ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၃၅

ရင်ဖွင့်ချင်လို့ပါရှင် ညီမအကြံဥာဏ်လေးလဲလိုနေလို့ပါ

ညီမအမျိုးသားနဲ့အတူနေတာ၂နှစ်ပြည့်ပါတော့မယ်

ဒါပေမဲ့မင်္ဂလာမဆောင်ရသေးပါဘူး

၂ယောက်အလုပ်လုပ်ပီးအတူနေပီးပိုက်ဆံစုနေကြပါတယ်

သူ့မှာလဲမင်္ဂလာဆောင်ဖို့စိတ်ကူးအမြဲရှိခဲ့ပါတယ်

ဒါပေမဲ့သူ့မိသားစုကအမြဲသောကပေးနေလို့ပါ

စုသမျှပိုက်ဆံတွေလဲ အကိုဖြစ်သူကအကူညီတောင်းလိုက် အမဖြစ်သူရဲ့အကြွေးဆပ်ပေးရလိုက်နဲ့ စုထားသမျှကုန်ခဲ့ပါတယ်

ညီမဆက်ပီးသီးခံခဲ့ပါတယ် သူ့ကိုလဲသတိပေးခဲ့ပါတယ်

တောင်းသလောက်အကုန်မပေးပါနဲ့ မိခင်ဖြစ်သူကိုပေးရတယ်ဆိုရင်ညီမမပြောပါဘူး

သူတို့အိမ်ထောင်နဲ့သူတို့ ဖြစ်နေတဲ့အကိုတေအမတွေကိုပေးရလွန်းလို့ပြောရတာပါ

အော် သူလဲသူ့မောင်နှမတွေပေးချင်မှာပေါ့

ငါ့မှာကမောင်နှမမှမရှိတာပဲ ဆိုပီး ဆက်မပြောတော့ပါဘူး

ပြန်စုလို့ရတာပဲဆိုပီးထပ်ပီးသီးခံခဲ့ပါတယ် ခုအရင်ရက်က သူ့အကိုဖြစ်သူ ဖုန်းဆက်လာပါတယ်

သူ့မိန်းမဆေးရုံတတ်မွေးရတော့မှာမလို့ငွေထပ်တောင်းပါတယ်

ညီမအမျိုးသားလဲ စိတ်ညစ်သွားပါတယ် သူစိတ်ညစ်တော့ညီမလဲမပျော်ပါဘူး

ခလေးမွေးရမယ်ဆိုတော့ ညီမလဲကိုယ်ချင်းစာတဲ့စိတ်နဲ့ ကူညီမယ်ပေါ့

ဒါပေမဲ့အရင်လိုလွယ်၂ပေးရင် ပြန်မရတော့မှန်းသိလို့ သူများဆီကချေးပေးမယ်လို့ပြောထားလိုက်ပါတယ်

ဆေးရုံတတ်ဖို့ရက်ကလိုပါသေးတယ်ရှင် အခုထဲကပေးလိုက်ရင်သူတို့လက်ထဲကုန်သွားမှာစိုးလို့ ရက်နီးမှပေးဖို့ပြောထားတာပါ

မနေ့ကညနေအလုပ်ကပြန်တော့ အမျိုးသားကပြောပါတယ် ပိုက်ဆံလွှဲပေးလိုက်ပီတဲ့

သူတို့အခုလက်ထဲလိုနေတယ်ဆိုလို့လို့ပြောပါတယ်

ညီမစိတ်တိုတာ သူညီမကိုမတိုင်ပင်ပဲပေးလိုက်လို့ပါ

ကိုယ့်အတွက်တောင်မစုရသေးပဲသူတို့ကိုပဲအမြဲပေးပေးနေရတာ

ညီမအမျိုးသားကိုအရမ်းချစ်လို့ ဘာမှမပြောပဲနေလာခဲ့တာပါ

ခုသူ့ကိုလဲအရမ်းစိတ်တိုပါတယ် ညီမအတွက်မတွေးပေးလို့ပါ

သူကသူ့မိသားစုကိုညီမထက်ပိုပီးတွေးပေးနေတော့ ကြာရင် ဒီထက်ဆက်ပီးသီးမခံနိုင်မှာစိုးပါတယ်

ညီမဘလိုဆက်လုပ်သင့်ပါလဲရှင် သူနဲ့လမ်းခွဲသင့်လားရှင့်

သူ့မိသားစုနဲ့လဲမဆက်သွယ်ချင်တော့ပါဘူး

သူကလဲညီမသိအောင်ရော မသိအောင်ရောသူ့အကိုအမတေကိုပေးနေတာ ညီမသိပါတယ်

အကြံဉာဏ်လေးတွေပေးပါအုံးအမတို့ရယ်😔😔

ရင္ဖြင့္ခ်င္လို႔ပါရွင္ ညီမအႀကံဥာဏ္ေလးလဲလိုေနလို႔ပါ

ညီမအမ်ိဳးသားနဲ႔အတူေနတာ၂ႏွစ္ျပည့္ပါေတာ့မယ္

ဒါေပမဲ့မဂၤလာမေဆာင္ရေသးပါဘူး

၂ေယာက္အလုပ္လုပ္ပီးအတူေနပီးပိုက္ဆံစုေနၾကပါတယ္

သူ႔မွာလဲမဂၤလာေဆာင္ဖို႔စိတ္ကူးအၿမဲရွိခဲ့ပါတယ္

ဒါေပမဲ့သူ႔မိသားစုကအၿမဲေသာကေပးေနလို႔ပါ

စုသမွ်ပိုက္ဆံေတြလဲ အကိုျဖစ္သူကအကူညီေတာင္းလိုက္ အမျဖစ္သူရဲ႕အေႂကြးဆပ္ေပးရလိုက္နဲ႔ စုထားသမွ်ကုန္ခဲ့ပါတယ္

ညီမဆက္ပီးသီးခံခဲ့ပါတယ္ သူ႔ကိုလဲသတိေပးခဲ့ပါတယ္

ေတာင္းသေလာက္အကုန္မေပးပါနဲ႔ မိခင္ျဖစ္သူကိုေပးရတယ္ဆိုရင္ညီမမေျပာပါဘူး

သူတို႔အိမ္ေထာင္နဲ႔သူတို႔ ျဖစ္ေနတဲ့အကိုေတအမေတြကိုေပးရလြန္းလို႔ေျပာရတာပါ

ေအာ္ သူလဲသူ႔ေမာင္ႏွမေတြေပးခ်င္မွာေပါ့

ငါ့မွာကေမာင္ႏွမမွမရွိတာပဲ ဆိုပီး ဆက္မေျပာေတာ့ပါဘူး

ျပန္စုလို႔ရတာပဲဆိုပီးထပ္ပီးသီးခံခဲ့ပါတယ္ ခုအရင္ရက္က သူ႔အကိုျဖစ္သူ ဖုန္းဆက္လာပါတယ္

သူ႔မိန္းမေဆး႐ုံတတ္ေမြးရေတာ့မွာမလို႔ေငြထပ္ေတာင္းပါတယ္

ညီမအမ်ိဳးသားလဲ စိတ္ညစ္သြားပါတယ္ သူစိတ္ညစ္ေတာ့ညီမလဲမေပ်ာ္ပါဘူး

ခေလးေမြးရမယ္ဆိုေတာ့ ညီမလဲကိုယ္ခ်င္းစာတဲ့စိတ္နဲ႔ ကူညီမယ္ေပါ့

ဒါေပမဲ့အရင္လိုလြယ္၂ေပးရင္ ျပန္မရေတာ့မွန္းသိလို႔ သူမ်ားဆီကေခ်းေပးမယ္လို႔ေျပာထားလိုက္ပါတယ္

ေဆး႐ုံတတ္ဖို႔ရက္ကလိုပါေသးတယ္ရွင္ အခုထဲကေပးလိုက္ရင္သူတို႔လက္ထဲကုန္သြားမွာစိုးလို႔ ရက္နီးမွေပးဖို႔ေျပာထားတာပါ

မေန႔ကညေနအလုပ္ကျပန္ေတာ့ အမ်ိဳးသားကေျပာပါတယ္ ပိုက္ဆံလႊဲေပးလိုက္ပီတဲ့

သူတို႔အခုလက္ထဲလိုေနတယ္ဆိုလို႔လို႔ေျပာပါတယ္

ညီမစိတ္တိုတာ သူညီမကိုမတိုင္ပင္ပဲေပးလိုက္လို႔ပါ

ကိုယ့္အတြက္ေတာင္မစုရေသးပဲသူတို႔ကိုပဲအၿမဲေပးေပးေနရတာ

ညီမအမ်ိဳးသားကိုအရမ္းခ်စ္လို႔ ဘာမွမေျပာပဲေနလာခဲ့တာပါ

ခုသူ႔ကိုလဲအရမ္းစိတ္တိုပါတယ္ ညီမအတြက္မေတြးေပးလို႔ပါ

သူကသူ႔မိသားစုကိုညီမထက္ပိုပီးေတြးေပးေနေတာ့ ၾကာရင္ ဒီထက္ဆက္ပီးသီးမခံႏိုင္မွာစိုးပါတယ္

ညီမဘလိုဆက္လုပ္သင့္ပါလဲရွင္ သူနဲ႔လမ္းခြဲသင့္လားရွင့္

သူ႔မိသားစုနဲ႔လဲမဆက္သြယ္ခ်င္ေတာ့ပါဘူး

သူကလဲညီမသိေအာင္ေရာ မသိေအာင္ေရာသူ႔အကိုအမေတကိုေပးေနတာ ညီမသိပါတယ္

အႀကံဉာဏ္ေလးေတြေပးပါအုံးအမတို႔ရယ္😔😔