ရင်ဖွင့်ချင်လို့ပါရှင့်
ဘယ်ကနေ စပြောရမှန်းတောင် မသိ
ဝိုင်းပီး အကြံဥာဏ်ပေးကြပါနော်
အိမ်ထောင်ရှိပီးသား သူဌေးတစ်ဦးနဲ့ ပတ်သက်ခဲ့မိပါတယ်…ကိုယ့်သူဌေးလို့ပြောရင် ပိုမှန်ပါလိမ့်မယ်…
ဖြစ်ပုံက ကျမရဲ့နောက်မှာ အဆင်မပြေတဲ့ မိသားစု ရှိပါတယ်…
ကျမက သူဌေးဆို အသေကြောက်တတ်သူပါ..သူတစ်ခွန်းဆို တစ်ခွန်းအတိုင်းပဲ လုပ်ပါတယ်…
သူဌေးဆူလည်း ကိုယ့်မိသားစု အခက်ခဲရှိလို့ အလုပ်လည်း ခဏခဏ မပြောင်းချင်လို့
( အလုပ်သစ်ဆို အစကနေ ပြန်စရတာကို မုန်းလို့ ) သည်းခံပီးဆက်နေပါတယ်…
ကျမကလည်း အလုပ်မရွေးပါဘူး သန့်ရှင်းရေးကနေအစ လုပ်ပါတယ်….
ကျမက အရမ်းရိုးအပီး လူတိုင်းကို ကိုယ့်စိတ်နဲ့ နှိုင်းပီးပဲ အမြဲထင်တတ်သူပါ…….
အဲမှာ အလုပ်လုပ်တာကြာတော့ ရိုးလည်းရိုး အ လည်း အ , တော့ မန်နေဂျာ ရာထူးရပါတယ်…..
ဝန်ထမ်းတွေ ကိုလည်း လစာ ပေးရတာလည်း ပါတာပေါ့…….
တစ်နေ့ အလုပ်တွေ မရှိ ကလေးတွေ လစာ မပေးနိုင်တဲ့ အထိ ဖြစ်လာပါတယ်……
ကျမ ကိုင်တဲ့ ရုံးမှာ ဝင်ငွေရဲ့ အဝင် မရှိသလောက်ဖြစ်ပီး အထွက်တွေတော့ ပုံမှန် ရှိပါတယ်…….
အဲတာ ကလေးတွေ အားလုံး အလုပ်ထွက်ကြပါတယ်..
ကျမ တစ်ယောက်ပဲ လစာ ဆက်မယူတော့ပဲ သူဌေးနားမှာ ကျန်နေခဲ့တာပါ…
အဲအချိန်လည်း သူဌေးက သူ့အမျိုးသမီးနဲ့ အဆင်မပြေချိန် ., စီးပွားရေးလည်း ကျ, သူ့အပေါင်းအသင်းတွေလည်း သူ့ဖုန်းဆို မကိုင် .
ကျမက အဲတာ အကုန်မြင်ရတော့ သနားစိတ်နဲ့ သူဌေးကို မပစ်ထားနဲ့ သူ့ဝန်ထမ်းအဖြစ် ဆက်ရှိနေပေးပါတယ်….
အိမ်က မိဘတွေတော့ အတန်တန်ပြောပါတယ်…သူဌေးကို သွားမသနားနဲ့ ..
သူဌေးက သူဌေးပဲတဲ့ ….ဒါမဲ့ မိဘ စကားကို နားမထောင်ခဲ့ပါဘူး………
ကျမက တစ်ကယ် ဘာအတွေ့ကြုံမှ မရှိပါ..ရည်းစားချစ်သူ တစ်ခါမှလည်း မထားဖူးပါ…..
အဲတာနဲ့ သူ အလုပ်တွေ ပြန်လည်ပတ်အောင် ဟိုသွားဒီသွား ကျမ လိုက်ပေးခဲ့ပါတယ်
အဓိက ကျမရဲ့ သနားတတ်တဲ့စိတ်ကြောင့် ကျမ အခု အဲဒဏ် ခံနေရပါတယ်
သူ ပြောလိုက်တဲ့ စကားကြောင့် ကျမ သူနဲ့ မှားခဲ့ပါတယ်
သူက သူအမျိုးသမီးနဲ့ ကွာရှင်းပီးပီလို့ပြောတယ်…
သူ့ သားသမီးတွေနဲ့ ပြောယူမယ် စသဖြင့်ပေါ့….
ကျမ လည်း အတွေ့ကြုံမရှိတော့ အလိမ်ခံလိုက်ရပါတယ်
ကျမဘဝပေးလိုက်ရပါတယ်
သံယောဇဥ်လည်းရှိ, အတူလည်းနေ, အတွေ့ကြုံလည်း မရှိ သူ့ကို တစ်ကယ်ချစ်မိသွားတာ ကျမ တော်တော်အ ပါတယ်.
တစ်နေ့တော့ သူ့စီးပွားရေး ပြန်လည်ပြေလည်တော့ သူ့အမျိုးသမီးနဲ့ အတူပြန်အဆင်ပြေပီး ,
သူ့အမျိုးသမီးနဲ့ပဲ ပြန်နေတာ များပါတော့တယ်….
ကျမ ရင်ကွဲရပါတယ်…ငိုလည်း အသေငိုရပါတယ်…..
အဲတာ သိနေတာတောင် ကျမ သူ့အနားကနေ မထွက်သွားနိုင်ပါဘူး..
သူ့အမျိုးသမီးဆီပြန်တိုင်း စာပို့တိုင်း စကားပြောတိုင်း ကျမ tay မလောက် နာကျင်ရပါတယ်…
သူက ဒီအချိန်မှာတော့ ကျမကို အချိန်မရွေးထွက်သွား ဆိုတဲ့စကား ခဏခဏ ပြောလာပါတယ်….
ကျမ ဘာလို့မထွက်သွားနိုင်ရတာလည်း .ဝဋ်ကြွေးကြီးလိုက်တာ…….
ကျမကို သူက အလုပ်သမားတစ်ယောက်လိုပဲမြင်ပါတယ်……..
သူစီးပွားရေး အဆင်မပြေတုန်းက လစာ မယူပဲ သူနဲ့အတူ နေခဲ့ပေးခဲ့တာပါ….အခု သူ အဆင်ပြေသွားတေ
ဘာတန်ဖိုးမှ မရှိတော့တဲ့ မိန်းမတစ်ယောက်ပဲ သူမြင်ပါတော့တယ်
အမှန်က အိမ်ထောင်ရှိပီးသား သူနဲ့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါ….
ကျမရဲ့ အယူတစ်ခုက အိမ်ထောင်ရှိသားသူတွေနဲ့ ပတ်သက်ရင် သူများမိသားစု ဖြိုခွဲသလို , အကုသိုလ်ကြီးတယ်ပဲ အမြဲတွေးပါတယ်..
ကိုယ့်ကိုယ်ကို အမှားလုပ်မိတာပေါ့…လုံးဝမကြိုက်ဘူး အခု ဖြစ်နေတဲ့ ပုံစံ..
ဘယ်သူရဲ့ မယားငယ်လည်း မဖြစ်ချင်သလို အပျော်မယားလည်း မဖြစ်ချင်ပါဘူး …
အကုသိုလ် များလိုက်တာ…အဲလို ပြောတိုင်း သူက ကိုယ်တွေးယူနေလို့ပါတဲ့ .
ကျမ မှာ သူခိုင်းတဲ့အလုပ် လုပ်ရပါတယ်…သူစားချင်တဲ့ ထမင်းဟင်းလည်း ချက်ပေးရပါတယ်..
သူ့ရဲဝေယျဝိစ အကုန်လုပ်ပေးရပါမယ်…
ဒါမဲ့ သူ့မိန်းမ အိမ်ပြန်လာရင် ကျမကို ဟိုသွားခိုင်းဒီသွားခိုင်း ခေါင်းစဥ်အမျိုးမျိုးတပ်ပီး ခိုင်းတတ်ပါတယ်..
ကျမလည်း သိပါတယ်. သူ့မိန်းမ အိမ်ပြန်လာမယ်ဆိုတာ….
သူက အိမ်များတော့ ဟိုအိမ်နေ ဒီအိမ်နေပါတယ်.
သူ့မိန်းမအတွက် အိမ်သီးသန့် ဆောက်ထားပေးတဲ့အိမ်မှာ သူ့မိန်းမက နေတာများပါတယ်
ကျမ တစ်ကယ် နာကျဥ်ရပါတယ်
သူက ရေချိုးခန်းက မိန်းကလေး
Ktv က မိန်းကလေးတွေနဲ့လည်း တွဲတတ်ပါတယ်….
အဲတာဆို ကျမ သူ့ကို အမြဲပြောပါတယ်…အဲလို မတွဲနဲ့ပေါ့…နင့်မိန်းမနဲ့ ပြန်နေရင် ပို ဝမ်းသာပါတယ်လို့
ကျမ တစ်ကယ် မချစ်သင့်တဲ့ လူကို ချစ်မိသွားတာ ကျမ တော်တော် ခံစားရပါတယ်..
ထိုင်မရ ထ မရ အဲလောက်ထိ ပူလောင်ပါတယ်..
အခုလည်း ပုတီးစိပ်ပါတယ်.
ခဏပါပဲ .စိတ်က ပြန်ပြန်ထဖြစ်ပါတယ်..
ကျမ ဘာလုပ်ရမလဲ ?
ကျမ အပျိုစင် ဘဝ သူနဲ့ပဲ ပျက်ခဲ့ရပါတယ်..
ရည်းစား ချစ်သူမ ားဖူးတော့ အတွေ့ကြုံက မရှိ ..ကျမမှာ အပေါင်းသင်း သူငယ်ချင်း အရမ်းရှားတော့ ရင်ဖွင့်စရာလည်း မရှိခဲ့ပါ….
သူနဲ့ ဗိုက်ရခဲ့ပါတယ် …သူ phyat ချခိုင်းလို့ phyat ချခဲ့ပါတယ်…အဲတာကို တွေးပီး အခုလို ပြန်ဆက်ဆံတာကို အရမ်းခံစားရပါတယ်
ရင္ဖြင့္ခ်င္လို႔ပါရွင့္
ဘယ္ကေန စေျပာရမွန္းေတာင္ မသိ
ဝိုင္းပီး အႀကံဥာဏ္ေပးၾကပါေနာ္
အိမ္ေထာင္ရွိပီးသား သူေဌးတစ္ဦးနဲ႔ ပတ္သက္ခဲ့မိပါတယ္…ကိုယ့္သူေဌးလို႔ေျပာရင္ ပိုမွန္ပါလိမ့္မယ္…
ျဖစ္ပုံက က်မရဲ႕ေနာက္မွာ အဆင္မေျပတဲ့ မိသားစု ရွိပါတယ္…
က်မက သူေဌးဆို အေသေၾကာက္တတ္သူပါ..သူတစ္ခြန္းဆို တစ္ခြန္းအတိုင္းပဲ လုပ္ပါတယ္…
သူေဌးဆူလည္း ကိုယ့္မိသားစု အခက္ခဲရွိလို႔ အလုပ္လည္း ခဏခဏ မေျပာင္းခ်င္လို႔
( အလုပ္သစ္ဆို အစကေန ျပန္စရတာကို မုန္းလို႔ ) သည္းခံပီးဆက္ေနပါတယ္…
က်မကလည္း အလုပ္မေ႐ြးပါဘူး သန္႔ရွင္းေရးကေနအစ လုပ္ပါတယ္….
က်မက အရမ္း႐ိုးအပီး လူတိုင္းကို ကိုယ့္စိတ္နဲ႔ ႏႈိင္းပီးပဲ အၿမဲထင္တတ္သူပါ…….
အဲမွာ အလုပ္လုပ္တာၾကာေတာ့ ႐ိုးလည္း႐ိုး အ လည္း အ , ေတာ့ မန္ေနဂ်ာ ရာထူးရပါတယ္…..
ဝန္ထမ္းေတြ ကိုလည္း လစာ ေပးရတာလည္း ပါတာေပါ့…….
တစ္ေန႔ အလုပ္ေတြ မရွိ ကေလးေတြ လစာ မေပးႏိုင္တဲ့ အထိ ျဖစ္လာပါတယ္……
က်မ ကိုင္တဲ့ ႐ုံးမွာ ဝင္ေငြရဲ႕ အဝင္ မရွိသေလာက္ျဖစ္ပီး အထြက္ေတြေတာ့ ပုံမွန္ ရွိပါတယ္…….
အဲတာ ကေလးေတြ အားလုံး အလုပ္ထြက္ၾကပါတယ္..
က်မ တစ္ေယာက္ပဲ လစာ ဆက္မယူေတာ့ပဲ သူေဌးနားမွာ က်န္ေနခဲ့တာပါ…
အဲအခ်ိန္လည္း သူေဌးက သူ႔အမ်ိဳးသမီးနဲ႔ အဆင္မေျပခ်ိန္ ., စီးပြားေရးလည္း က်, သူ႔အေပါင္းအသင္းေတြလည္း သူ႔ဖုန္းဆို မကိုင္ .
က်မက အဲတာ အကုန္ျမင္ရေတာ့ သနားစိတ္နဲ႔ သူေဌးကို မပစ္ထားနဲ႔ သူ႔ဝန္ထမ္းအျဖစ္ ဆက္ရွိေနေပးပါတယ္….
အိမ္က မိဘေတြေတာ့ အတန္တန္ေျပာပါတယ္…သူေဌးကို သြားမသနားနဲ႔ ..
သူေဌးက သူေဌးပဲတဲ့ ….ဒါမဲ့ မိဘ စကားကို နားမေထာင္ခဲ့ပါဘူး………
က်မက တစ္ကယ္ ဘာအေတြ႕ႀကဳံမွ မရွိပါ..ရည္းစားခ်စ္သူ တစ္ခါမွလည္း မထားဖူးပါ…..
အဲတာနဲ႔ သူ အလုပ္ေတြ ျပန္လည္ပတ္ေအာင္ ဟိုသြားဒီသြား က်မ လိုက္ေပးခဲ့ပါတယ္
အဓိက က်မရဲ႕ သနားတတ္တဲ့စိတ္ေၾကာင့္ က်မ အခု အဲဒဏ္ ခံေနရပါတယ္
သူ ေျပာလိုက္တဲ့ စကားေၾကာင့္ က်မ သူနဲ႔ မွားခဲ့ပါတယ္
သူက သူအမ်ိဳးသမီးနဲ႔ ကြာရွင္းပီးပီလို႔ေျပာတယ္…
သူ႔ သားသမီးေတြနဲ႔ ေျပာယူမယ္ စသျဖင့္ေပါ့….
က်မ လည္း အေတြ႕ႀကဳံမရွိေတာ့ အလိမ္ခံလိုက္ရပါတယ္
က်မဘဝေပးလိုက္ရပါတယ္
သံေယာဇဥ္လည္းရွိ, အတူလည္းေန, အေတြ႕ႀကဳံလည္း မရွိ သူ႔ကို တစ္ကယ္ခ်စ္မိသြားတာ က်မ ေတာ္ေတာ္အ ပါတယ္.
တစ္ေန႔ေတာ့ သူ႔စီးပြားေရး ျပန္လည္ေျပလည္ေတာ့ သူ႔အမ်ိဳးသမီးနဲ႔ အတူျပန္အဆင္ေျပပီး ,
သူ႔အမ်ိဳးသမီးနဲ႔ပဲ ျပန္ေနတာ မ်ားပါေတာ့တယ္….
က်မ ရင္ကြဲရပါတယ္…ငိုလည္း အေသငိုရပါတယ္…..
အဲတာ သိေနတာေတာင္ က်မ သူ႔အနားကေန မထြက္သြားႏိုင္ပါဘူး..
သူ႔အမ်ိဳးသမီးဆီျပန္တိုင္း စာပို႔တိုင္း စကားေျပာတိုင္း က်မ tay မေလာက္ နာက်င္ရပါတယ္…
သူက ဒီအခ်ိန္မွာေတာ့ က်မကို အခ်ိန္မေ႐ြးထြက္သြား ဆိုတဲ့စကား ခဏခဏ ေျပာလာပါတယ္….
က်မ ဘာလို႔မထြက္သြားႏိုင္ရတာလည္း .ဝဋ္ေႂကြးႀကီးလိုက္တာ…….
က်မကို သူက အလုပ္သမားတစ္ေယာက္လိုပဲျမင္ပါတယ္……..
သူစီးပြားေရး အဆင္မေျပတုန္းက လစာ မယူပဲ သူနဲ႔အတူ ေနခဲ့ေပးခဲ့တာပါ….အခု သူ အဆင္ေျပသြားေတ
ဘာတန္ဖိုးမွ မရွိေတာ့တဲ့ မိန္းမတစ္ေယာက္ပဲ သူျမင္ပါေတာ့တယ္
အမွန္က အိမ္ေထာင္ရွိပီးသား သူနဲ႔ ဘယ္တုန္းကမွ မေတြးခဲ့ဖူးပါ….
က်မရဲ႕ အယူတစ္ခုက အိမ္ေထာင္ရွိသားသူေတြနဲ႔ ပတ္သက္ရင္ သူမ်ားမိသားစု ၿဖိဳခြဲသလို , အကုသိုလ္ႀကီးတယ္ပဲ အၿမဲေတြးပါတယ္..
ကိုယ့္ကိုယ္ကို အမွားလုပ္မိတာေပါ့…လုံးဝမႀကိဳက္ဘူး အခု ျဖစ္ေနတဲ့ ပုံစံ..
ဘယ္သူရဲ႕ မယားငယ္လည္း မျဖစ္ခ်င္သလို အေပ်ာ္မယားလည္း မျဖစ္ခ်င္ပါဘူး …
အကုသိုလ္ မ်ားလိုက္တာ…အဲလို ေျပာတိုင္း သူက ကိုယ္ေတြးယူေနလို႔ပါတဲ့ .
က်မ မွာ သူခိုင္းတဲ့အလုပ္ လုပ္ရပါတယ္…သူစားခ်င္တဲ့ ထမင္းဟင္းလည္း ခ်က္ေပးရပါတယ္..
သူ႔ရဲေဝယ်ဝိစ အကုန္လုပ္ေပးရပါမယ္…
ဒါမဲ့ သူ႔မိန္းမ အိမ္ျပန္လာရင္ က်မကို ဟိုသြားခိုင္းဒီသြားခိုင္း ေခါင္းစဥ္အမ်ိဳးမ်ိဳးတပ္ပီး ခိုင္းတတ္ပါတယ္..
က်မလည္း သိပါတယ္. သူ႔မိန္းမ အိမ္ျပန္လာမယ္ဆိုတာ….
သူက အိမ္မ်ားေတာ့ ဟိုအိမ္ေန ဒီအိမ္ေနပါတယ္.
သူ႔မိန္းမအတြက္ အိမ္သီးသန္႔ ေဆာက္ထားေပးတဲ့အိမ္မွာ သူ႔မိန္းမက ေနတာမ်ားပါတယ္
က်မ တစ္ကယ္ နာက်ဥ္ရပါတယ္
သူက ေရခ်ိဳးခန္းက မိန္းကေလး
Ktv က မိန္းကေလးေတြနဲ႔လည္း တြဲတတ္ပါတယ္….
အဲတာဆို က်မ သူ႔ကို အၿမဲေျပာပါတယ္…အဲလို မတြဲနဲ႔ေပါ့…နင့္မိန္းမနဲ႔ ျပန္ေနရင္ ပို ဝမ္းသာပါတယ္လို႔
က်မ တစ္ကယ္ မခ်စ္သင့္တဲ့ လူကို ခ်စ္မိသြားတာ က်မ ေတာ္ေတာ္ ခံစားရပါတယ္..
ထိုင္မရ ထ မရ အဲေလာက္ထိ ပူေလာင္ပါတယ္..
အခုလည္း ပုတီးစိပ္ပါတယ္.
ခဏပါပဲ .စိတ္က ျပန္ျပန္ထျဖစ္ပါတယ္..
က်မ ဘာလုပ္ရမလဲ ?
က်မ အပ်ိဳစင္ ဘဝ သူနဲ႔ပဲ ပ်က္ခဲ့ရပါတယ္..
ရည္းစား ခ်စ္သူမ ားဖူးေတာ့ အေတြ႕ႀကဳံက မရွိ ..က်မမွာ အေပါင္းသင္း သူငယ္ခ်င္း အရမ္းရွားေတာ့ ရင္ဖြင့္စရာလည္း မရွိခဲ့ပါ….
သူနဲ႔ ဗိုက္ရခဲ့ပါတယ္ …သူ phyat ခ်ခိုင္းလို႔ phyat ခ်ခဲ့ပါတယ္…အဲတာကို ေတြးပီး အခုလို ျပန္ဆက္ဆံတာကို အရမ္းခံစားရပါတယ္