ကိုယ့်ရဲ့မစူးစမ်းမလေ့လာမူကြောင့် ရခဲ့တဲ့ရလဒ်နဲ့ မိန်းကလေးတွေကျွန်မလိုမဖစ်အောင်သတိပေးစေချင်ဖစ်ပါတယ်
လွန်ခဲ့သော်2019တုန်းက ကျွန်မထက်အသက်၉နှစ်နီးပါးကြီးသော်အကိုကြီးတစ်ယောက်နဲ့ချစ်စကြိုက်ခဲ့ပါတယ်
အဲ့တုန်းကရီးစားမထားသလိုသူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးနိုင်ငြံခားထွက်ဖို့သင်တန်းတက်နေခဲ့တာ
သူနဲ့စဆုံတုန်း အရမ်းလည်းချစ်ခဲ့သလိုအရမ်းလည်းသဝန်တိုတယ်
ကျွန်မလိုအချစ်ခံချင်တဲ့မိန်းမတစ်ယောက်အတွက်အရမ်းပျော်ခဲ့ရတဲဘအချိနိပေါ့
အဲ့တုန်းသူအလုပ်အတည်တစ်ကျမရှိဘူး
အလုပ်လုပ်ဖို့အရင်းအနှီးမရှိဘူးဆိုပီးပြောလာတော့ ကျွန်မမိဘတွေကိုဖွင့်ပြောပီးအရင်အနှီးထုတ်ပေးဖို့နဲ့
အိမ်ကိုသူကိုအလည်ခေါ်ပီးမိတ်ဆက်ပေးခဲ့တယ်
ကျွန်မမိဘတွေကလယ်သမားရိုသားပီး ကျွန်မဘာလုပ်လုပ်အမြဲအလိုလိုက်ခဲ့တယ်
အရင်းနှီးတစ်ခါထုတ် 20သိန်း30သိန်းနဲ့ 150နီးပါးရှိလာခဲ့တယ်
ကျွန်မကိုမခွဲနိုင်လို့ဆိုပီးသင်တန်းတွေမတက်ခိုင်တော့ဘဲ အေးဆေးသူအနားမှာဘဲနေခိုင်ခဲ့တယ်
သူဘာတွေလုပ်သူ့အကြောင်းဘာမှမသိဘဲ သူကိုချစ်တဲ့စိတ်နဲ့အရာရာကိုယုံကြည့်ခဲ့တယ်
2020.2လပိုင်းလောက်ကမြန်မာနိုင်ငံကိုဗစ်တွေဝင်တော့ ကျွန်မရွာကိုပြန်လာခဲ့တယ်
သူကသူ့အမနဲ့နေတာကိုဘဲကျွန်မသိခဲ့တာ ကိုဗစ်တွေပါးတဲ့အချိန်ကျွန်မမြို့ကိုပြန်တက်တော့ အမှတ်မထင်ဘဲfbကြည့်ရင်းသူအကြောင်းသိချင်တာနဲ့လိုက်ရှာကြည့်တာ
သူ့မိသားစုပုံနဲ့သူ့fbအကောင့်အမှန်ကိုတွေ့ခဲ့တယ်
ကျွန်မကမ္ဘာပျက်သလိုခံစားခဲ့ရတာ အိမ်ထောင်ရှိပီးသမီးရှိတဲ့ဖခင်တစ်ယောက်အဲ့လိုလုပ်ရက်တယ်ဆိုပီးသူကိုပြောတော့
သူမိန်းမနဲ့ကမကွဲရတာတစ်ခုဘဲတဲ့အဆင်မပြေလို့ကလေးမျက်နှာနဲ့တစ်ခါတစ်လေကလေးသွားတွေ့ယုံဘဲ
အတူတူမနေကျဘူးတဲ့
သူစီးပွားရေးအဆင်ပြေရင်ကျွန်မမိဘရှေ့မှာလာရောက်တောင်းရမ်းပီးယူပါမယ်ဆိုပီး
ကျွန်မကြိတစ်ကယ်ချစ်တာမခွဲနိုင်ဘူး သူသမီးကိုလည်းဖခင်တာဝန်ကျေချင်တယ်ဆိုပီး ပြောလာတော့
ငတုံးမဦးနှောက်မရှိတဲ့ကျွန်မက သူလည်းမခွဲနိုင် မိဘတွေဆွေမျိုးတွေကြားအရှက်ကွဲမှာလည်းကြောက်
ပိုက်ဆံလည်းပြန်မရဖစ်မှာစိုးတာနဲ့ သူကိုပြန်လက်ခဲ့တယ်
နိုင်ငံရေးဖစ်တော့သူတို့အလုပ်ကဆက်မလုပ်ရတော့ဘူးရပ်လိုက်ရတယ်တဲ့
အားလုံမဆုံရှုံးပေမဲ့ ဆက်လုပ်မရပိုက်ဆံပြန်ထုပ်မရနဲ့ဖစ်နေလို့တစ်ခြားအလုပ်လုပ်ဖို့အရင်းအနီးလိုတယ်ပြောလာပြန်ရော်
ကိုကြိုးစားနေတာချစ်နဲ့အတူတူနေရဖို့ဘဲ ဒီအလုပ်အောင်မြင်ရင် ချစ်တို့ရွာမှာဘဲ ကိုတို့သွားနေကျရအောင်တဲ့
ကျွန်မဆီလည်းမရှိတော့ အသိအမတွေဆီလိုချေးပေးတာ 35သိန်းလောက်ရသွားတယ်
နောက်ကျွန်မရွာမှာဘဲသူ့ကိုပြန်စောင့်နေခဲ့တာပေါ့
မိဘတွေကနင့်အကောင်နင့်ကိုရော်ငွေကိုရော်လိမ်သွားပီးလာ
1နှစ်ကြာနေပီးသူများဆီအတိုးနဲ့ယူထားတာ အလုပ်လည်းမရှိဘာနဲ့ပေးရမှာလည်း ကျွန်မနေရော်ဘပါငိုလိုက်ရတာ ကျွန်မခါးသီးစွားသူများပြောသမျှခံခဲ့တာ နောက်ဆုံးမေမေလယ်ရောင်းပီး အကြွေး150ကိုဆပ်လိုက်တယ်
ဘာမှမပြောတော့ဘူး မေမေလည်းကျွန်မကိုစိတ်ကုန်နေပီးလေ
အသိအမတွေယူထားတဲ့ 35သိန်းနောက်သူထပ်တောင်းတာနဲ့50လောက်ရှိသွားတယ်
ကျွန်မမိဘတွေမသိခဲ့ဘူး အတိုးတွေကိုကျွန်မရရာအလုပ်လုပ်ပီးဆပ်ခဲ့တာ ဟန်မပျက်ဘူးပေါ့
ကိုဗစ်တတိယလိုင်းမှာသူ့မိန်းမအောက်ဆီဂျင်ကျလို့ ပိုက်ဆံမရှိလို့ကျွန်မဆီငိုရိုပီးပြောလာတယ်
ကိုမင်းအပေါ်မတရားဘူးဆိုတာသိပါတယ်တဲ့
ကို့သမီးကိုမိခင်မရှိတဲ့ဘဝနဲ့မဖျတ်သန်းစေချင်ဘူး
သူမိန်းမအခုလိုဖစ်နေတာမကြည့်ရက်ဘူး ဆေးကုပေးချင်တယ်အလုပ်လည်းအဆင်မပြေပိုက်ဆံလည်းမရှိ ချစ်ရှိရင်ကူညီပေးပါလာတဲ့
အသက်တစ်ချောင်းကယ်ကောင်းပါတယ်တဲ့ အဲ့အချိန်ကိုဗစ်ကာလဘယ်သူအပြင်မထွက်ရဲ့ဘူး
ကျွန်မပိုက်ဆံလိုက်ချေး မြို့တက်ပီးလွဲပေးခဲ့တယ် သူ့မိန်းမဘာမှမလုပ်နိုင်လို့သူ့သမီးကူထိမ်းပေးဖို့ အိမ်မှာပြန်နေတော့မယ်တဲ့
နေကောင်းမှပြန်ခွဲနေမယ်ကြာကြာမနေဘူးဆိုပီးပြောလာတယ်
ကျွန်မလည်းသူ့သမီးဆိုတော့ပြန်နေပေါ့လို့
နောက်တော့သူအမတွေနဲ့မိတ်ဆပ်ပေးတယ်
သူအမကကျွန်မဖစ်နေတဲ့အရာတွေမသိဘူး အမသိရင်အဲ့လောက်ထိဖစ်မှာမဟုတ်ဘူး
သမီးအကြွေးတွေအဆင်ပြေအောင်အမလုပ်ပေးမာ်ဆိုပီး ကျွန်မကိုပိုက်ဆံထပ်ရှာခိုင်းတယ်
အတိုးပေးတယ်10ကျပ်တိုး 3လလောက်ဘဲပုံမှန်ရတာ နောက်တော့သူ့မောင်ယူတာသိန်း၄၀တဲ့အဲ့အတိုးတွေမပေးနိုင်တော့ဘူး
ခနထားပေးပါအရင်းကိုတောင်းပေးမယ်တဲ့ ကျွန်မအဲ့ဒါတွေအတိုးနဲ့ယူထားတာဘယ်လိုလုပ်ရမလည်း
အဲ့ဒါနဲ့ကျွန်မနဲ့သူအမအဆင်မပြေတော့ဘူး သူအမကသူပေးစရာရှိတဲ့သိန်း၄၀ဘဲအတိုးပေးတော့တယ်
သူကသူအကြွေးတွေမပူနဲ့သူအဆင်ပြေအောင်လုပ်ပေးမယ်ဆိုပီးပြောတော့ကျွန်မလည်းညိမ်နေလိုက်တယ်
တစ်လ2သိန်းပို့ပေးတယ် သူအဆင်ပြေရင်ဒီထပ်ပိုပေးမယ်တဲ့
ပီးခဲ့တဲ့လက၅သိန်းလွဲပေးတယ် သည်းခံပေးပါတဲ့
ကျွနမကိုလည်းတစ်နေ့တစ်ခါဘဲဖုန်းဆက်တယ် ကျွန်မလည်းအကြွေးကိစ္စတွေနဲ့လုံးနေတာ သူ့ကိုလည်းသံတရမဝင်ဘူး
10လ14ရက်နေ့သူမွေးန့ကျွန်မမြို့တက်လာမယ်ပြောတော့ သူတို့အလုပ်ကိစ္စနဲ့ခရီးသွားစရာရှိတယ်တဲ့
နောက်မှလာဆိုပီးပြောတယ် ကျွန်မလည်းစောင့်နေတာ
ကျွန်မဝဋ်ကြွေးကုန်တဲ့အချိန်ရောက်လာလို့လားမသိဘူး
29ရက်နေ့မှာအိမ်မက်မကောင်းလို့ fbကဟိုရှာဒီရှာလုပ်တာ သူ့အမျိုးသမီးအကောင့်တွေသွားတယ်
သူတို့မိသားစုချောင်းသွားထားတာ ပုံတွေတက်လာတယ်
ကျွန်မငိုချင်ပေမဲ့မျက်ရည်မထွက်လာတော့ဘူး သူကိုဖုန်းဆက်မေးတော့ ငါ့မိသားစုနဲ့ငါဘယ်သွားသွားနင်နဲ့ဘာဆိုင်လည်းတဲ့
ငါ့မှာမိန်းမခလေးရှိတာနင်သိနေတာဘဲ ဘာထူးဆန်းနေလို့လည်းတဲ့
ကျွန်မလည်း ငါ့ကိုအကြွေးနဲ့ချန်ခဲ့ပီးနင်တို့မိသားစုပျော်နေတာ နင်လိပ်ပြာလုပါစေ
နင်သမီးငါ့လိုဘဝမျိုးမရောက်ပါစေနဲ့လို့ပြောတာ ကျွန်မကိုစိတ်ဓါတ်အောက်တန်းကျတဲ့မိန်းမ
နင်လိုမိန်းမငါမပက်သက်ချင်ဘူးရွံတယ် နင်ထက်သာတဲ့မိန်းမခေါ်ပီး ငါ့သမီးကိုထိမ်ခိုင်းလို့ရတယ်
ငါ့သမီးကိုထိရင်ငါ့အမေတောင်ငါခွင့်မလွတ်ဘူးနော်တဲ့
သူ့မိန်းမမှာအရင်ယောကျာ်းနဲ့ရထားတဲ့သားယောကျာ်းတစ်ယောက်ရှိတယ် သူ့အတွက်အားလုံပြည့်စုံနေပီးလေ
ကျွန်မကိုငါအဆင်ပြေရင်နင်အကြွေးအားလူံးဆပ်မယ် မကျေနပ်ရင်ကြိုက်တဲ့နေရာသွားတိုင်
ငါကလူ thet ဖို့ဝန်မလေးဘူးနော်တဲ့ တစ်ယောက်ထဲ thet မှာမဟုတ်ဘူး
ငါ့ကိုအရှက်ရအောင်လုပ်ရင်တဲ့ fbပေါ်တင်ချင်လားသူ့မိန်းမကိုပြောချင်လားကြိုက်တာလုပ်ဂရုမစိုက်ဘူးတဲ့
ကျွန်မဘဝမှာလေ အဲ့လောက်အောက်တန်းကျတဲ့ယောကျာ်းတစ်ခါမှမမြင်ဖူးဘူး
ဘယ်သူ့ကိုမအပြစ်မတင်တော့ဘူး သူများပြောတိုင်းယုံပီး မစူးစမ်းမလေ့လာတဲ့ကိုယ်ကိုအပြစ်ပုံချရင်
ရင်ထဲကမျက်ရည်ဒေါသထွက်မျိုသိပ့်ရင်း နေနေတာ ကျွန်မလိုမိန်ကလေးတွေမခံရ
အဲ့အကိုအမျိုးသမီးသိစေရန် အမမိသားစု3နှစ်ေကျာ်လံုးစားသောက်လာတာ
ကျွန်မတို့မိသားစုရဲ မျက်ရည်တွေချွေးနည်းစားတွေပါအမ
အမကိုကျွန်မလိုမခံစားစေချင်လို့ အမအကောင့်သိသိကြီးနဲ့လာမပြောတော့ဘူး အပြစ်အားလုံးကျွန်မတစ်ယောက်ထဲဘဲခံတော့မယ်
အရင်းနှီးတစ်ခါထုတ် 20သိန်3း0သိန်းနဲ့ 150နီးပါးရှိလာခဲ့တယ်
အတူတူမနေကျဘူးတဲ့
သမီးအကြွေးတွေအဆင်ပြေအောင်အမလုပ်ပေးမ်ာဆိုပီး ကျွန်မကိုပိုက်ဆံထပ်ရှာခိုင်းတယ်
အဲ့အကိုအမျိုးသမီးသိစေရန် အမမိသားစု3နှစ်ကျော်လုံးစားသောက်လာတာ