ရင်ဖွင့် ချင်လို့ပါ စာရှည်ပါတယ် တခါမှ ဘယ်သူ့ကိုမှ ရင်မဖွင့်ခဲ့ဘူးလို့
အစီအငေါ်မတည့်ရင် တောင်းပန်ပါတယ်
သူနဲ့ တွဲတာက ၇နှစ်ကျော်ပါပြီ အာ့ ကာလာတလျှောက်လုံး ဖြောင့်ဖြူးခဲ့တာမဟုတ်ပါဘူး
ညီမ ဘက်က ရီးစားရှိတယ်ဆိုပြီး ရှောင်ခဲ့ပေမယ့်
သူက တွေ့ကရာ အကုန် ဆွဲစားတဲ့ လူစားမျိုးပါ
ပထမ တွဲတဲ့ နှစ်နှစ်အတွင်းမာ သူ ဆံပင်ညှပ်သင်တန်းလေး တတ်ချင်လို့ပါ အသဲရယ် ဆိုလို့
အသိတွေ ဆီက ပတ်ချေးပြီး ၁၀သိန်းပေးခဲ့ပါတယ်
နောက် ၃ လလောက်ကြာမှ အဲ့ ပိုက်ဆံက
သူ နောက် saww ကို အမ်းလိုက်တယ်ဆိုတာ သူ့သူငယ်ချင်းတွေ ပြောမှ သိရတာပါ
အဲ့ ချိန် ကျမ ဒေါသ အလွန်ထွက်ပြီး သူ့ကို ပါးရိုက်တဲ့ထိ ကျမ လက်ပါလိုက်ပါတယ်
အာ့တာနဲ့ ကျမ တို့လမ်းခွဲလိုက်ပြီး ၆ လ ၇ လ လောက်ကြာတော့ သူကျမကို ပြန်လိုက်ပါတယ်
အိမ်ရှေ့မာ နေ့တိုင်း ကျမကို စောင့်ပြီး ဒူးထောက်တောင်းပန်
နောက်မလုပ်ေတာ့ပါဘူးဆိုတဲ့အခါကြတော့ ဒီ ငနဲမ က ခွင့်လွှတ်ပြီး ပြန်တွဲပါတယ်
အဲ့ချိန်ကနေ ဒီနှစ်၅လပိုင်းထိကျမ ကို ဘာမှ မေတာင်းသလို ကျမကလည်း ဘာမှ မတောင်းပါဘူး
၆လပိုင်း၉ရက်နေ့မာတော့ကျမကို သူ ဆံပင်ညှပ်ဆိုင်လေး ဖွင့်ချင်တယ် သဲလေး ကူပါဆိုလို့
ကျမ မိဘ ဆင်ထားတဲ့ လက်ဝတ်လက်စား ချွတ်
ေရာင်း ပိုက်ဆံလေးတွေ ချေးပြီး သူ့ကို သိန်း၅၀ပေးလိုက်ပါတယ်
သူက ကိုယ်တို့ ရှေ့ရေးအတွက်ပါ ငယ် ဆိုတဲ့ စကား တခွန်းကလွဲပြီး ဘာမှ မပြောခဲ့ပါဘူး
ဒါမယ့် ဒီတခါမာတော့သူက phout pyan တာမဟုတ်ဘဲ ကျမတို့ ပြဿနာ ဖြစ်ခဲ့တဲ့ ကောင်မလေးကို တင်တောင်းလိုက်ပါတယ်
ကျမက ဒါကို လွန်ခဲ့တဲ့ ၂၇ရက် ၉ လပိုင်း ကမှ အဲ့ကောင်မလေး သူငယ်ချင်းက လာပြောပြမှ သိရတာပါ
ကျမ ကို အဲ့ကောင်မလေးက တွေ့ချင်လို့ အားတဲ့နေ့တနေ့လောက်တွေ့ပါရစေ ဆိုလို့ သွားတွေ့တော့
သူခိုးက လူပြန်ဟစ် ဆိုသလို နောက်ဆုံးမှာ သူနိုင်ကြောင်း သူ့ရီးစားကို လာမပတ်သတ်ပါနဲ့ ဆိုပြီး စကားနာထိုးပါတယ်
တစ်ယောက်တစ်ခွန်း စကားများကာ ကျမလည်း အာ့ကောင်မကို ပါးတွေချည်း ၃ ၄ ချက်လောက်ပိတ်ရိုက်ကာ ပြန်ခဲ့တော့
သူက ဘာလို့ သွားရိုက်တာလဲ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ကျမကို ပြဿနာလာရှာပါတယ်
(သူ့ ကောင်မလေးကို ထိတော့ နာလိုက်ပုံများ) ကျမက ကျမ ဆီက ယူသွားတဲ့ ပိုက်ဆံတွေ ပြန်ဆပ်ပါ
အခုချက်ချင်းဆိုတော့ နင့်ဘာသာနင် မွှန်ပြီးပေးတာ ငါနဲ့မဆိုင်ဘူး ဆိုပြီး ပြောပါတယ်
ငါတို့က တန်ဆောင်တိုင်ကျော်ရင် ယူတော့မာမို့ ငါနဲ့ လာမပတ်သတ်နဲ့
နင့်လိုအပေါစားဆန်တဲ့ မိန်းမနဲ့ စကားပြောနေရတာ ရွံတယ်တဲ့
အခု ကျမကတော့ ပိုက်ဆံလေးတွေ ပြန်ဆပ်ပြီး ဟန်မပြတ် နေနေရပါတယ်
သူပြောသလို ကျမက အပေါစားဆန်သွားလားရှင်
နောက်မလုပ်တော့ပါဘူးဆိုတဲ့အခါကြတော့ ဒီ ငနဲမ က ခွင့်လွှတ်ပြီး ပြန်တွဲပါတယ်
အဲ့ချိန်ကနေ ဒီနှစ်၅လပိုင်းထိကျမ ကို ဘာမှ မတောင်းသလို ကျမကလည်း ဘာမှ မတောင်းပါဘူး
ရောင်း ပိုက်ဆံလေးတွေ ချေးပြီး သူ့ကို သိန်း၅၀ပေးလိုက်ပါတယ်