ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၄၁

ညီမက အခု အသက် 32 ပါ Company တခုက General Manager တစ်‌ယောက်ပါ

ညီမက Lesbian တစ်ယောက်ပါ

ဒါပေမယ့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းဆွေမျိုးတွေကြောင့် lesbian ဆိုတဲ့စိတ်ကို ဖျောက်ထားပြီး

မိန်းကလေးဆန်ဆန်နေရပါတယ်

အဓိက ပြောချင်တာက

ညီမ 9 တန်းနှစ်မှာ ကောင်မလေးတစ်ယောက်နဲ့ ချစ်သူဖြစ်ခဲ့ကြပါတယ်

တက္ကသိုလ်တွေတက်ပြီး ဘွဲ့ရတဲ့အထိ နှစ်ယောက်လုံး အရမ်းချစ်ခဲ့ကြပါတယ်

နှစ်တွေအကြာကြီး ဘယ်သူမှ မသိအောင်ချစ်နေရတဲ့ မိန်းကလေးနှစ်ယောက်ပေါ့

သူ့မိဘတွေရော ညီမမိဘတွေရောက အဲ့လိုကိစစမျိုးဆို ရှက်စရာတခုလို သဘောထားကြလို့ ဘယ်သူမှမသိအောင် တွဲခဲ့ကြတာပါ

ဘွဲ့ရပြီးတဲ့နောက်ပိုင်း ညီမက company တခုမှာ အလုပ်ဝင်ပြီး သူကတော့ အိမ်မှာပဲနေပါတယ်

အဲ့နောက်ပိုင်းအတူတူတွဲလာရင်း ညီမကအလုပ်တဖက် သင်တန်းတွေက တဖက်နဲ့မို့ အရင်ကလောက် အချိန်မပေးနိုင်တော့တာကို

( အားတဲ့အချိန်တိုင်း သူနဲ့ပဲ အချိန်ဖြုန်းတာပါ ညီမဘယ်နေ့ဘာလုပ်လဲဆိုတာအစ သူ့ကို အချိန်ဇယားပေးထားတာပါ

သူကအိမ်ထဲမှာပဲနေပြီး ညီမက အပြင်မှာပဲ တောက်လျှောက်ရှိနေသူမို့ သူစိတ်ချရအောင် သူယုံကြည်ရအောင် ပေးထားတာပါ ) ၊

Company က အစ်ကိုတစ်ယောက်က ညီမကို ကြိုက်ပြီး လိုက်နေတာကို သူ့ကိုပြောပြထားလို့ သူသိပါတယ်

ညီမဘက်က လုံးဝ မကြိုက်နိုင်ကြောင်းလဲ သူ့အရှေ့တင် ဖုန်းပြောပြီး ငြင်းပြထားပြီးသားပါ

အဲ့နောက်ပိုင်းညီမကို အလုပ်က ထွက်ခိုင်းပါတယ်

ညီမလဲ အဲ့အချိန်က ရာထူးနဲ့ လစာကြောင့် တခြားအလုပ်လဲ ပြန်မရှာချင်တော့လို့ ထွက်ဖို့မဖြစ်နိုင်တဲ့အကြောင်းရှင်းပြပေမယ့်လဲ

နားလည်မှုတွေ လွဲပြီး သူက ညီမကို အရွဲ့တိုက်ပြီး ကောင်လေးတစ်ယောက်နဲ့ စတွဲပါတယ်

ညီမ‌ဘက်ကတော့ အရူးလိုပဲ သူပြန်လာဖို့ကို နည်းအမျိုးမျိုးနဲ့ ပြန်လာဖို့ တောင်းပန်ခဲ့ပါတယ်

သူထွက်ခိုင်းတဲ့အလုပ်ကလဲ အိမ်နဲ့ အတိုက်အခံလုပ်ပြီးတော့ ထွက်ပစ်လိုက်ပြီး တခြားအလုပ်ပြောင်းလုပ်ခဲ့ပါတယ်

သူသာပြန်လာရင် တလောကလုံးသိအောင် ပေါ်တင်ချစ်ကြမယ်

မိဘတွေနားလည်လာအောင် ကြိုးစားကြမယ်ဆိုပြီးပြောတော့

သူကလဲ ညီမကို အရမ်းချစ်တယ် သူညီမဆီပြန်လာမယ် သူ့ကောင်လေးနဲ့ဖျက်ဖို့ အချိန်တခုပေးပါဆိုလို့ ညီမစောင့်ခဲ့ပါတယ်

ဒါပေမယ့် သူလ နည်းနည်းကြ‌ာတော့ ငါတို့က မဖြစ်နိုင်တော့ပါဘူး

မိန်းကလေးချင်းကြိုက်တာကို သူ့အိမ်က သိရင် သူ့ကိုသတ်လိမ့်မယ်

လူသိရှင်ကြားတွဲဖို့ကိုလဲ သူ့မှာ သတ္တိမရှိ‌ဘူးဆိုပြီး သိပ်မကြာခင်မှာ သူ့‌့‌ကောင်‌လေးနဲ့ လက်ထပ်သွားပါတယ်

အဲ့အချိန်မှာ ညီမလဲ သူ့ကို အရွဲ့တိုက်ချင်စိတ်နဲ့ ညီမရဲ့ bossနဲ့ တွဲလိုက်ပါတယ်

ညီမရဲ့ boss က ညီမကို အရမ်းအလိုလိုက်အရမ်းချစ်ပေးတဲ့ ညီမအပေါ်အရမ်းကောင်းတဲ့သူပါ

နောက်နှစ်ကျရင် လက်ထပ်ဖို့လဲ စီစဉ်ထားပြီးကြပါပြီ

ခက်တာက ညီမ ex နဲ့ ညီမအခု အဆက်အသွယ်ရှိပါတယ် သူငယ်ချင်းလိုမျိုးပါ

ညီမမှာ ရည်းစားရှိနေပေမယ့် ညီမ ex ကို လုံးဝ မ‌မေ့နိုင်ဘူးဖြစ်နေတယ်

သူ့ကိုအရမ်းလဲချစ်တယ် သူသာ ညီမဆီပြန်လာမယ်ဆို အကုန်လုံးကို စွန့်လွှတ်ပြီး သူနဲ့ပဲ အမြဲတမ်းလက်တွဲသွားချင်တယ်

9 တန်းနှစ်ကနေစပြီး အခုအချိန်ထိ သူ့အကြောင်းတွေးမိတိုင်း သူ့ကိုအရမ်းချစ်တယ်

သူတစ်ခုခုဖြစ်မှာ ကိုအရမ်းကြောက်တယ် အခုအချိန်မှာ သူငယ်ချင်းလို ညီအစ်မလို သူ့ဘက်က ဆက်‌ဆံနေပေမယ့် ညီမဘက်ကတော့ သူ့အပေါ်ကို အရင်လို ချစ်သူတစ်ယောက်လို သဘောထားနေမိတယ်

သူလဲ ရိပ်မိပါတယ် အခုချိန်ထိ သူ့ဘက်က Hi တစ်လုံးထဲ စာလှမ်းပို့ရင်တောင် အရမ်းပျော်တယ်

သူနဲ့ဖုန်းပြောနေရရင်ကို အရမ်းပျော်နေရတာ

တခါတလေ တွေ့ဖို့ချိန်းကြရင်တောင် ညီမမအားရင်တောင် အကုန်လုံးထားခဲ့ပြီး သူ့ဆီအပြေးသွားတာပါ

သူတို့အိမ်ထောင်ရေးကိုလဲ မထိခိုက်စေချင်ပါဘူး မဖြစ်သင့်တော့မှန်းသိလို့လဲ သူနဲ့ မဆက်သွယ်မိအောင် ကြိုးစားပါတယ်

တခါတလေ စကားအရမ်းပြောချင်လာရင်တောင် သူ့မီးစိမ်းလေးကို ထိုင်ကြည့်ပြီး ပြောသင့်မပြောသင့် ထိုင်စဉ်းစားနေရတာပါ

သူ့ဘက်က စကားလာစပြောမှ ညီမ‌ပြန်ပြောဖြစ်ပါတယ်

တခါတလေ အဲ့စိတ်နဲ့အရမ်းမွန်းကြပ်လွန်းလို့ ရင်ဖွင့်ချင်ပေမယ့် ညီမတို့အကြောင်းကို ဘယ်သူမှ ပြောပြစရာလူမရှိလို့ ဒီမှာပဲ ရင်ဖွင့်ဖြစ်လိုက်တာပါ

သူ့ကိုတရက်ကလေးမှ မမေ့နိုင်ဘူး ဘဝမှာ မြတ်မြတ်နိုးနိုးနဲ့ အရမ်းချစ်ပြီး ဆုံးရှုံးရမှာအရမ်းကြောက်တဲ့သူ့ကို တကယ်တမ်းဆုံးရှုံးသွားတဲ့အချိန်မှာ ညီမ တစ်ယောက်တည်း ယဉ်ယဉ်လေးရူးနေသလိုတောင် ထင်မိတယ်

အခုဒီစာကိုရေးနေရင်းတောင် ငိုမိပါတယ်

တခါတလေ ဒီဘဝကို မြန်မြန် နိဂုံးချုပ်ပြီး ဘဝ အသစ်မှာ သူနဲ့ပဲ ပြန်ဆုံစည်းချင်တဲ့ ရူးကြောင်ကြောင်အတွေးမျိုးတွေလဲ တွေးမိပါတယ်

အခုဖြစ်နေတာတွေကို သူသိပေမယ့်လဲ မသိချင်ယောင်ဆောင်ပြီး သူလိုအပ်တဲ့အချိန်တိုင်းတော့ ဖုန်းတွေခေါ်စကားတွေပြောနေတုန်းပါပဲ

ညီမရည်းစားကလဲ လုံးဝလုံးဝ ညီမအတိတ်ကိုရော ညီမ စိတ်ကိုရော မသိဘဲ ညီမအပေါ်အရမ်းကောင်းနေတော့ သူ့ကိုလဲ တခါတလေ အားနာမိပါတယ်

ex ကိုမေ့ဖို့ တရားတွေလဲထိုင်ပါတယ် ဘားတွေကလပ်‌တွေလဲ လျှောက်သွားပါတယ်

ဒါပေမယ့် ခေါင်းထဲမှာ သူအမြဲရှိနေလို့ ဘယ်နေရာရောက်ရောက် သူနဲ့သာဆိုရင်ဆိုတဲ့အတွေးတွေ ဝင်လာပြီး သူဘေးမှာရှိနေသလို စိတ်ကူးယဉ်ပြီး ရူးနေရတာပါ

ညီမရည်းစားအပေါ်ညီမ ရိုးသားချင်ပါတယ် အ‌ခြေအနေကိုဖွင့်ပြောဖို့ကလဲ ညီမသိက္ခာကျမယ့်ကိစ္စမို့ မပြောချင်ပါဘူး

Tar ရေ ငါနင့်ကိုအရမ်းချစ်လွန်းလို့ ရူးနေပြီလားမသိတော့ပါဘူးဟာ

ဝဋ်ကြွေးဆိုလဲ မြန်မြန‌်ကြေချင်ပါတယ်

‌အခုနောက်ပိုင်း ပွင့်လင်းလာတဲ့ လူ့အဖွဲ့အစည်းကြောင့် ညီမတို့လို စုံတွဲတွေကို တွေ့ရင် support ပေးဖြစ်ပါတယ်

သူတို့ကို ညီမတို့လို လူမသိသူမသိ အခြေအနေတွေအောက်မှာ မရှိစေချင်လို့ လူတိုင်းရှေ့လက်တွဲထားနိုင်ဖို့ အမြဲ အားပေးစကားတွေ ပြောဖြစ်ပါတယ်

မိဘဆွေမျိုးပတ်ဝန်းကျင် အမြင်တွေကြောင့် ချစ်လျက်နဲ့ မဆုံစည်းနိုင်အောင် ဝေးသွားမယ့်အဖြစ်မျိုး တကယ်ချစ်တဲ့ချစ်သူတွေ ကင်းဝေးကြပါစေ 😞

ညီမက အခု အသက္ 32 ပါ Company တခုက General Manager တစ္‌ေယာက္ပါ

ညီမက Lesbian တစ္ေယာက္ပါ

ဒါေပမယ့္ ပတ္ဝန္းက်င္ အသိုင္းအဝိုင္းေဆြမ်ိဳးေတြေၾကာင့္ lesbian ဆိုတဲ့စိတ္ကို ေဖ်ာက္ထားၿပီး

မိန္းကေလးဆန္ဆန္ေနရပါတယ္

အဓိက ေျပာခ်င္တာက

ညီမ 9 တန္းႏွစ္မွာ ေကာင္မေလးတစ္ေယာက္နဲ႔ ခ်စ္သူျဖစ္ခဲ့ၾကပါတယ္

တကၠသိုလ္ေတြတက္ၿပီး ဘြဲ႕ရတဲ့အထိ ႏွစ္ေယာက္လုံး အရမ္းခ်စ္ခဲ့ၾကပါတယ္

ႏွစ္ေတြအၾကာႀကီး ဘယ္သူမွ မသိေအာင္ခ်စ္ေနရတဲ့ မိန္းကေလးႏွစ္ေယာက္ေပါ့

သူ႔မိဘေတြေရာ ညီမမိဘေတြေရာက အဲ့လိုကိစစမ်ိဳးဆို ရွက္စရာတခုလို သေဘာထားၾကလို႔ ဘယ္သူမွမသိေအာင္ တြဲခဲ့ၾကတာပါ

ဘြဲ႕ရၿပီးတဲ့ေနာက္ပိုင္း ညီမက company တခုမွာ အလုပ္ဝင္ၿပီး သူကေတာ့ အိမ္မွာပဲေနပါတယ္

အဲ့ေနာက္ပိုင္းအတူတူတြဲလာရင္း ညီမကအလုပ္တဖက္ သင္တန္းေတြက တဖက္နဲ႔မို႔ အရင္ကေလာက္ အခ်ိန္မေပးႏိုင္ေတာ့တာကို

( အားတဲ့အခ်ိန္တိုင္း သူနဲ႔ပဲ အခ်ိန္ျဖဳန္းတာပါ ညီမဘယ္ေန႔ဘာလုပ္လဲဆိုတာအစ သူ႔ကို အခ်ိန္ဇယားေပးထားတာပါ

သူကအိမ္ထဲမွာပဲေနၿပီး ညီမက အျပင္မွာပဲ ေတာက္ေလွ်ာက္ရွိေနသူမို႔ သူစိတ္ခ်ရေအာင္ သူယုံၾကည္ရေအာင္ ေပးထားတာပါ ) ၊

Company က အစ္ကိုတစ္ေယာက္က ညီမကို ႀကိဳက္ၿပီး လိုက္ေနတာကို သူ႔ကိုေျပာျပထားလို႔ သူသိပါတယ္

ညီမဘက္က လုံးဝ မႀကိဳက္ႏိုင္ေၾကာင္းလဲ သူ႔အေရွ႕တင္ ဖုန္းေျပာၿပီး ျငင္းျပထားၿပီးသားပါ

အဲ့ေနာက္ပိုင္းညီမကို အလုပ္က ထြက္ခိုင္းပါတယ္

ညီမလဲ အဲ့အခ်ိန္က ရာထူးနဲ႔ လစာေၾကာင့္ တျခားအလုပ္လဲ ျပန္မရွာခ်င္ေတာ့လို႔ ထြက္ဖို႔မျဖစ္ႏိုင္တဲ့အေၾကာင္းရွင္းျပေပမယ့္လဲ

နားလည္မႈေတြ လြဲၿပီး သူက ညီမကို အ႐ြဲ႕တိုက္ၿပီး ေကာင္ေလးတစ္ေယာက္နဲ႔ စတြဲပါတယ္

ညီမ‌ဘက္ကေတာ့ အ႐ူးလိုပဲ သူျပန္လာဖို႔ကို နည္းအမ်ိဳးမ်ိဳးနဲ႔ ျပန္လာဖို႔ ေတာင္းပန္ခဲ့ပါတယ္

သူထြက္ခိုင္းတဲ့အလုပ္ကလဲ အိမ္နဲ႔ အတိုက္အခံလုပ္ၿပီးေတာ့ ထြက္ပစ္လိုက္ၿပီး တျခားအလုပ္ေျပာင္းလုပ္ခဲ့ပါတယ္

သူသာျပန္လာရင္ တေလာကလုံးသိေအာင္ ေပၚတင္ခ်စ္ၾကမယ္

မိဘေတြနားလည္လာေအာင္ ႀကိဳးစားၾကမယ္ဆိုၿပီးေျပာေတာ့

သူကလဲ ညီမကို အရမ္းခ်စ္တယ္ သူညီမဆီျပန္လာမယ္ သူ႔ေကာင္ေလးနဲ႔ဖ်က္ဖို႔ အခ်ိန္တခုေပးပါဆိုလို႔ ညီမေစာင့္ခဲ့ပါတယ္

ဒါေပမယ့္ သူလ နည္းနည္းၾက‌ာေတာ့ ငါတို႔က မျဖစ္ႏိုင္ေတာ့ပါဘူး

မိန္းကေလးခ်င္းႀကိဳက္တာကို သူ႔အိမ္က သိရင္ သူ႔ကိုသတ္လိမ့္မယ္

လူသိရွင္ၾကားတြဲဖို႔ကိုလဲ သူ႔မွာ သတၱိမရွိ‌ဘူးဆိုၿပီး သိပ္မၾကာခင္မွာ သူ႔‌့‌ေကာင္‌ေလးနဲ႔ လက္ထပ္သြားပါတယ္

အဲ့အခ်ိန္မွာ ညီမလဲ သူ႔ကို အ႐ြဲ႕တိုက္ခ်င္စိတ္နဲ႔ ညီမရဲ႕ bossနဲ႔ တြဲလိုက္ပါတယ္

ညီမရဲ႕ boss က ညီမကို အရမ္းအလိုလိုက္အရမ္းခ်စ္ေပးတဲ့ ညီမအေပၚအရမ္းေကာင္းတဲ့သူပါ

ေနာက္ႏွစ္က်ရင္ လက္ထပ္ဖို႔လဲ စီစဥ္ထားၿပီးၾကပါၿပီ

ခက္တာက ညီမ ex နဲ႔ ညီမအခု အဆက္အသြယ္ရွိပါတယ္ သူငယ္ခ်င္းလိုမ်ိဳးပါ

ညီမမွာ ရည္းစားရွိေနေပမယ့္ ညီမ ex ကို လုံးဝ မ‌ေမ့ႏိုင္ဘူးျဖစ္ေနတယ္

သူ႔ကိုအရမ္းလဲခ်စ္တယ္ သူသာ ညီမဆီျပန္လာမယ္ဆို အကုန္လုံးကို စြန႔္လႊတ္ၿပီး သူနဲ႔ပဲ အၿမဲတမ္းလက္တြဲသြားခ်င္တယ္

9 တန္းႏွစ္ကေနစၿပီး အခုအခ်ိန္ထိ သူ႔အေၾကာင္းေတြးမိတိုင္း သူ႔ကိုအရမ္းခ်စ္တယ္

သူတစ္ခုခုျဖစ္မွာ ကိုအရမ္းေၾကာက္တယ္ အခုအခ်ိန္မွာ သူငယ္ခ်င္းလို ညီအစ္မလို သူ႔ဘက္က ဆက္‌ဆံေနေပမယ့္ ညီမဘက္ကေတာ့ သူ႔အေပၚကို အရင္လို ခ်စ္သူတစ္ေယာက္လို သေဘာထားေနမိတယ္

သူလဲ ရိပ္မိပါတယ္ အခုခ်ိန္ထိ သူ႔ဘက္က Hi တစ္လုံးထဲ စာလွမ္းပို႔ရင္ေတာင္ အရမ္းေပ်ာ္တယ္

သူနဲ႔ဖုန္းေျပာေနရရင္ကို အရမ္းေပ်ာ္ေနရတာ

တခါတေလ ေတြ႕ဖို႔ခ်ိန္းၾကရင္ေတာင္ ညီမမအားရင္ေတာင္ အကုန္လုံးထားခဲ့ၿပီး သူ႔ဆီအေျပးသြားတာပါ

သူတို႔အိမ္ေထာင္ေရးကိုလဲ မထိခိုက္ေစခ်င္ပါဘူး မျဖစ္သင့္ေတာ့မွန္းသိလို႔လဲ သူနဲ႔ မဆက္သြယ္မိေအာင္ ႀကိဳးစားပါတယ္

တခါတေလ စကားအရမ္းေျပာခ်င္လာရင္ေတာင္ သူ႔မီးစိမ္းေလးကို ထိုင္ၾကည့္ၿပီး ေျပာသင့္မေျပာသင့္ ထိုင္စဥ္းစားေနရတာပါ

သူ႔ဘက္က စကားလာစေျပာမွ ညီမ‌ျပန္ေျပာျဖစ္ပါတယ္

တခါတေလ အဲ့စိတ္နဲ႔အရမ္းမြန္းၾကပ္လြန္းလို႔ ရင္ဖြင့္ခ်င္ေပမယ့္ ညီမတို႔အေၾကာင္းကို ဘယ္သူမွ ေျပာျပစရာလူမရွိလို႔ ဒီမွာပဲ ရင္ဖြင့္ျဖစ္လိုက္တာပါ

သူ႔ကိုတရက္ကေလးမွ မေမ့ႏိုင္ဘူး ဘဝမွာ ျမတ္ျမတ္ႏိုးႏိုးနဲ႔ အရမ္းခ်စ္ၿပီး ဆုံးရႈံးရမွာအရမ္းေၾကာက္တဲ့သူ႔ကို တကယ္တမ္းဆုံးရႈံးသြားတဲ့အခ်ိန္မွာ ညီမ တစ္ေယာက္တည္း ယဥ္ယဥ္ေလး႐ူးေနသလိုေတာင္ ထင္မိတယ္

အခုဒီစာကိုေရးေနရင္းေတာင္ ငိုမိပါတယ္

တခါတေလ ဒီဘဝကို ျမန္ျမန္ နိဂုံးခ်ဳပ္ၿပီး ဘဝ အသစ္မွာ သူနဲ႔ပဲ ျပန္ဆုံစည္းခ်င္တဲ့ ႐ူးေၾကာင္ေၾကာင္အေတြးမ်ိဳးေတြလဲ ေတြးမိပါတယ္

အခုျဖစ္ေနတာေတြကို သူသိေပမယ့္လဲ မသိခ်င္ေယာင္ေဆာင္ၿပီး သူလိုအပ္တဲ့အခ်ိန္တိုင္းေတာ့ ဖုန္းေတြေခၚစကားေတြေျပာေနတုန္းပါပဲ

ညီမရည္းစားကလဲ လုံးဝလုံးဝ ညီမအတိတ္ကိုေရာ ညီမ စိတ္ကိုေရာ မသိဘဲ ညီမအေပၚအရမ္းေကာင္းေနေတာ့ သူ႔ကိုလဲ တခါတေလ အားနာမိပါတယ္

ex ကိုေမ့ဖို႔ တရားေတြလဲထိုင္ပါတယ္ ဘားေတြကလပ္‌ေတြလဲ ေလွ်ာက္သြားပါတယ္

ဒါေပမယ့္ ေခါင္းထဲမွာ သူအၿမဲရွိေနလို႔ ဘယ္ေနရာေရာက္ေရာက္ သူနဲ႔သာဆိုရင္ဆိုတဲ့အေတြးေတြ ဝင္လာၿပီး သူေဘးမွာရွိေနသလို စိတ္ကူးယဥ္ၿပီး ႐ူးေနရတာပါ

ညီမရည္းစားအေပၚညီမ ႐ိုးသားခ်င္ပါတယ္ အ‌ေျခအေနကိုဖြင့္ေျပာဖို႔ကလဲ ညီမသိကၡာက်မယ့္ကိစၥမို႔ မေျပာခ်င္ပါဘူး

Tar ေရ ငါနင့္ကိုအရမ္းခ်စ္လြန္းလို႔ ႐ူးေနၿပီလားမသိေတာ့ပါဘူးဟာ

ဝဋ္ေႂကြးဆိုလဲ ျမန္ျမန‌္ေၾကခ်င္ပါတယ္

‌အခုေနာက္ပိုင္း ပြင့္လင္းလာတဲ့ လူ႔အဖြဲ႕အစည္းေၾကာင့္ ညီမတို႔လို စုံတြဲေတြကို ေတြ႕ရင္ support ေပးျဖစ္ပါတယ္

သူတို႔ကို ညီမတို႔လို လူမသိသူမသိ အေျခအေနေတြေအာက္မွာ မရွိေစခ်င္လို႔ လူတိုင္းေရွ႕လက္တြဲထားႏိုင္ဖို႔ အၿမဲ အားေပးစကားေတြ ေျပာျဖစ္ပါတယ္

မိဘေဆြမ်ိဳးပတ္ဝန္းက်င္ အျမင္ေတြေၾကာင့္ ခ်စ္လ်က္နဲ႔ မဆုံစည္းႏိုင္ေအာင္ ေဝးသြားမယ့္အျဖစ္မ်ိဳး တကယ္ခ်စ္တဲ့ခ်စ္သူေတြ ကင္းေဝးၾကပါေစ 😞