ညီမက အိမ်ထောင်သည်ပါ ညီမတို့ အိမ်ထောင်ကျတာ 1 နှစ်ကျော်ပါပြီ
သမီးရည်းစားဘဝက သိပ်မကြိုက်လိုက်ဘဲ အကြောင်းတခုကြောင့် လက်ထပ်လိုက်ကြတာပါ
ခု တနှစ်ပြည့်ပါတော့မယ် ညီမမှာ အခုလက်ရှိကိုယ်ဝန်နဲ့ပါ ၁ လ လောက်ပဲရှိပါသေးတယ်
ခုက အမျိုးသားမိဘ အိမ်မှာနေရတာပါ
အရင်က အိမ်ခွဲနေပြီး ခုမှ ပေါင်းနေတာပါ
ညီမ အလုပ်တွေလဲ ထမင်းချက် ဟင်းချက် အဝတ်လျှော် အကုန်လုံးလုပ်ပေးပါတယ်
သူ့မိသားစုကတော့ မဆိုးဘူးလို့ပြောလို့ရပါတယ်
ဖြစ်နေတာက အမျိုးသားပါ သူလက်ရှိ အလုပ်မရှိပါဘူး
ညီမ ကပဲ os ရောင်းရင်း ရှာနေရတာပါ
အဲ့အမြတ်ကို သူက ဘယ်တော့မှ မခြွေတာပဲ မုန့်အကုန်စားစားပစ်တာပါ
စားတာကို မပြောလိုပေမယ့် တော်တော်ကိုလွန်တာပါ
ကုန်နိုင်မကုန်န်ုင်တွေမသိ မဟားတရားတွေမှာစားတာပါ
အဲ့ထက်ဆိုးတာက အရက်သောက်တာပါ
ညီမက သူသောက်ချင်ရင် ညီမ ကိုယ်တိုင် ဆိုင်လိုက်ထိုင်ပေး တူတူ လိုက်ဝယ်ပေးတာပါ သောက်ခိုင်းပါတယ်
သူလူပျိုတုန်းက တအားသောက်သူမို့ ညီမ နားလည်ပေးပါတယ်
ညီမ မကြိုက်တာက သူ့အပေါင်းအသင်းနဲ့သောက်တာကိုပါ
သူ့ အစ်ကိုအကြီးဆုံး ဒါမှမဟုတ် သူ့အပေါင်းအသင်းနဲ့ သွားသွားသောက်တာပါ
ညီမလုံးဝမကြိုက်ပါဘူး သူအကြောင်းအမျိုးမျိုးပြပြီး သောက်ပါတယ်
ညီမ အကြိမ်ကြိမ်ပြောနေရဲ့သားနဲ့ နားမထောင်တော့ ညီမ သူ့ကို လက်ပါမိပါတယ်
တချက်တွန်းပြီး လက်မောင်းကို ဖြတ်ရိုက်လိုက်တာပါ
ညီမက စိတ်တအားကြီးပါတယ် စိတ်တိုလာရင် ဘာမှမမြင်တတ်လို့ပါ
ခုလောလောဆယ် ညီမ သူ့ကို ဆက်ပြီး သည်းမခံချင်တော့တဲ့ထိ ဖြစ်နေပါတယ်
ညီမကပဲ စိတ်ကြီးလွန်းတာလား
ဘယ်လို လျှော့ရမလဲ ဘယ်လို နားလည်အောင်ပြောပြရမလဲ အကြံပေးကြပါဦးနော်
သူ့မိဘကလဲ သူသောက်တာမကြိုက်ပါဘူး အဲ့လိုမျိုးကျ ညီမ က ကြားထဲက မျက်နှာငယ်ရလို့ပါ