အရမ်းရွေးချယ်ရခက်နေလို့စိတ်တွေလည်းညစ်နေလို့ရင်ဖွင့်ပါရစေအကြံပေးကူကြပါဦး😔
ညီမက 27ပါ အချစ်ဦးနဲ့ 22မှာတွဲဖစ်ခဲ့ပါတယ် ညီမကတစ်ခါမှမချစ်ဘူးတော့အရမ်းချစ်ခဲ့ပါတယ်…
သူလည်းချစ်ပေးပါတယ် ညီမဆိုးသမျှသည်းခံတယ်အလိုလိုက်တယ်…
အပေါင်းသင်းတွေကပြောကြတယ်အနိုင်မယူနဲ့တစ်နေ့မှာထားသွားလိမ့်မယ်တဲ့…
တွဲတာ2နှစ်ကျော်တော့အကြောင်းပြချက်မရှိပဲထားသွားပါတယ်…
ညီမအကြိမ်ကြိမ်တောင်းပန်ခဲ့ပါတယ် သူနဲ့တွဲနေတုန်းသူစိမ်းယောကျာ်းလေးတစ်ယောက်နဲ့မှစကားပြောခြင်းတောင်မရှိခဲ့ပါဘူး
သူ့ကိုပဲချစ်ပီးသူ့ကိုပဲယူဖိူ့ဆုံးဖြတ်ထားတာပါ…သူထားသွားတော့အရမ်းဝမ်းနည်းခဲ့ရပါတယ်
LDRSမို့ထိပ်တိုက်ဖြေရှင်းလို့မရခဲ့ဘူး အဲ့ချိန်က covidစဖစ်တဲ့အချိန်ဆိုတော့သူ့ဆီသွားတွေ့လို့မရခဲ့ဘူး
၁နှစ်နီးပါးခံစားခဲ့ရတယ်…နောက်တော့သူ့မှာအသစ်ရှိနေပီမှန်းသိလိုက်တယ်…
မေ့ပစ်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်
ဒီလိုနဲ့ ဒုတိယတစ်ယောက်ပေါ်လာတယ်
အရမ်းတွေဂရုစိုက်ပြတာပေါ့…ငါကအချစ်ဦးကိုမမေ့နိုင်သေးဘူးပြောတော့ ရတယ်သူနဲ့တွဲကြည့်ပါတဲ့ ပျော်အောင်ထားမယ်တဲ့လေ…
အချစ်ဦးကိုမေ့မယ်အထင်နဲ့သူ့စကားကိုလည်းယုံပီးတွဲမိပြန်တယ်…
သူနဲ့တွဲပီး၁လမကြာဘူးနိုင်ငံရေးဖစ်တော့ LDRSဘဝဖစ်ပြန်ရော…အဲ့ခါမှာအချစ်ဦးကပြန်လာတယ်…
သူမှားသွားတယ်သူ့ဆီပြန်လာပါပေါ့ ငါကအသစ်ရနေပီလို့ပြောလိုက်တယ်…
တကယ်တော့သူ့ကိုမမေ့နိုင်သေးဘူး ဒုတိယကောင်လေးကိုရွေးချယ်ဖို့ပဲဆုံးဖြတ်လိုက်တယ်…
သူက၃နှစ်ကျော်ငယ်တယ် အစပိုင်းကတော့အရမ်းကောင်းပါတယ် ဂရုစိုက်တယ်အချိန်ပေးတယ်နှစ်သိမ့်ပေးတယ်….
ကြာတော့အချိုးတွေပြောင်းလာတယ်…အငယ်ဆိုတော့အရမ်းအနိုင်ယူလာတယ်…
ပီးတော့ကိုယ့်အပေါ်မှာအရမ်းအားကိုးတယ် ဒါပေမဲ့ ကိုယ်ကကောင်းစေချင်လို့ပြောသမျှလက်မခံဘူး…
ကိုယ်ကတွဲရင်မြဲချင်တဲ့သူမျိုးဆိုတော့အရမ်းသည်းခံခဲ့တယ်
သူကအရင်ကအရမ်းပွေတယ် သူ့CBမှာ exတွေက ခနခနစကားလာပြောကြတယ်…
ဒါပေမဲ့ကိုယ့်ကိုချစ်တယ်ထင်လို့အကြိမ်ကြိမ်ခွင့်လွှတ်ခဲ့တယ်…
ကိုယ့်ကိုအော်တယ် ဆဲတတာ် ဆူတယ် မလေးစားဘူး ရန်ဖစ်လည်းခနပဲကိုယ့်မှာသူ့စကားသံပျော့ပျော့လေးကြားတာနဲ့အလျော့ပေးရတာပဲ…
ကိုယ်ကအလျော့ပေးလေအနိုင်ယူလေပဲ ညီမအိမ်ကလည်းသူနဲ့လုံးဝသဘောမတူဘူး
သူငယ်ချင်းတွေကအစသဘောမကျဘူး
ညီမသူ့ဘက်မှာရပ်တည်တယ် သူ့ကိုပဲရွေးချယ်တယ်….
2နှစ်ပြည့်တော့မယ်သူနဲ့တွဲတာ…ကြာတော့လေ သည်းခံရတာများတော့စိတ်ကုန်လာတယ် စိတ်ပျက်လာတယ်
သူ့ကိုလည်းပြုပြင်ဖို့အချိန်တွေပေးတယ်မပြောင်းလဲလာဘူး…
typeတွေ စရိုက်တွေလည်းမတူတော့သူနဲ့လမ်းခွဲချင်လာတယ် ဒါပေမဲ့မလုပ်ရက်ဘူး..
အချစ်ဦးနဲ့ မတော်တဆ ဆုံဖစ်တယ် သူကကိုယ့်ကိုချစ်နေတုန်းပဲပေါ့…
အခုတွဲနေတဲ့ကောငိလေးမကောင်းဘူးဆိုတာလည်းသူသိတယ် သူနဲ့ပြန်တွဲရအောင်ပေါ့…
ညီမတွေဝေသွားတယ်…အချစ်ဦးဆိုတာမြေးဦးရတဲ့ထိမမေ့ဘူးမို့လား…အသက်ကလည်းမငယ်တော့ဘူး
တစ်ခုခုကိုရွေးချယ်သင့်ပီဆိုပေမဲ့ အချစ်ဦးကိုလည်းမမေ့နိုင်သေးဘူး အခုတွဲနေတဲ့ကောင်လေးကိုလည်းမပြတ်နိုင်သေးဘူး
တကယ်တော့နှစ်ယောက်လုံးမကောင်းဘူးဆိုတာသိနေတယ်
အသစ်ထပ်ထားမလားဆိုလည်းမထားချင်တော့ဘူး…
ဒီကြားထဲညီမကို လာကြိုက်သူတွေရှိတယ် အကုန်ငြင်းခဲ့တယ်…သစ္စာဖောက်ရတာတွေမကြိုက်လို့
အခုသစ္စာဖောက်သလိူဖစ်နေပီထင်တယ်…
ဘယ်သူ့ကိုရွေးရမလဲမသိတော့ဘူး…နှစ်ယောက်လုံးကိုသံယောဇဥ်ရှိနေတယ်😔
အချစ်ဦးကတော့တွဲနေတဲ့အချိန်မှာလိုလေသေးမရှိကောင်းပေးခဲ့တယ်…
သူလမ်းခွဲပီးနောက်တစ်ယောက်ရှာတာတောင် သူ့ကိုအပြစ်မမြင်ပဲငါအရမ်းဆိုးလို့အဲ့လိုဖစ်တာဆိုပီးခွင့်လွှတ်နိုင်ခဲ့ပါတယ်….
လက်ရှိကောင်လေးကလည်းသူအလုပ်ကြိုးစားဖို့အချိန်၃နှစ်တောင်းပါတယ်၃နှစ်မှာအဆင်မပြေရငိလမ်းခွဲမယ်ပေါ့…
လောလောဆယ်သူလုပ်တဲ့အလုပ်ကိုတကယ်သဘောမကျပါဘူးတခြားအလုပ်ပြောငိးဖို့ပြောပေမဲ့လက်မခံဘူးအဆင်ပြေလားဆိုလည်းမပြေဘူး ညီမတောင်မုန့်ဖိုးပြန်ပေးပေးနေရတယ်…
တကယ့်ကိုဆုံးဖြတ်ရခက်ပါတယ်ရွေးချယ်လိုက်ပီးမှနောင်တမရချင်လို့ပါညီမအနေနဲ့ဘာဆက်လုပ်ရင်ကောင်းမလဲရှင့်
လက်ရှိကောင်လေးနဲ့တွဲနေတာကိုအချစ်ဦးသိပေမဲ့…
အချစ်ဦးကပြန်လာချင်နေတာကိုတော့ကောင်လေးမသိပါဘူးရှင့်
သူ့ကိုပဲချစ်ပီးသူ့ကိုပဲယူဖို့ဆုံးဖြတ်ထားတာပါ…သူထားသွားတော့အရမ်းဝမ်းနည်းခဲ့ရပါတယ်
အခုသစ္စာဖောက်သလိုဖစ်နေပီထင်တယ်…