ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၂၄

ကျွန်မတို့အိမ်ထောင်သက်က16နှစ်မှာသမီး2ယောက်နဲ့သာယာတဲ့ဘဝလေးတစ်ခုကိုပိုင်ဆိုင်ထားပါတယ်

လူမျိုးမတူပေမယ့်ကိုးကွယ်တဲ့ဘာသာကအတူတူပဲမို့

နှစ်ယောက်ကပြသာနာတစ်စုံတစ်ရာမရှိပေမယ့်

သူတို့အသိုင်းအဝိုင်းကအရင်ကသဘောတူထားတဲ့ကောင်မလေးတစ်ယောက်ရှိခဲ့ပါတယ်

သူတို့ရွေးထားတဲ့သူကို သူလည်းတစ်ခါမှမတွေ့ဖူးပဲ ကျွန်မကိုချစ်လို့ခိုးပြေးခဲ့တာ

ဒီလိုနဲ့ သူ့ရဲ့ညီကိုလွန်ခဲ့တဲ့6နှစ်လောက်ကအဲ့ကောင်မလေးနဲ့ပေးစားပြီး မကြာခင်မှာပဲသူ့ညီကဆုံးသွားပါတယ်

သူ့ရဲ့အားနည်းချက်ကသနားတတ် အားနာတတ်တဲ့အတွက် အဲ့ကောင်မလေးကိုသူသနားတဲ့အမူအရာတွေကိုကျွန်မရိပ်မိခဲ့တာ …

အခုဆိုရင်ကျွန်မတို့အတူအလုပ်သွားတဲ့အခါ တစ်စျေးထဲမှာ သူမကိုမြင်နေရတဲ့နေရာမှာသူအမြဲထိုင်ကြည့်နေတတ်တာ တွေ့တိုင်း ခံစားရတာ…

သူ့ကိုလဲမမေးရက်ဖူး ကျွန်မကအလိုလိုနေရင်းဒုတိယလူတစ်ယောက်ဖြစ်နေပီးလားလို့ လေ

သူ့နာမည်ပါတဲ့သူချင်းတွေဆိုတိုင်းဖွင့်တိုင်း ကျွန်မပိတ်ပစ်ခဲ့တယ်

နောက်ဆုံးရှင်ခြံခုန်တဲ့တစ်နေ့ကျွန်မတိုက်ပေါ်ကနေခုန်ချမယ်လို့ပြောတော့ သူကဘာလုပ်နေလို့လဲလို့ပြောတယ်

အဲ့ကောင်မလေးက10နှစ်လောက်ငယ်ပီးချောတယ်

ကျွန်မအရူးမီးဝိုင်းဖြစ်နေပီ ဟိုဘက်က ဘာမှသိပုံမရပါဘူး

သူ့အလုပ်နဲ့သူပါ ကျွန်မ ဘာဆက်လုပ်ရမလဲမသိလို့ရင်ဖွင့်လိုက်ရတာပါ

တစ်ကယ်လို့များကျွန်မသေသွားခဲ့ရင်သူမကိုကျွန်မနေရာအစားထိုးမယ်ဆိုတာသိနေပီးသားကို ကြိုပီးခံစားရတိုင်းမျက်ရည်တွေကပင်လယ်လောက်ဖြစ်နေပါပီ

သူတို့ကပိုက်ဆံချမ်းသာတဲ့အသိုင်းအဝိုင်းက သူ့အမေကလည်းသူမကိုပိုချစ်တာပါ တစ်ခုခုဖြစ်ခဲ့ရင်တောင်ဘာမှပြောမှာမဟုတ်ပါဘူ








အခုဆိုရင်ကျွန်မတို့အတူအလုပ်သွားတဲ့အခါ တစ်ဈေးထဲမှာ သူမကိုမြင်နေရတဲ့နေရာမှာသူအမြဲထိုင်ကြည့်နေတတ်တာ တွေ့တိုင်း ခံစားရတာ…







