ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၂၈

မဂ်လာပါ အမတို့ရေgpနဲ့မဆိုင်ပေမယ့် ညီမလဲတိုင်ပင်စရာလူမရှိတာမို့

ဒီကမမတို့ကိုပဲအားကိူးပါရစေ

ညီမအိမ်ကိစ္စလေးအကြောင်းမေးချင်လို့ပါ သိတဲ့တတ်ကျွမ်းတဲ့သူရှိရင်လည်းကူညီပါအုံးနော်

ညီမတို့အခုနေနေတဲ့အိမ်က အဖေ့အမအရင်းဆီကနေပြန်ဝယ်ထားတာပါ

ရွှေတကျပ်သားကို၂သိန်းခေတ်တုန်းက သူ့ခြံကိုသိန်း၆၀နဲ့ရောင်းပါတယ်

သူကလဲ ငွေလိုနေတဲ့အချိန် ညီမတို့ကလဲမပြေလည်နေတော့ ၃၅သိန်းအရင်ပေး

ကျန်တာနောက်မှပဲပေါ်နှမ်းပေါ်ပေးဆိုပီးရောင်းခဲ့ပါတယ်

မောင်နှမချင်းဆိူတော့ နားလည်မှုနဲ့ပဲ ခွဲခွဲဆပ်ရင်းပေးခဲ့ပါတယ်

၃၅သိန်းပေးပီး အဲ့အိမ်မှာစနေခဲ့ပါတယ် ညီမသူငယ်တန်းနှစ်ကတည်းကပါ နှစ်တိုင်းပဲပေါ်နှမ်းပေါ်ဆပ်လာတာ

အခု ညီမတို့ အိမ်ဖိုးက ၃သိန်းပဲ ကျန်ပါတော့တယ်၃သိန်းကိုပေးပြီးရင် စာချုပ်ချုပ်ဖို့ကအခက်တွေ့နေပါတယ်

မောင်နှမချင်းစကားများတိုင်း လည်း နင်တို့သိန်း၆၀ပြန်ပေးမယ် ငါ့ခြံပြန်ပေးဆိုတဲ့စကားအမြဲပြောပါတယ်

အဲ့လ်ိုစကားတွေပြောလို့ညီမက စ်ိတ်ပူတာပါ

ညီမတို့လည်းရှိစုမဲ့စုနဲ့ သွင်းထားတဲ့အိမ်ဖိူးက ၃သိန်းပေးပြီးရင်ကျေပါပီ

သူကတစိတ်ရှိ သိန်း၆၀ပြန်ပေးမယ် သူ့ခြံပြန်ပေးပဲခဏခဏပြောပါတယ်

ညီမတို့ကသိန်း၆၀သွင်းတာလည်း မောင်နှမချင်းဆိုတော့ဘာစာချုပ်စာတန်းမှမရှိသေးပါဘူး

အဲတာကြောင့် ညီမက ကျန်တဲ့၃သိန်းပေးပီရင် လူကြီးစုံညီနဲ့ စာချုပ်လေးတော့ချုပ်ထားရင်ကောင်းမယ်လို့အဖေ့ကိုပြောပါတယ်

မဟုတ်ရင်ညီမတို့လမ်းဘေးရောက်မယ့်ကိန်းဖြစ်နေပါတယ်

နှစ်တိုင်းငွေခွဲသွင်းတာကလည်း စာချုပ်စာတမ်းဘာသက်သေမရှိပါဘူး

၃သိန်းကျန်တာပေးပီးရင်စာချုပ်ချုပ်ချင်ပါတယ်ပြောတော့လဲ

ဝေ့လည်ကြောင်ပတ်တွေလုက်ပါတယ်သူ့အရင်ပ်ုင်ရှင်ဆီကသူဝယ်ထားတဲ့စာချုပ်က်ိုပဲပေးနေပါတယ်

သူ့ဝယ်ထားတဲ့စာချုပ်က နင်တို့ဆီရှိနေတာပဲ သူကညီမအဖေနဲ့ ထပ်ချုပ်ဖို့လိုသေးလို့လားတဲ့

ညီမတို့ပြောချင်တာက သူဝယ်တဲ့စာချုပ်ပေးတာက ပေးတာပဲလေ

ဒါကသူဝယ်တဲ့ဟာပဲလေ ညီမတို့ပိုင်ဆိုင်ကြောင်းသက်သေမှမဟုတ်တာ

ဒီခြံကိုညီမတို့ဝယ်ထားတဲ့သက်သေခံအနေနဲ့ပဲ သူ့ကိုစာချုပ်ချုပ်ခိုင်းတာပါ

အဲ့တာသူကမချုပ်ဘူးလ်ု့မပြောပဲ သူ့အိမ်နဲ့ခြံဝယ်တဲ့စာချုပ်ပေးထားပီးသားပဲဆိုတာပဲပြောနေပါတယ်

သူသာသေသွားရင်ညီမတို့ကဒီခြံကိုဝယ်ထားပါတယ်ဆိုတာဘယ်ကနေသက်သေယူရမှာပါလဲရှင်

သူ့စာချုပ်ချုပ်ပေးချင်အောင် ကျန်နေတဲ့၃သိန်းကို၅သိန်းပေးပီး ကန်တော့တယ်ပဲသဘောထားပါဆိုပီး တေ့ာချုပ်ခိုင်းရင်ရောကောင်းပါ့မလားမတို့ရေ

​ရပ်ကွက်လူကြီးမျက်နှာစုံညီနဲ့ပဲချုပ်စင့်လား ရှေ့နေနဲ့ချုပ်သင့်လား

ဘလိုလုပ်သင့်လဲအကြံဉာဏ်ပေးပါအူံးရှင်


ဒီကမမတို့ကိုပဲအားကိုးပါရစေ






မောင်နှမချင်းဆိုတော့ နားလည်မှုနဲ့ပဲ ခွဲခွဲဆပ်ရင်းပေးခဲ့ပါတယ်




အဲ့လိုစကားတွေပြောလို့ညီမက စိတ်ပူတာပါ

ညီမတို့လည်းရှိစုမဲ့စုနဲ့ သွင်းထားတဲ့အိမ်ဖိုးက ၃သိန်းပေးပြီးရင်ကျေပါပီ







ဝေ့လည်ကြောင်ပတ်တွေလုက်ပါတယ်သူ့အရင်ပ်ုင်ရှင်ဆီကသူဝယ်ထားတဲ့စာချုပ်ကိုပဲပေးနေပါတယ်







သူ့စာချုပ်ချုပ်ပေးချင်အောင် ကျန်နေတဲ့၃သိန်းကို၅သိန်းပေးပီး ကန်တော့တယ်ပဲသဘောထားပါဆိုပီး တော့ချုပ်ခိုင်းရင်ရောကောင်းပါ့မလားမတို့ရေ

