ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၃၇

ညီမတို့ဇာတ်လမ်းလေးအကြောင်းပေါ့နော်

တစ်ခါမှစကားမပြောဖူး မျက်လုံးချင်းမဆုံဖူးတဲ့ သူ့ဆီက ည ၁၀နါရီခွဲလောက် ဖုန်းဝင်လာတယ်

စားppလားတဲ့ ဟယ်ဒီချိန်ကြီးရူးနေတာလား မရူးပါဘူးတဲ့ ဒါဘယ်သူလဲဆိုတော့ သူတဲ့

မသိဘူး ဘာလို့လာဆက်တာလဲပေါ့ ဟောက်ပစ်တာ

အဲနောက်နေ့ကစ နေ့တိုင်း messageပို့ ဖုန်းဆက်လာတယ်

ညီမလဲ ညီမကောင်လေးနဲ့ရန်တွေဖြစ်ထားခဲ့တော့ သူအဖြေတောင်းလာတာ

ရွဲ့ချင်ဇောနဲ့ ပြန်လက်ခံခဲ့တယ် အဲကနေသူက မင်းလဲ မင်းရည်းစားဖျက် ငါလဲ ငါ့ရည်းစားဖျက်မယ်တဲ့

ညီမလဲ ရူးရူးမိုက်မိုက်သူ့ကိုရွေးချယ်ခဲ့တယ်

သူလဲ ညီမပဲရွေးချယ်ပြီး အိမ်ကသိသွားတော့တားတယ်

ကြောက်ကြောက်နဲ့ သူနဲ့ခိုးပြေးခဲ့မိတယ်

အဲကနေ သူနဲ့ရသွားတာပေါ့ ဘာနေနေ သူနဲ့ယူပြီး သူ့အပေါ် အရမ်းချစ်ခဲ့တယ်

ဘာ phout pyan မှုမှမရှိပဲ သူလဲကောင်းခဲ့တယ် ဒါပေမယ့် သူဘယ်တုန်းကမှသည်းမခံခဲ့ဘူး

သူ့ဘက်ကလုပ်ချင်ရာတွေလုပ်နေရင် မိန်းမ မိန်းမနဲ့ ချစ်နေခဲ့တယ်

ကိုယ့်အပေါ်ကျ သူအမြဲအပြစ်ပဲမြင်တယ်

အဲလိုနဲ့ သဘောထားတွေကွဲလွဲပြီး ရန်တွေဖြစ်ကြတယ်

အိမ်ကသိတော့ သူညီမအပေါ်မကြင်နာတာတွေ ဂရုမစိုက်တာတွေသိတော့ ခွဲခဲ့ကြတယ်

ဒါပေမယ့်ရုတ်တရက်ဆန်လွန်းသွားတယ် စဥ်းစားချိန်တောင်မရှိလိုက်ဘူး

လက်မှတ်ထိုးကွဲခဲ့ကြရတယ် တရားရုံးမသွားခဲ့ပဲ ရွာမာတင်လက်မှတ်ထိုးပစ်ခဲ့ကြတာပေါ့

ဒါပေမယ့် စိတ်ပြောင်းသွားမလား တားမလားစောင့်နေခဲ့သေးတာ သူမပြောင်းခဲ့ဘူး

တစ်ချက်လေးတောင်မကြည့်ပေးပဲ သူ့မာနရှေ့တန်းတင်ခဲ့တယ်

အဲလိုနဲ့ ကွဲပြီး ရက်ပိုင်းကိုမကြာသေးဘူး အရင် ကောင်မလေးနဲ့ပြန်ဆက်သွယ်ခဲ့တာသိလိုက်ရတယ်

ပြန်လက်ခံတဲ့မိန်းကလေးလဲ အံ့သြပါတယ်

အဲလောက်ယောကျာ်းရှားနေလားပေါ့

သူ့ကိုပစ်သွားတဲ့ သူများယောကျာ်းဖြစ်တဲ့သူကို ပြန်လက်ခံတယ်ပေါ့

အရမ်းယောကျာ်းရှား​တာလားမသိဘူး

ညီမကကြိုးစားပြီး ကိုယ့်ယောကျာ်းနဲ့တစ်နေ့ပြန်ပေါင်းဖို့တွေးထားတာ အလကားဖြစ်သွားပြီ😔

သိက္ခာတွေမရှိကြတော့တာလား

ယောကျာ်းလေးတွေက ကွဲရတာလွယ်လိုက်တာအစ်မရယ်



























