ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၃၆

လက်ထပ်ထားတာ ၃နှစ်ပြည့်တော့ပါမယ်

ကလေးကရက်သားလေးရပါပြီ

အရင်က အရမ်းချစ်ခံရတဲ့သူပါ

ကိုယ်ဝန် ၇လလောက် ရတဲ့ချိန်မှာ အလုပ်က နယ်လွှတ်လို့ သူ နယ်သွားရပါတယ်

နယ်ဆိုတာလည်း ရန်ကုန်နဲ့မဝေးတဲ့နေရာပါ

အလုပ်ကိစ္စနဲ့နယ်ကနေ ရုံးပြန်လာရတဲ့အချိန် ၁၀မိနစ်ရရ အိမ်ကို ရအောင်ပြန်လာတတ်သူပါ

တနေ့ သူ ရန်ကုန် ပြန်လာတယ်ဆိုတာ မပြောဘဲ

စိတ်ထဲမသင်ကာလို့ တခြားသူဆီ ဖုန်းဆက်ကြည့်တော့ ရန်ကုန်ရောက်နေတယ်တဲ့လေ

ဒါမဲ့အာ့ည သူ ပြန်မလာဘူး သူ့ဖုန်း contact ကို hackလိုက်တဲ့ချိန်

မိန်းမိန်းဆိုပြီး ဖုန်းနံပတ်တခုကို မှတ်ထားတာတွေ့တော့

အာ့ဖုန်းကို ဆက်ကြည့်တော့ သူ့အသံကြားလိုက်မိသလိုပဲ

သူကတော့တညလုံးစက်ပိတ်ထားတာပေါ့လေ

ကိုယ့်မှာတော့ တညလုံး ပိတ်ထားတဲ့ဖုန်းကို ခေါ် messageတွေပို့နဲ့ပေါ့

နောက်နေ့မနက်ကျ ဖုန်းဖွင့်ဖွင့်ချင်း တွေ့ရအောင်ဆိုပြီး လက်ဖက်ရည်ဆိုင် တဆိုင်မှာ တွေ့ပြီး မေးလိုက်တယ်

မင်းလုပ်နေတာ ငါအကုန်သိတယ် မင်းဝန်ခံဆိုတော့

ငါချစ်တာ မင်းပဲလေတဲ့ အော် ကိုယ်ဝန်ကြီးနဲ့မို့ ငါ စိတ်ထင်တာပါလေဆိုပြီး လျော့ခဲ့တယ်

ဒါမဲ့ အာ့မယားငယ်မက အိမ်ထောင်ရှိတာရော ကလေးက ရက်သားလေးပဲရှိသေးတယ်ဆိုတာ သိရက်နဲ့

ခုထိ ဆက်သွယ်နေတုန်း viberကနေ စာပို့လို့မိတယ်

screen shotမိတယ် ဖုန်းပြောထားတာတွေမိတယ်

အိမ်ကနွားကိုလည်း ပြောတယ် နင်တို့ခုထိ မပြတ်သေးရင်

ငါ့ကို ကွာပေးပါဆိုတော့လည်း သူက ငါ့ဘဝအတွက် မလိုအပ်လို့လေတဲ့

လိုအပ်ရင် ငါသူ့ဆီသွားတာကြာပြီဆိုပြီး သူက ပေါက်ကွဲပြနေရော

မယားငယ်မဆီ ဖုန်းဆက်ပြီးပြောတော့လည်း သူ အိမ်က နွားကို မသိပါဘူးဆိုပြီး -င်ပိတ်ငြင်းတယ်

မယားငယ်မဆိုတဲ့အတိုင်း စကားကို ဗလောင်းဗလဲပြောတာကတော့ ဆရာကြီးပါ

အိမ်ကနွားကိုလည်း tay ပါစေဆုတောင်းမိပါတယ်

လက္ထပ္ထားတာ ၃ႏွစ္ျပည့္ေတာ့ပါမယ္

ကေလးကရက္သားေလးရပါၿပီ

အရင္က အရမ္းခ်စ္ခံရတဲ့သူပါ

ကိုယ္ဝန္ ၇လေလာက္ ရတဲ့ခ်ိန္မွာ အလုပ္က နယ္လႊတ္လို႔ သူ နယ္သြားရပါတယ္

နယ္ဆိုတာလည္း ရန္ကုန္နဲ႔မေဝးတဲ့ေနရာပါ

အလုပ္ကိစၥနဲ႔နယ္ကေန ႐ုံးျပန္လာရတဲ့အခ်ိန္ ၁၀မိနစ္ရရ အိမ္ကို ရေအာင္ျပန္လာတတ္သူပါ

တေန႔ သူ ရန္ကုန္ ျပန္လာတယ္ဆိုတာ မေျပာဘဲ

စိတ္ထဲမသင္ကာလို႔ တျခားသူဆီ ဖုန္းဆက္ၾကည့္ေတာ့ ရန္ကုန္ေရာက္ေနတယ္တဲ့ေလ

ဒါမဲ့အာ့ည သူ ျပန္မလာဘူး သူ႔ဖုန္း contact ကို hackလိုက္တဲ့ခ်ိန္

မိန္းမိန္းဆိုၿပီး ဖုန္းနံပတ္တခုကို မွတ္ထားတာေတြ႕ေတာ့

အာ့ဖုန္းကို ဆက္ၾကည့္ေတာ့ သူ႔အသံၾကားလိုက္မိသလိုပဲ

သူကေတာ့တညလုံးစက္ပိတ္ထားတာေပါ့ေလ

ကိုယ့္မွာေတာ့ တညလုံး ပိတ္ထားတဲ့ဖုန္းကို ေခၚ messageေတြပို႔နဲ႔ေပါ့

ေနာက္ေန႔မနက္က် ဖုန္းဖြင့္ဖြင့္ခ်င္း ေတြ႕ရေအာင္ဆိုၿပီး လက္ဖက္ရည္ဆိုင္ တဆိုင္မွာ ေတြ႕ၿပီး ေမးလိုက္တယ္

မင္းလုပ္ေနတာ ငါအကုန္သိတယ္ မင္းဝန္ခံဆိုေတာ့

ငါခ်စ္တာ မင္းပဲေလတဲ့ ေအာ္ ကိုယ္ဝန္ႀကီးနဲ႔မို႔ ငါ စိတ္ထင္တာပါေလဆိုၿပီး ေလ်ာ့ခဲ့တယ္

ဒါမဲ့ အာ့မယားငယ္မက အိမ္ေထာင္ရွိတာေရာ ကေလးက ရက္သားေလးပဲရွိေသးတယ္ဆိုတာ သိရက္နဲ႔

ခုထိ ဆက္သြယ္ေနတုန္း viberကေန စာပို႔လို႔မိတယ္

screen shotမိတယ္ ဖုန္းေျပာထားတာေတြမိတယ္

အိမ္ကႏြားကိုလည္း ေျပာတယ္ နင္တို႔ခုထိ မျပတ္ေသးရင္

ငါ့ကို ကြာေပးပါဆိုေတာ့လည္း သူက ငါ့ဘဝအတြက္ မလိုအပ္လို႔ေလတဲ့

လိုအပ္ရင္ ငါသူ႔ဆီသြားတာၾကာၿပီဆိုၿပီး သူက ေပါက္ကြဲျပေနေရာ

မယားငယ္မဆီ ဖုန္းဆက္ၿပီးေျပာေတာ့လည္း သူ အိမ္က ႏြားကို မသိပါဘူးဆိုၿပီး -င္ပိတ္ျငင္းတယ္

မယားငယ္မဆိုတဲ့အတိုင္း စကားကို ဗေလာင္းဗလဲေျပာတာကေတာ့ ဆရာႀကီးပါ

အိမ္ကႏြားကိုလည္း tay ပါေစဆုေတာင္းမိပါတယ္