ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၂၇

ရင်ဖွင့်ရမှာကိုလည်းရှက်တယ်သူ့ကိုထိခိုက်မှာလည်းဆိုးတယ်

ကျွန်မနဲ့သူ ချစ်သူသက်တမ်း8နှစ်အိမ်ထောင်သက်တမ်း၁၁ထဲမှာပေါ့

ကျွန်မသူ့ကိုသိပ်ချစ်တယ် ချစ်သူဘ၀ထဲကသူ့မျက်နှာအညိူးမခံခဲ့ဘူး သူလည်းကျွန်မကိုချစ်တယ်

ကျွန်မထက်သူတစ်နှစ်ငယ်တယ်

အခုထိသူ့ကိုမအော်ဖူးခဲ့ဘူးမဆဲခဲ့ဖူးဘူး

နင်တွေငါတွေနဲ့လည်းမပြောခဲ့ဘူးစကားကြမ်းကြမ်းမပြောဘူး

ဆင်းရဲတဲ့ဘ၀လေးကနေတတ်လာကြတာဒုက္ခအမျိူးမျိူးခါးစီးခံပြီးကျွန်မသူ့ကိုအရမ်းချစ်ခဲ့တာ

ကျွန်မကိုယ်ထက်သူ့ကိုပိုပြီးချစ်တယ် ခလေးတစ်ယောက်လိုဂရုစိုက်တယ်

အမတစ်ယောက်လိုစောင့်ရှောက်တယ်

မောင်လေးတစ်ယောက်လိုကြင်နာတယ်

အမေတစ်ယောက်လိုထွေးပွေ့ပေးတယ် ချစ်သူတစ်ယောက်လိုယုယခဲ့တယ်

နားလည်ပေးခဲ့တယ် ကိုယ်ခြင်းစာပေးခဲ့တယ်အစစအရာရာ

သူငယ်ချင်းတစ်ယောက်လိုတိုင်ပင်ခဲ့တယ်

ပွင့်ပွင့်လင်းလင်းပေါ့ ကျွန်မသိပ်ချစ်တာကျွန်မကိုဂရုမစိုက်ရင်နေ

ကျွန်မမသိဘူး ကျွန်မသိတာသူ့ကိုချစ်နေရဖို့ပဲ ဒါကြောင့်ပဲလားမသိဘူး

ကျွန်မအပေါ်တ‌ဖြေးဖြေးနဲ့သူစိတ်ကုန်လာတယ်ထင်တယ်

တခြားကောင်မလေးတွေနဲ့ပတ်သက်တယ်သိတယ်

ခွင့်လွတ်တယ်ကျွန်မသူ့ကိုချစ်တာကို

သူစိတ်ပျော်အောင်နေတယ်လို့ပဲထင်ခဲ့တာ

အချိန်တန်ကျွန်မနားမှာပဲရှိမယ်ထင်ခဲ့တာ

အခုတော့တခြားတစ်ယောက်ကိုသူနှစ်နှစ်ကာကာချစ်မိသွားတယ်ထင်တယ်

အတူတူနေတဲ့အထိတောင်ဖြစ်သွားတယ် အဲ့ဒါကိုသိတဲ့အချိန်ကျွန်မဗိုက်ကြီးကြီးနဲ့

ကျွန်မရူးသွားတယ်ထင်တယ် ဘာမှမသိတော့ဘူး

ကျွန်မချစ်တဲ့သူ တခြားသူဆီရောက်သွားတာ

ကျွန်မဘ၀ကြီး ဘာမှမရှိတော့သလိုဖြစ်သွားတယ်

သူကတခြားနိုင်ငံမှာအလုပ်သွားလုပ်တာလေ

တစ်နှစ်တခေါက်ပြန်လာတယ်

အရင်ကတော့လိုင်းပေါ်မှာတင်ကြိုက်တယ် ဖုန်းပြောတယ်အိမ်ရောက်ရင်ဘယ်မှမသွားဘူး

အပြင်သွားရင်လည်းကျွန်မပါမှသွားတာ

အခုတော့ကျွန်မပါရင်မသွားချင်တော့ဘူး

အဲ့ဒီစိတ်တွေနဲ့ ခလေးပျက်ကျတယ်

ကျွန်မရူးပြီ တွေးတွေးပြီးရူးနေရတာ

သူကတော့၀န်မခံဘူး

သူတို့အတူတူနေတာကိုလည်း သက်သေရှိတယ်

သူကအဲ့ဒါအပျော်တဲ့

ကျွန်မဘာလုပ်ရမှာလည်း

ကျွန်မသူ့ကိုသိပ်ချစ်တာလေ

ကျွန်မဘ၀မှာတစ်ဦးထဲသောယောက်ကျားလေးကသူပဲ

ကျွန်မစဉ်းစားမိတိုင်း ခဏတာရူးသွားတယ်

အဲ့အကြောင်းတွေပဲတွေးမိနေတယ်

ဘာလုပ်ရမှန်းမသိဘူး

ကျွန်မသိပ်ချစ်တဲ့ယောက်ကျား

တခြားသူလက်ထဲအပါမခံနိူင်ဘူး

ကျွန်မအသက်ထက်ချစ်တဲ့ယောက်ကျားမို့

ကျွန်မရူးနေပြီ

အဲ့မိန်းခလေးကလည်းကျွန်မကိုထိပ်တိုက်တွေ့တယ် ကျွန်မတို့ချစ်နေတာတစ်နှစ်ကျော်ပြီတဲ့

အဲ့ကအစချီပြီးသူ့တို့ရဲ့အကြောင်းပြောပြတယ်

ကျွန်မဘယ်လို့စိတ်နဲ့နားထောင်နေရလည်းဆိုတာလေ

ကျွန်မယောက်ကျားကိုချစ်တဲ့စိတ်လေးနဲ့ကျွန်မအဲ့စကားတွေနားထောင်ခဲ့ရတယ်

ကျွန်မရင်တွေနာနေတယ်

ကျွန်မရူးသွားလိုက်ချင်တယ်

လက်လွတ်ဆုံးရူံးရမဲ့တူတူကျွန်မဘယ်သူမှကိုမမှတ်မိတော့လောက်အောင်ရူးသွားချင်နေမိတယ်

ရင္ဖြင့္ရမွာကိုလည္းရွက္တယ္သူ႔ကိုထိခိုက္မွာလည္းဆိုးတယ္

ကြၽန္မနဲ႔သူ ခ်စ္သူသက္တမ္း8ႏွစ္အိမ္ေထာင္သက္တမ္း၁၁ထဲမွာေပါ့

ကြၽန္မသူ႔ကိုသိပ္ခ်စ္တယ္ ခ်စ္သူဘ၀ထဲကသူ႔မ်က္ႏွာအညိဴးမခံခဲ့ဘူး သူလည္းကြၽန္မကိုခ်စ္တယ္

ကြၽန္မထက္သူတစ္ႏွစ္ငယ္တယ္

အခုထိသူ႔ကိုမေအာ္ဖူးခဲ့ဘူးမဆဲခဲ့ဖူးဘူး

နင္ေတြငါေတြနဲ႔လည္းမေျပာခဲ့ဘူးစကားၾကမ္းၾကမ္းမေျပာဘူး

ဆင္းရဲတဲ့ဘ၀ေလးကေနတတ္လာၾကတာဒုကၡအမ်ိဴးမ်ိဴးခါးစီးခံၿပီးကြၽန္မသူ႔ကိုအရမ္းခ်စ္ခဲ့တာ

ကြၽန္မကိုယ္ထက္သူ႔ကိုပိုၿပီးခ်စ္တယ္ ခေလးတစ္ေယာက္လိုဂ႐ုစိုက္တယ္

အမတစ္ေယာက္လိုေစာင့္ေရွာက္တယ္

ေမာင္ေလးတစ္ေယာက္လိုၾကင္နာတယ္

အေမတစ္ေယာက္လိုေထြးေပြ႕ေပးတယ္ ခ်စ္သူတစ္ေယာက္လိုယုယခဲ့တယ္

နားလည္ေပးခဲ့တယ္ ကိုယ္ျခင္းစာေပးခဲ့တယ္အစစအရာရာ

သူငယ္ခ်င္းတစ္ေယာက္လိုတိုင္ပင္ခဲ့တယ္

ပြင့္ပြင့္လင္းလင္းေပါ့ ကြၽန္မသိပ္ခ်စ္တာကြၽန္မကိုဂ႐ုမစိုက္ရင္ေန

ကြၽန္မမသိဘူး ကြၽန္မသိတာသူ႔ကိုခ်စ္ေနရဖို႔ပဲ ဒါေၾကာင့္ပဲလားမသိဘူး

ကြၽန္မအေပၚတ‌ေျဖးေျဖးနဲ႔သူစိတ္ကုန္လာတယ္ထင္တယ္

တျခားေကာင္မေလးေတြနဲ႔ပတ္သက္တယ္သိတယ္

ခြင့္လြတ္တယ္ကြၽန္မသူ႔ကိုခ်စ္တာကို

သူစိတ္ေပ်ာ္ေအာင္ေနတယ္လို႔ပဲထင္ခဲ့တာ

အခ်ိန္တန္ကြၽန္မနားမွာပဲရွိမယ္ထင္ခဲ့တာ

အခုေတာ့တျခားတစ္ေယာက္ကိုသူႏွစ္ႏွစ္ကာကာခ်စ္မိသြားတယ္ထင္တယ္

အတူတူေနတဲ့အထိေတာင္ျဖစ္သြားတယ္ အဲ့ဒါကိုသိတဲ့အခ်ိန္ကြၽန္မဗိုက္ႀကီးႀကီးနဲ႔

ကြၽန္မ႐ူးသြားတယ္ထင္တယ္ ဘာမွမသိေတာ့ဘူး

ကြၽန္မခ်စ္တဲ့သူ တျခားသူဆီေရာက္သြားတာ

ကြၽန္မဘ၀ႀကီး ဘာမွမရွိေတာ့သလိုျဖစ္သြားတယ္

သူကတျခားႏိုင္ငံမွာအလုပ္သြားလုပ္တာေလ

တစ္ႏွစ္တေခါက္ျပန္လာတယ္

အရင္ကေတာ့လိုင္းေပၚမွာတင္ႀကိဳက္တယ္ ဖုန္းေျပာတယ္အိမ္ေရာက္ရင္ဘယ္မွမသြားဘူး

အျပင္သြားရင္လည္းကြၽန္မပါမွသြားတာ

အခုေတာ့ကြၽန္မပါရင္မသြားခ်င္ေတာ့ဘူး

အဲ့ဒီစိတ္ေတြနဲ႔ ခေလးပ်က္က်တယ္

ကြၽန္မ႐ူးၿပီ ေတြးေတြးၿပီး႐ူးေနရတာ

သူကေတာ့၀န္မခံဘူး

သူတို႔အတူတူေနတာကိုလည္း သက္ေသရွိတယ္

သူကအဲ့ဒါအေပ်ာ္တဲ့

ကြၽန္မဘာလုပ္ရမွာလည္း

ကြၽန္မသူ႔ကိုသိပ္ခ်စ္တာေလ

ကြၽန္မဘ၀မွာတစ္ဦးထဲေသာေယာက္က်ားေလးကသူပဲ

ကြၽန္မစဥ္းစားမိတိုင္း ခဏတာ႐ူးသြားတယ္

အဲ့အေၾကာင္းေတြပဲေတြးမိေနတယ္

ဘာလုပ္ရမွန္းမသိဘူး

ကြၽန္မသိပ္ခ်စ္တဲ့ေယာက္က်ား

တျခားသူလက္ထဲအပါမခံႏိူင္ဘူး

ကြၽန္မအသက္ထက္ခ်စ္တဲ့ေယာက္က်ားမို႔

ကြၽန္မ႐ူးေနၿပီ

အဲ့မိန္းခေလးကလည္းကြၽန္မကိုထိပ္တိုက္ေတြ႕တယ္ ကြၽန္မတို႔ခ်စ္ေနတာတစ္ႏွစ္ေက်ာ္ၿပီတဲ့

အဲ့ကအစခ်ီၿပီးသူ႔တို႔ရဲ႕အေၾကာင္းေျပာျပတယ္

ကြၽန္မဘယ္လို႔စိတ္နဲ႔နားေထာင္ေနရလည္းဆိုတာေလ

ကြၽန္မေယာက္က်ားကိုခ်စ္တဲ့စိတ္ေလးနဲ႔ကြၽန္မအဲ့စကားေတြနားေထာင္ခဲ့ရတယ္

ကြၽန္မရင္ေတြနာေနတယ္

ကြၽန္မ႐ူးသြားလိုက္ခ်င္တယ္

လက္လြတ္ဆုံး႐ူံးရမဲ့တူတူကြၽန္မဘယ္သူမွကိုမမွတ္မိေတာ့ေလာက္ေအာင္႐ူးသြားခ်င္ေနမိတယ္