်အစားလောင်းကစားမိန်းမကိစ္စဘာဆိုဘာမှမရှိတဲ့လူကောင်းတယောက်လို့ပြောလို့ရပါတယ်

အရင်င်ကစာသင်၀ိုင်းတွေမပြတ်ရှိပြီး အိမ်ကိုပြန်ထောက်နိုင်ပေမဲ့

အခုအခြေနေအရပ်ရပ်ကြောင့်စာသင်တဲ့အိမ်တွေမရှိတော့၀င်ငွေလဲအဆင်မပြေဖြစ်ရတယ်

သမီးတယောက်က်နဲ့အကြွေးတွေနဲ့အဆင်မပြေဖြစ်ရတဲ့အထဲ ဆီးချိုရောဂါကပါဖြစ်လာတော့စိတ်ဓါတ်တွေအတော်ကျရပါတယ်

ပြောချင်တာကအခုမှပါ မောင်လေးတယောက်က်လဲရှိပါတယ်

ယောင်းမရကံကောင်းတဲ့သူမို့ယောင်းမလေးကသိပ်လိမ်မာပါတယ်

ပြသနာကသူတို့အိမ်ကကျမတို့ထက်မပြေလည်ပါဘူး

မောင်လေးလစာ၂သိန်းကျော်နဲ့သူ့ယောက်ခထီးကောယောက်ခမကောခယ်မကောမောင်လေးကတင်ကျွေးထားရတာပါ

သူ့မှာတလတလစားကြွေးတွေယူထားပြီးလကုန်ရင်လစာတွေအကုန်နီးပါးအကြွေးဆပ်ရတယ်

ကျမလဲတဦးတည်းရှိတဲ့မောင်လေးကိုကြည့်ပြီးစိတ်မချမ်းသာနိုင်ပါဘူး

ယောက်ကျားမသိအောင်တိုးတိုးတမျိုးကျယ်ကျယ်တမျိုးထောက်ပံ့ပေးပါတယ်

အခုစာသင်၀ိုင်းတွေမရှိတော့မပေးနိုင်ပါဘူးရှင်

ယောင်းမလေးကအလုပ်တွေတခုပြီးတခုလိုက်ရှာရတာငွေအလိမ်ခံရတာပဲအဖတ်တင်တယ်

သူတို့တွေမပြေလည်တာတွေကြည့်ပြီးတနေ့တနေ့ဆီးချိုတွေတက်နေရလို့လူလဲ tay ချင်နေတာပဲသိတယ်ရယ်

အကူအညီလေးတခုလောက်လဲတောင်းချင်ပါတယ်

မင်္ဂလာဒုံထောက်ကြန့်ဘက်ကအလုပ်ရှင်တွေများအလုပ်လိုအပ်ရင်ပြောကျပါဦးလို့မေတ္တာရပ်ခံပါတယ်ရှင်

စာမစီတတ်လို့ဖတ်ရတာအဆင်မပြေဖြစ်ရရင်တောင်းပန်ပါတယ်ရှင်


Gpထဲကအမတွေရဲ့စိတ်ဓါတ်ခွန်အားကိုလိုအပ်နေတာမို့ပါရှင်


အမျိုးသားကကြိုးစားငွေရှာပေးပြီးတော့ ကျမနဲ့သမီးလေးကိုသိပ်ချစ်ပါတယ်
















