ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၄၀

ကျွန်မ အကြောင်း ရင်ဖွင့်ပါရစေ ရှင်

ဇာတ်လမ်းလေးကတော့ ရှည်မယ် ရှင်

ခုပြောတဲ့ အထဲမှာ ကျွန်မ မှားခဲ့တာတွေပါပါတယ်နော်

ကျွန်မ အရင် Relationship အကြောင်း အရင်ပြောပါမယ်နော်

ကျွန်မတို့ 7 နှစ်တွဲခဲ့ကြတယ် နှစ်ဖက်မိဘ သိတယ် မိတ်ဆွေအပေါင်းသင်း အကုန်သိတယ်

အဲ့ 7 နှစ် ဆိုတာလည်း မချောမွေ့ခဲ့ပါဘူး

ဆက်ထုံးတွေအများကြီးနဲ့ပါ စစတွဲချင်း 1 နှစ်ကျော်လောက်မှာ ကျွန်မ က fb မှာ တစ်ခါတော့ flirt မိတယ်

flirt တယ်ဆိုပေမယ့် long time မဟုတ်ပါဘူး နှစ်ရက်ပါပဲ

သူက ကျွန်မ fb ထဲဝင်ထားတော့ တွေ့တယ်

ကျွန်မ မှားကြောင်း ဝန်ခံတယ် ကျေနပ်တဲ့အထိ တောင်းပန်တယ် ပြန်အဆင်ပြေသွားတယ်

ဒီလိုပဲ တွဲလာခဲ့ကြတယ် ကြားထဲငွေကြေးပြဿနာတစ်ခုပေါ်လာတော့ ဖြေရှင်းနိုင်အောင်ကြိုးစားခဲ့ကြတယ်

အဲ့ဒီအတော့တွင်း သူက စိတ်ညစ်နေရလို့ဆိုပြီး fb မှာ ကောင်မလေး တစ်ယောက်နဲ့ flirt ထားတာကို ကျွန်မ တွေ့ခဲ့တယ်

သူက စိတ်တွေ အရမ်းရှုပ်နေခဲ့လို့ လုပ်မိသွားတာပါ တဲ့

Ok ထားလိုက်တော့ဆိုပြီး ပြီးသွားရော

အဲ့နောက်ပိုင်း သူက အလုပ်လုပ်ဖို့ဆိုပြီး အဝေးတစ်နေရာ သွားရတယ်

ကိုယ်နဲ့သူ ဝေးနေပေမဲ့ အဆင်ပြေခဲ့တယ် ဒါပေမဲ့ မကြာဘူး

ဇာတ်လမ်းက Bank ကအမျိုးသမီးတစ်‌ယောက် နဲ့ စပြန်တယ်

ကျွန်မက ရိပ်မိလာလို့မေးတော့ ငယ်သူငယ်ချင်းတဲ့

ကိုယ်လည်း “အော် ဟုတ်လား ” ဆိုပြီးပြီးရော သူ့အပေါ် ယုံကြည်မှုလွန်တာလည်း ပါတာပေါ့

တစ်ရက် သူနဲ့ကျွန်မ မုန့်ဆိုင်မှာ ထိုင်ပြီးပြောနေကျရင်း သူ့ဖုန်းကို ရုတ်တရက်ယူပြီး Gallery ထဲဝင်ကြည့်လိုက်တော့ အဲ့ Bank က အမျိုးသမီးရဲ့ ပုံတွေ အများဆိုမှ အများကြီးပဲ

သူ့ကို ပြပြီး ဒါက ဘာသဘောလဲ မေးတော့ ဘာမှမဟုတ်ဘူးဆိုပြီး

ဖုန်းကို အတင်းဆွဲလုပြီး အကုန်ဖျက်ပစ်လိုက်တယ်

အခု ကိစ္စဖြစ်မလာခင် သူက အလုပ်အဆင်ပြေလို့ဆိုပြီး ကျွန်မ ကို foot chain တစ်စုံ လုပ်ပေးထားတယ်

ပြီးတော့ ကျွန်မဆီကနေ foot chain တစ်ခုပြန်ပေးပါတဲ့ ဘာလုပ်ဖို့လဲဆိုတော့ သူ့ ညီမလေး က လိုချင်နေလို့တဲ့ ကျွန်မလည်း မပေးချင်ပေမဲ့ ပြန်ပေးလိုက်တယ် နောက်တော့ သတင်းတွေကျွန်မ ကြားရတယ်

နင့်ကောင်လေးကို တခြားတယောက်နဲ့ တွေ့လိုက်တယ်တဲ့ မယုံခဲ့ဘူး မဟုတ်လောက်ဘူးပေါ့နော်

ကျွန်မနဲ့ အတူရှိနေချိန်တွေ ဖုန်းလာရင် ထထသွားတာတွေ စိပ်လာတာ့ ကျွန်မ မနေနိုင်ဘူး

သူလစ်ရင် လစ်သလို သူ့ဖုန်းကို ယူကြည့်ခဲ့တာ

ဟော နောက်ဆုံးတော့ သက်သေကို တွေ့ခဲ့ရယ်

ပုံတွေအများကြီး က ပုံတူပန်းချီ လက်ဆောင်ပေးဖို့ပါတဲ့

ပြီးတော့ foot chain ကလည်း အဲ့ Bank က အမျိုးသမီး ကိုပေးဖို့ပါတဲ့

အဲ့ Bankကအမျိုးသမီးကလည်း fb acc မှာ အဲ့ foot chain လေးတင်ထားတာ တွေ့တယ်

ကျွန်မတို့ ရန်တွေဖြစ်ကြတယ် နောက်တော့ မပြတ်နိုင်တဲ့ ကျွန်မကပဲ အလျော့ပေးပြီး ပြန်တွဲကြတယ်

အဲ့ကိစ္စပြီးတော့ ၂၀၂၁ လောက်မှာ သူ့အလုပ်က နယ်ပြောင်းရမယ်တဲ့

ဖုန်းလိုင်းကမမိဘူးတဲ့ ဖုန်းလေးတစ်ခါဆက်ဖို့ ခဲရင်းလို့ သူ့ဖုန်းလာရင် ကိုယ့်မှာ ဝမ်းသာအားရနဲ့ သူကတော့ ကိုယ့်ဆီပဲ ဆက်ဖို့ ခဲရင်းတာနော်

နောက်မှ သိရတာ သူအရင် အလုပ်လုပ်ခဲ့တဲ့ အဝေးတစ်နေရာက ကောင်မ တစ်ကောင်နဲ့ 1yr&2mth တဲ့ ကိုယ့်မှာ ဆွံ့အ လို့

အဲ့ဟာမ ဆီ ပို့တဲ့ စာမှန်သမျှ ကိုယ့်ဆီ ထပ်တူ ပို့တာနော် ရင်တွေနာလွန်းလို့ ငိုချင်တာတောင် မျက်ရည်မထွက်ခဲ့ဘူး

ကိုယ့်ဆီတာ နူးနူးညံ့ညံ့စာတွေ တသီတသန်းမပို့တာ ဟိုဟာမ နဲ့ကျ ပလူးနေလိုက်ကြတာ ကိုယ့်မှာ တကယ် ဘာဆို ဘာမှ မသိတော့အောင်ပါပဲ

အဲ့ကိစ္စဖြစ်တော့ သူ့မိတ်ဆွေတွေက ကြားဝင်ပြီး ဖြန်ဖြေလို့ အဆင်ပြေသွားတယ်

ကျွန်မလည်း သူ့ကို ရွဲ့ချင်တာနဲ့ fbမှာ flirt လိုက်သေးတယ်

ဘာမှလည်း မခံစားရဘူးလေ စိတ်ကူးပေါက်ရာ လျှောက်တာလုပ်တာ ကိုယ်ချစ်နေတာ သူ့ကိုပဲကို

သူက ခြေအရမ်းရှုပ်ပေမဲ့ လိုချင်တာ ဖြစ်ချင်တာ မှန်သမျှ သူနိုင်သလောက် ဖြည့်ဆည်းပေးပါတယ်

အဲ့တာလေးတွေ တွေးတွေးပြီး အဆင်ပြေအောင် ပြန်ကြိုးစားရတာပါပဲ

2021 နှစ်ကုန်ပိုင်း သူက အလုပ်ကနေထွက်ပြီး အခြားနယ်ဝေးတစ်ခုမှာ အလုပ်သစ်တစ်ခု သွားလုပ်ခဲ့တယ် ထင်တဲ့အတိုင်းပဲ အဲ့မှာလည်း

ဇာတ်လမ်းဖြစ်ခဲ့ပြန်တာပါပဲ ကျွန်မ ဘယ်လိုပြန်သိရလဲဆို သူနဲ့ဖြစ်နေတဲ့ ကောင်မက ကျွန်မဆီ msgrကနေစကားလာပြောတယ် ဒါအမ ကောင်လေးလား သူ့ရဲ့ fb acc နောက်တစ်ခုမှာ သူနဲ့ ရည်းစားဖြစ်နေပါတယ်တဲ့

ကျွန်မလေ ဖုန်းပြောနေရင်း လည်ချောင်းထဲက အသံတောင် မထွက်တော့ဘူး ဘယ်လို ခံစားချက်ကြီးမှန်းလည်း မသိတော့ဘူး အဲ့ကောင်မလေး က ရည်းစားရှိမှန်းမသိလို့ပါတဲ့ တောင်းပန်ပါတယ်တဲ့

ကိုယ့်မှာ ပြန်ပြောဖို့စကားတောင် မရှိခဲ့ပါဘူး

အဲ့လိုတွေဖြစ်ဖန်များလာတော့ 2022 ထဲမှာ ကျွန်မ တို့ RSက ဘယ်လိုမှ အဆင်မပြေတော့ဘူး

ကျွန်မ ဘက်ကလျော့ပေးတာတွေများတော့ သူက ကိုယ့်အပေါ်အလေးထားမှုက လုံးလုံးမှကို မရှိတော့တာ ဖုန်းခေါ်ရင် မပြောချင် msgr/viber/telegram ဘာတစ်ခုမှကို ပြန်မပြေတာ သူပြောချင်မှ ပြန်ပြောတယ်

အဲ့တော့ ကျွန်မလည်း နေတတ်လာပြီး အလုပ်ထဲမှာ ပျော်အောင်နေတယ်

အဲ့လိုနဲ့ အလုပ်ထဲက လူတစ်ယောက်နဲ့ ကျွန်မ အဆင်ပြေလာတယ်

နောက်မှ သိရတာက အဲ့လူက အိမ်ထောင်ကွဲတဲ့ အဲ့တော့လည်း ဘာဖြစ်လဲပေါ့

ဒီတိုင်းမိတ်ဆွေပဲဆိုပြီး နေလာတာ

ကျွန်မ ကောင်လေးက ပလစ်ထားလို့ စိတ်ညစ်ရချိန်တွေမှာ အဲ့လူက ကိုယ့်ဘေးနားရှိပေးတယ်

ကျွန်မတို့ အလုပ်ကိစ္စနဲ့ ခရီးထွက်ရတော့ ကျွန်မတို့2ယောက်စည်းကျော်မိခဲ့ကြတယ်

အဲ့ကိစ္စကြောင့် ကိုယ့်ကိုကိုယ် စိတ်မလုံတော့လို့ ကျွန်မတို့ 7 နှစ်တာ rs ကို ရပ်တန့်ဖို့ ကြိုးစားခဲ့တယ်

အစတော့ ကျွန်မ ညာတယ် နောက်တော့ အမှန်တိုင်းပြောပြီး မှားခဲ့တာတွေ တောင်းပန် ရပ်စဲလိုက်ကြတာပေါ့

ရက်တွေကြာလာတော့ ကျွန်မလည်း သူနဲ့ လမ်းခွဲပြီး ဘေးနား ရှိပေးတဲ့ အဲ့လူနဲ့ အဆင်ပြေနေခဲ့တယ်

ဒါပေမဲ့လေ အဲ့လူက သူ့အရင်အိမ်ထောင်အကြောင်းဘာမှ ပေးမသိဘူး အခြားသူတွေဆီ မေးကြည့်မှ သိရတယ် ကလေး2ယောက်ရှိတယ်တဲ့ ပြီးတော့လေ အဲ့လူတို့က ယူထဲက လက်မှတ်ထိုးမထားဘူးတဲ့

အဲ့‌တာတွေ ကျွန်မ ပြန်သိတော့ ကျွန်မ က အဲ့လူကို ပြောတယ်ပေါ့နော်

တွဲဖို့ သေချာရင် အရင်အမျိုးသမီး နဲ့ ကွာရှင်းစာချုပ် လက်မှတ်ထိုးပေးလို့ပြောတော့

တွဲစတော့ ထိုးပေးမယ် တဲ့ ခုဆို 2 လကျော်ပြီပေါ့နော် အခြေနေက ထူးမလာဘူး

သူပြောတာတော့ အရင်မိန်းမနဲ့ အတူမနေတော့တာ 4 နှစ်လောက်ရှိပြီတဲ့ 2021 လောက်ကစပြီး လုံးဝ အဆက်သွယ်မရှိတော့ဘူးတဲ့

ပြီးတော့ အဲ့အရင်အိမ်ထောင်ရေးကြောင့် သူ့မိသားစုနဲ့ ကွဲလန်ထားတယ် ပြောတယ်

ခုတော့ သူက တစ်ကောင်ကြွက်ပေါ့ အဲ့တာတွေ သနားမိတာကြောင့်ရော လက်ခံမိခဲ့တာပေါ့

ဒါပေမဲ့ သူ့မိသားစုက ဆက်သွယ်လာရင်တောင် သူ့ဘက်က ရှောင်ဖယ်နေတာ

သူ့ မိတ်ဆွေတချို့နဲ့ပြောကြည့်တော့လည်း သူ့အရင်အိမ်ထောင်နဲ့က ကွဲထားတာကြာပြီတဲ့လေ

မလိမ်ထားမှန်းတော့သိပါတယ်

နောက်ဆုံး ကျွန်မပြောချင်တာကလေ ကျွန်မ ဘာဆက်လုပ်သင့်လဲ

ကွာရှင်းစာချုပ် ကိစ္စကို ဖြစ်လာအောင် ဘာလုပ်သင့်လဲ

ခုလို စိတ်ကြီးနဲ့နေရတာ စိတ်တွေဘယ်လိုမှ အဆင်မပြေဘူး သူကတော့ အဲ့လိုစိတ်ကြီး ကျွန်မ ဝင်နေတာ ဘာမှလုပ်ပေးလို့မရဘူးတဲ့

သူ့ဘက်က မှန်တယ်တဲ့ အဲ့စာချုပ်ကိစ္စကိုလည်း လုပ်ပေးမယ်ပဲပြောတာ ဖြစ်မလာဘူးလေ

ကျွန်မ ဘာဆက်လုပ်သင့်လဲ ရှင်

အကြံပေးပါဦးနော်

တရက်တရက် အဲ့စိတ်ကြီးကြောင့် ကိုယ့်ကိုကိုယ်

ပိုပိုရွံလာပြီး မသတီတော့ဘူး ရှင်









































































အကြံပေးပါဦးနော်

