ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၄၂

ညီမနဲ့သူက ညားတာ တစ်နှစ်ကျော် နှစ်နှစ်နီးပါးရှိပါပီရှင့်

မဂ်လာမဆောင်ခဲ့ရပါဘူးရှင့်

ညီမအမေက အခုထိသူနဲ့

သဘောမတူပါဘူး အိမ်ပြန်လာဖို့ပဲ အမြဲပြန်ခေါ်နေတာပါ ညီမစိတ်ညစ်ရတာက

သူနဲ့ညားပီးတစ်နှစ်ကျော်အထိ သူအလုပ်မရှိပါဘူး

ညီမပဲရှာကျွေးခဲ့တာပါ သူက

အရက်လဲသောက်ပါတယ်

ညီမလွန်ခဲ့တဲ့တစ်လကမှ သူ့ကို အရက်ဖြတ်ဖို့ဆိုပီးဆေးတွေဝယ် အရက်ပြတ်အောင်

မနည်းလုပ်ခဲ့ရပါတယ်

အရက်ပြတ်တော့ သူအလုပ်ရခဲ့ပါတယ်

အလုပ်က ညဆိုင်းဆင်းရပါတယ်သူက အဲ့အလုပ်မှာ wifiရတယ်ထင်တယ် တစ်နေ့ အလုပ်ဆင်းပီး

ပြန်လာတော့ မက်ဆင်ဂျာက

စာဝင်လာလို့ကြည့်တာ

ကောင်မလေးတစ်ယောက်ပို့လာတာပါ ပုံကြည့်တာတော့

မိကောင်းဖခင်သားသမီးလို့ထင်ပါတယ်ရှင့်

သူနဲ့အပြန်အလှန်ပို့ထားတဲ့စာတွေ

သူကအကုန်ဖျက်ထားတော့

ညီမအပေါ်ကပြောခဲ့သလိုပဲ

အဲ့ကောင်မလေးဘက်က စာတစ်ကြောင်းဝင်လာမှ သူတို့စကားပြောထားမှန်းသိတာပါ

အဲ့ကောင်မလေး wallထဲ

သွားဝင်ကြည့်တော့ သူက ပုံတိုင်းအသဲတွေပဲပေးထားတာ

ညီမပုံတင်ရင်တောင်အသဲမပေးတဲ့သူက အဲ့ကောင်မလေးကျ ပုံတိုင်းလိုလို အသဲပေးထားတာရှင့်

phout pyan တယ်လို့ ယူဆလို့ရလားရှင့်

ညီမသူများသားသမီး မိန်းမပျိုလေးမို့ မစွပ်စွဲချင်ဘူး ဘာမှလဲသွားမမေးခဲ့ဘူး အဲ့ကောင်မလေးကို သူ့ကိုပဲ

ညီမမေးခဲ့တာ ညီမကစိတ်ပြတ်သားတဲ့သူပါ သူက

ဘာမှမလုပ်ပါဘူး ဒီတိုင်းစကားပြောတာလို့ပြောပါတယ်

ယူချင်ယူလို့ ကွာပေးမယ်ပြောတော့လဲ သူက

မကွာပေးပါဘူး အခုထိလဲ

မရင့်ကျက်ပါဘူးသူက

ညီမထက်လဲအသက်ကြီးပီး

ညီမကပဲအစစအရာရာဦးဆောင်ရသူပါ

ညီမ စိတ်အတော်ကုန်နေပါပီ

ညီမဘာဆက်လုပ်သင့်လဲရှင့် ဖြေပေးကြပါနော် စာရှည်သွားတဲ့အတွက်လဲ အားလုံးကိုတောင်းပန်ပါတယ်ရှင့်😥

ညီမနဲ႔သူက ညားတာ တစ္ႏွစ္ေက်ာ္ ႏွစ္ႏွစ္နီးပါးရွိပါပီရွင့္

မဂ္လာမေဆာင္ခဲ့ရပါဘူးရွင့္

ညီမအေမက အခုထိသူနဲ႔

သေဘာမတူပါဘူး အိမ္ျပန္လာဖို႔ပဲ အၿမဲျပန္ေခၚေနတာပါ ညီမစိတ္ညစ္ရတာက

သူနဲ႔ညားပီးတစ္ႏွစ္ေက်ာ္အထိ သူအလုပ္မရွိပါဘူး

ညီမပဲရွာေကြၽးခဲ့တာပါ သူက

အရက္လဲေသာက္ပါတယ္

ညီမလြန္ခဲ့တဲ့တစ္လကမွ သူ႔ကို အရက္ျဖတ္ဖို႔ဆိုပီးေဆးေတြဝယ္ အရက္ျပတ္ေအာင္

မနည္းလုပ္ခဲ့ရပါတယ္

အရက္ျပတ္ေတာ့ သူအလုပ္ရခဲ့ပါတယ္

အလုပ္က ညဆိုင္းဆင္းရပါတယ္သူက အဲ့အလုပ္မွာ wifiရတယ္ထင္တယ္ တစ္ေန႔ အလုပ္ဆင္းပီး

ျပန္လာေတာ့ မက္ဆင္ဂ်ာက

စာဝင္လာလို႔ၾကည့္တာ

ေကာင္မေလးတစ္ေယာက္ပို႔လာတာပါ ပုံၾကည့္တာေတာ့

မိေကာင္းဖခင္သားသမီးလို႔ထင္ပါတယ္ရွင့္

သူနဲ႔အျပန္အလွန္ပို႔ထားတဲ့စာေတြ

သူကအကုန္ဖ်က္ထားေတာ့

ညီမအေပၚကေျပာခဲ့သလိုပဲ

အဲ့ေကာင္မေလးဘက္က စာတစ္ေၾကာင္းဝင္လာမွ သူတို႔စကားေျပာထားမွန္းသိတာပါ

အဲ့ေကာင္မေလး wallထဲ

သြားဝင္ၾကည့္ေတာ့ သူက ပုံတိုင္းအသဲေတြပဲေပးထားတာ

ညီမပုံတင္ရင္ေတာင္အသဲမေပးတဲ့သူက အဲ့ေကာင္မေလးက် ပုံတိုင္းလိုလို အသဲေပးထားတာရွင့္

phout pyan တယ္လို႔ ယူဆလို႔ရလားရွင့္

ညီမသူမ်ားသားသမီး မိန္းမပ်ိဳေလးမို႔ မစြပ္စြဲခ်င္ဘူး ဘာမွလဲသြားမေမးခဲ့ဘူး အဲ့ေကာင္မေလးကို သူ႔ကိုပဲ

ညီမေမးခဲ့တာ ညီမကစိတ္ျပတ္သားတဲ့သူပါ သူက

ဘာမွမလုပ္ပါဘူး ဒီတိုင္းစကားေျပာတာလို႔ေျပာပါတယ္

ယူခ်င္ယူလို႔ ကြာေပးမယ္ေျပာေတာ့လဲ သူက

မကြာေပးပါဘူး အခုထိလဲ

မရင့္က်က္ပါဘူးသူက

ညီမထက္လဲအသက္ႀကီးပီး

ညီမကပဲအစစအရာရာဦးေဆာင္ရသူပါ

ညီမ စိတ္အေတာ္ကုန္ေနပါပီ

ညီမဘာဆက္လုပ္သင့္လဲရွင့္ ေျဖေပးၾကပါေနာ္ စာရွည္သြားတဲ့အတြက္လဲ အားလုံးကိုေတာင္းပန္ပါတယ္ရွင့္😥