ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၄၈

ကျွန်မ မိသားစုရဲ့ အုပ်ထိန်းမှုအောက်နေထိုင်ရတဲ့ ကျွန်မဘဝလေးအကြောင်း ရင်ဖွင့် အကြံဉာဏ်တောင်းပါရစေရှင်😓

ကျွန်မက အသက်၂၂ နှစ်ရှိပါပီ

တစ်ဦးတည်းသောသမီးတစ်ယောက်ပါ

ငယ်စဉ်ကတည်းက မိဘ အုပ်ထိန်းမှု အောက် ကြီးပြင်းလာတဲ့ သူတစ်ယောက်ပါ

အိမ်ကိုလည်း မပိုင်ပါဘူး အခုအရွယ်ထိ အလုပ်လည်း ပေးမလုပ်သေးပါဘူး

ဘွဲ့ရပြီးမှ အလုပ်လုပ်ဆိုတဲ့ စကားနဲ့ ကျွန်မ ရဲ့ ဆန္ဒတွေကို ထိန်းချုပ်ထားပါတယ်😓 အခု တကယ်ဝမ်းနည်းနေရလို့ပါ

ငယ်စဉ်ကတည်းက ပညာရေးမှာလည်း တစ်နှစ်တစ်တန်းအောင်ပီး ဆယ်တန်းမှာလည်း ဂုဏ်ထူးရရှိခဲ့ပါသေးတယ်

သိတတ်စအရွယ်ကတည်းက ကိုယ်လုပ်ချင်တဲ့ ဆန္ဒတွေရှိခဲ့ရင်လည်း မိဘတွေကို ခွင့်တောင်းလို့ သူတို့ က ခွင့်မပြုဘူး

ဘယ်လိုဘယ်အကြောင်းရှိတယ်ဆိုလည်း မိဘစကားကို မငြင်းဆန်ခဲ့ဖူးပါဘူး

“အော် လူကြီးတွေ စိတ်မချတာ နားလည်ပါတယ်လေ ငါ ဒါလုပ်လို့လည်း ဘာမှအကျိုးရှိမှာလည်း မဟုတ်ပါဘူး” ဆိုပြီး နေလာခဲ့တဲ့သူပါ

၇ တန်း ၈ တန်း ကျောင်းနှုတ်ဆက်ပွဲ ဆရာမ မြို့နဲ့ သိပ်မဝေးတဲ့ ဘုရား ကို ကျောင်းသူကျောင်းသားတွေကို လိုက်ပို့မယ် ဆိုတုန်းကလည်း

အိမ်ကိုပထမဆုံး အကြိမ် ခွင့်မတောင်းဘဲ လိုက်ခဲ့ပါတယ် ခွင့်တောင်း ရင် ကျွန်မ လိုက်ခဲ့ရမှာမဟုတ်ဘူး

၇ တန်း ၈ တန်း အရွယ်ရောက်တော့လည်း သူငယ်ချင်းတွေနဲ့ အတူတောင် မြို့က ဘုရား ကို တစ်ခါမှအတူတူ မဖူးခဲ့ဖူးပါဘူး

( အိမ်နဲ့လည်း လမ်းလျှောက်သွားရင် ဆယ်မိနစ်လောက်ပဲကြာတဲ့ ဘုရားပါ) တစ်ယောက်ထဲ မိဘ မပါဘဲသွားခဲ့သူပါ

ဘော်ဒါတတ်တော့ ဘော်ဒါကနေ ဆရာမတွေက ကလေးတွေကို ခရီး ပို့ပေးတုန်းကလည်း

ကျွန်မ ကို စိတ်မချဘူးဆိုတဲ့အကြောင်းပြချက်နဲ့ လိုက်ဖို့ ခွင့်မပြုခဲ့ပါဘူး

အဲ့တုန်းကလည်း ကျွန်မ ငါမလိုက်ရလို့ ဘာမှမဖြစ်ပါဘူးဆိုတဲ့ အတွေးနဲ့ပဲ မိဘ ဆန္ဒလိုက်လျောပြီး မလိုက်ခဲ့ပါဘူး

ဆယ်တန်း ပြီးမှ အိမ်နားက သူငယ်ချင်းတစ်ယောက်နဲ့ တစ်ခါ ပဲ ဘုရားသွားခဲ့ဖူးပါတယ်

တက္ကသိုလ်ရောက်တော့လည်း ကျွန်မ ကိုယ်တိုင် day မတက်ချင်လို့ day တတ်ရင် ဘာမှမဟုတ်ဘဲ အချိန် ကုန်မှာစိုးလို့ အဝေးသင်ယူခဲ့ပါတယ်

အခုတတိယနှစ်ဖြေပြီးတဲ့အထိ အိမ်က ကားနဲ့ပဲ သွားပါတယ်

အသက် ၂၀ နောက်ပိုင်းမှသာ မဆိုသလောက်လေး ဆိုင်ကယ်စီးခွင့်ပေးပါ ညီမလေး နဲ့ တူတူ ထွက်ခဲ့ လို့ ကျွန်မ ထွက်ခွင့်ရခဲ့ပါတယ်

အဲ့တုန်းကလည်း အိမ်က ဆိုင်ကယ်စီးရင် စိတ်မချတာတို့ ဘာတို့ ပြောခဲ့ပါသေးတယ် 😞

ချစ်သူထားတုန်းကလည်း အိမ်ကိုအသိမပေးခဲ့ပါဘူး

ချစ်သူ ကလည်း ကလေ ကချေတစ်ယောက်မဟုတ်ပါဘူး သူ့အသိုင်းအဝိုင်းနဲ့သူ ရှိသင့်ရှိထိုက်တဲ့ အခြေအနေရှိပါတယ်

၆ လလောက်ရောက်မှ အိမ်က သိခဲ့တာပါ

သဘော မတူဘူးလို့လည်းမပြောခဲ့ သလို သဘောတူတယ်လည်း မပြောခဲ့ပါဘူး

ချစ်သူနဲ့ အပြင်တွေ့ရင်လည်း ခိုးတွေ့ခဲ့ရတာပါ အမြဲပဲ

ဘယ်သူငါတို့ကိုများတွေ့ပြီး အိမ်ကိုသွားပြောမလဲ ပဲတွေးပီး ရည်းစားဘဝ အတူသွားအတူစားလွတ်လပ်စွာ မသွားရပါဘူး

ကျွန်မ ကို အင်္ကျီအဝတ်အစား အစားအသောက် လိုလေသေးမရှိအောင်ထားပါတယ်

ကျွန်မ မိဘတွေရဲ့ သဘော ဆန္ဒတွေကို အမြဲ ကိုယ်ချင်းစာခဲ့တယ်

ချစ်သူနဲ့ တွေ့ဖို့လည်း ဒီ နှစ် ၈ လ ပိုင်း လောက်မှ မနည်း ပြောလို့ တရားဝင် တစ်လတစ်ခါတွေ့လို့ ပြောခဲ့ပါတယ်

နောက်ပိုင်းပြောလို့ ဆယ်ရက်တစ်ခါ ဆိုပီး ခွင့်ပြုပေးခဲ့တယ်

ဒါတောင် ၁၀ ရက်ပြည့်ရင်လည်း မနည်းပြောရတာပါပဲ

ကျွန်မ အိမ်မှာ မနေချင်တော့ဘူး

အပြင်ထွက်တဲ့ ကိစ္စနဲ့ပဲ ချုပ်ချယ်တာမဟုတ်ပါဘူး

ဖုန်း ကိုင်ရင်လည်း ဘာမဟုတ်တဲ့ ဖုန်းကိုမကိုင်ဖို့အမြဲပြောပြီး အသက် ၂၁ လောက်ထိ ဖုန်းမကြာခဏ သိမ်းသိမ်းခဲ့ပါတယ်

တစ်ခါသိမ်းရင် တစ်လ လောက်ထိ ကြာခဲ့ပါတယ်

ကျွန်မ ကို သိပ်တန်ဖိုးရှိအောင် သူများနဲ့မတူအောင် အမြင့်ကိုမျှော်မှန်းပီးထားထားတာ တဲ့

ယောကျာ်းလေး တစ်ယောက်နဲ့ လည်း ပေးတွဲပီး လူသိမခံစေချင်ဘူး တန်ဖိုးရှိတဲ့ သူတစ်ယောက် ဖြစ်စေချင်တာတဲ့

ကျွန်မ က ဟော့ရမ်းတဲ့သူတစ်ယောက်လည်း မဟုတ်ပါဘူး

ရည်းစားဆိုတာ လည်း အသက် ၂၀ မှ စထားခဲ့တာ ပါ

ကျွန်မချစ်သူနဲ့တွဲတာ နှစ် နှစ် ပြည့်ပါပီ ဒီလဆို

ကျွန်မ သူ့ကို အခုချိန် ယူဖို့စိတ်ကူးမရှိသေးပါဘူး ကျွန်မ မှာ ကျွန်မ ဖြစ်ချင်တဲ့ ဆန္ဒတွေ အများကြီးရှိပါသေးတယ်

👉ကျွန်မ ဟာတစ်နေ့ ဘယ်သူ့ ကိုမှ အားကိုးစရာမလိုတဲ့

ဘယ်သူ့အာဏာအောက်မှာ မှ နေစရာ မလိုတဲ့ သူတစ်ယောက် ဖြစ်ကိုဖြစ်ရမယ် ဆိုတဲ့ ဆန္ဒ ကျွန်မ မှာရှိတယ်

ကျွန်မ ဆန္ဒမပြည့် မချင်း ကျွန်မ ယောကျာ်းမယူဘူး

ဘာလို့လဲ ကျွန်မ သူများ အာဏာ အောက်နေရတဲ့ ဘဝ သိပ်ကိုစိတ်ကုန်လှပါပီ

ကျွန်မ အတွေး အခေါ်အနေ နဲ့

ကျွန်မ ဟာ ယောကျာ်းလေးတေ တရုန်းရုန်းနဲ့ ရည်းစား ထည်လဲ တွေးပြီး ဖြစ်ချင်တိုင်းဖြစ်နေတဲ့ သူမဟုတ်တဲ့အတွက်

ကျွန်မ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်နဲ့ ကျွန်မ ဘဝ ကျွန်မ လျှောက်လှမ်းချင်ပါပြီ

နိုင်ငံခြား သွားခွင့်ပြုပါလို့ ပြောတော့လည်း ကျွန်မကိုစိတ်မချလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်မ ကို မလွှတ်ပါဘူး

အိမ်မှာလည်း ကျွန်မ ကိုနုံလို့တဲ့ အမြဲပြောတယ်

ကျွန်မ လူတွေနဲ့ တွေ့ရင် စကားကို နားဝင် ဆီလျော်အောင်မပြောတတ်ပါဘူး

ကျွန်မ လူတွေနဲ့ ထိတွေ ပြောဆို ဆက်ဆံဖူးတဲ့

အတွေ့အကြုံလေးက အရမ်း သေးငယ်တယ်

ဒါပေမယ့် ကျွန်မ မှာ အိမ်က ငယ်စဉ်ကတည်းကပြောပြထားတဲ့ ရိုက်သွင်းဆုံးမပေးထားတဲ့ အသိဉာဏ်တွေရှိပါတယ်

အခုလည်း ချစ်သူနဲ့ ချစ်သူရဲ့ သူငယ်ချင်းအတွဲ တစ်တွဲရယ် မြို့နဲ့မဝေးတဲ့ နေရာ အလှူ လုပ်တာလေး လိုက်သွား ချင်တယ် ပြောတာ ခွင့်မပြုပါဘူး

တရားဝင်ဆိုတာ ပေးမတွဲနိုင်သေးဘူးတဲ့ သူ့အကျင့် သူ့မိသားစု အကြောင်းတွေလည်း ကျွန်မ ဘွဲ့ရပြီးမှ စုံစမ်းမယ် တဲ့

ကျွန်မ အရမ်းကို တောင်းဆို ဖူးတာ ဆိုလို့ ဒီနှစ်ထဲမှ သာ လူငယ် သဘာဝ ချစ်သူရည်းစားထားတာကို နားလည်ပေးဖို့ ပဲရှ်ပါတယ်

ကျွန်မ ဆန္ဒကလည်း ချစ်သူတွေ တစ်ပတ် သုံးခါလောက် အတူစားအတူသွား လေးဖြစ်ချင်တာပါ

မြို့ထဲမသွားရဘူးဆိုလည်း ရန်ကုန်ဖြစ်ဖြစ် သွားချင်တာ

လျှောက်လည်ကြချင်တာ အိမ်က မောင်ဝမ်းကွဲလေးခေါ်သွားမယ်ဆိုလည်း ကျွန်မ ချစ်သူ ကားမောင်းတာကို စိတ်မချဘူး ခေတ်ကာလမကောင်း ဘူးပြောပြန်တယ်

ကျွန်မ တို့ ဟော်တယ်သွာပြီး လိုက်မှား ယွင်းကြမှာ မှ မဟုတ်တာ ကျွန်မ ဖြစ်ချင်တာ အတူစား အတူသွားပျော်ချင်ယုံလေးပါ

👉နောက်ဆုံး

ကျွန်မ သူနဲ့ တွဲ လို့ အကယ်၍ လက်မထပ်ဖြစ်ခဲ့သည်ရှိသော်

ကျွန်မ ကို ယူမဲ့သူ မရှိတော့မှာ မဟုတ်ပါဘူး

ဒီခေတ် ဒီကာလနဲ့

ယူမယ့် ယောကျာ်း မရှိခဲ့သည်ရှိသော်လည်း ကျွန်မ မယူဘဲနေသွားမယ်

ကျွန်မ ရည်းစားထားခဲ့ဖူးတာကို အပြစ်တစ်ခု လိုပြောနေမယ့် ယောကျာ်း မျိုးကိုလည်း ကျွန်မ လုံးဝ ရွံရှာတယ်

ကျွန်မ ဘယ်ယောကျ်ားကိုမှ အားကိုးပီး ရှင်သန်မှာမဟုတ်ဘူး

ကျွန်မ အခုတွဲနေတဲ့သူရဲ့ အကျင့် စာရိတ္တကိုလည်း ကျွန်မလေ့လာနေတယ် သူမကောင်းဘူးလား ကျွန်မဖြတ်ဖို့ဝန်မလေးဘူး

ကျွန်မ သူ့ကို သိပ်ချစ်တယ်

ဒါပေမယ့် သူဟာ ကျွန်မကို စိတ်ဆင်းရဲစေမယ့်သူမျိုးဆိုရင် ကျွန်မ လက်လွှတ်လိုက်မှာ

ဒါပေမယ့် ကျွန်မရဲ့ မိဘ တွေက ဘာလို့များ အရမ်းကို ရှေးခေတ် အတွေးအခေါ်တွေဖြစ်နေကြတာလဲရှင့်

ကျွန်မ လွတ်လပ်ချင်ပြီ ကျွန်မ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကိုပဲ ချပြီး ဘဝမှာ ကောင်းမွန်စွာနေထိုင်သွားချင်တယ်

မနက်ဖြန်ဆိုတာ မသေချာ တဲ့ ကမ္ဘာ ကြီးထဲ အခု ဖြစ်ချင်တဲ့ ဆန္ဒ

( ချစ်သူ ရယ် ကျွန်မ ရယ် ချစ်သူရဲ့ စုံတွဲ တစ်တွဲ ရယ် အတူ အလှူ သွားလုပ်မှာလေးကို လိုက်ချင်တယ် )

ကျွန်မ ဘယ်တော့ tay မလဲ ကျွန်မ မသိပါဘူး

ကျွန်မ ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိတဲ့ အခု ဘဝ ကြီးကို အရမ်း စိတ်ကုန်နေပါပြီ😣

ကြၽန္မ မိသားစုရဲ႕ အုပ္ထိန္းမႈေအာက္ေနထိုင္ရတဲ့ ကြၽန္မဘဝေလးအေၾကာင္း ရင္ဖြင့္ အႀကံဉာဏ္ေတာင္းပါရေစရွင္😓

ကြၽန္မက အသက္၂၂ ႏွစ္ရွိပါပီ

တစ္ဦးတည္းေသာသမီးတစ္ေယာက္ပါ

ငယ္စဥ္ကတည္းက မိဘ အုပ္ထိန္းမႈ ေအာက္ ႀကီးျပင္းလာတဲ့ သူတစ္ေယာက္ပါ

အိမ္ကိုလည္း မပိုင္ပါဘူး အခုအ႐ြယ္ထိ အလုပ္လည္း ေပးမလုပ္ေသးပါဘူး

ဘြဲ႕ရၿပီးမွ အလုပ္လုပ္ဆိုတဲ့ စကားနဲ႔ ကြၽန္မ ရဲ႕ ဆႏၵေတြကို ထိန္းခ်ဳပ္ထားပါတယ္😓 အခု တကယ္ဝမ္းနည္းေနရလို႔ပါ

ငယ္စဥ္ကတည္းက ပညာေရးမွာလည္း တစ္ႏွစ္တစ္တန္းေအာင္ပီး ဆယ္တန္းမွာလည္း ဂုဏ္ထူးရရွိခဲ့ပါေသးတယ္

သိတတ္စအ႐ြယ္ကတည္းက ကိုယ္လုပ္ခ်င္တဲ့ ဆႏၵေတြရွိခဲ့ရင္လည္း မိဘေတြကို ခြင့္ေတာင္းလို႔ သူတို႔ က ခြင့္မျပဳဘူး

ဘယ္လိုဘယ္အေၾကာင္းရွိတယ္ဆိုလည္း မိဘစကားကို မျငင္းဆန္ခဲ့ဖူးပါဘူး

“ေအာ္ လူႀကီးေတြ စိတ္မခ်တာ နားလည္ပါတယ္ေလ ငါ ဒါလုပ္လို႔လည္း ဘာမွအက်ိဳးရွိမွာလည္း မဟုတ္ပါဘူး” ဆိုၿပီး ေနလာခဲ့တဲ့သူပါ

၇ တန္း ၈ တန္း ေက်ာင္းႏႈတ္ဆက္ပြဲ ဆရာမ ၿမိဳ႕နဲ႔ သိပ္မေဝးတဲ့ ဘုရား ကို ေက်ာင္းသူေက်ာင္းသားေတြကို လိုက္ပို႔မယ္ ဆိုတုန္းကလည္း

အိမ္ကိုပထမဆုံး အႀကိမ္ ခြင့္မေတာင္းဘဲ လိုက္ခဲ့ပါတယ္ ခြင့္ေတာင္း ရင္ ကြၽန္မ လိုက္ခဲ့ရမွာမဟုတ္ဘူး

၇ တန္း ၈ တန္း အ႐ြယ္ေရာက္ေတာ့လည္း သူငယ္ခ်င္းေတြနဲ႔ အတူေတာင္ ၿမိဳ႕က ဘုရား ကို တစ္ခါမွအတူတူ မဖူးခဲ့ဖူးပါဘူး

( အိမ္နဲ႔လည္း လမ္းေလွ်ာက္သြားရင္ ဆယ္မိနစ္ေလာက္ပဲၾကာတဲ့ ဘုရားပါ) တစ္ေယာက္ထဲ မိဘ မပါဘဲသြားခဲ့သူပါ

ေဘာ္ဒါတတ္ေတာ့ ေဘာ္ဒါကေန ဆရာမေတြက ကေလးေတြကို ခရီး ပို႔ေပးတုန္းကလည္း

ကြၽန္မ ကို စိတ္မခ်ဘူးဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ လိုက္ဖို႔ ခြင့္မျပဳခဲ့ပါဘူး

အဲ့တုန္းကလည္း ကြၽန္မ ငါမလိုက္ရလို႔ ဘာမွမျဖစ္ပါဘူးဆိုတဲ့ အေတြးနဲ႔ပဲ မိဘ ဆႏၵလိုက္ေလ်ာၿပီး မလိုက္ခဲ့ပါဘူး

ဆယ္တန္း ၿပီးမွ အိမ္နားက သူငယ္ခ်င္းတစ္ေယာက္နဲ႔ တစ္ခါ ပဲ ဘုရားသြားခဲ့ဖူးပါတယ္

တကၠသိုလ္ေရာက္ေတာ့လည္း ကြၽန္မ ကိုယ္တိုင္ day မတက္ခ်င္လို႔ day တတ္ရင္ ဘာမွမဟုတ္ဘဲ အခ်ိန္ ကုန္မွာစိုးလို႔ အေဝးသင္ယူခဲ့ပါတယ္

အခုတတိယႏွစ္ေျဖၿပီးတဲ့အထိ အိမ္က ကားနဲ႔ပဲ သြားပါတယ္

အသက္ ၂၀ ေနာက္ပိုင္းမွသာ မဆိုသေလာက္ေလး ဆိုင္ကယ္စီးခြင့္ေပးပါ ညီမေလး နဲ႔ တူတူ ထြက္ခဲ့ လို႔ ကြၽန္မ ထြက္ခြင့္ရခဲ့ပါတယ္

အဲ့တုန္းကလည္း အိမ္က ဆိုင္ကယ္စီးရင္ စိတ္မခ်တာတို႔ ဘာတို႔ ေျပာခဲ့ပါေသးတယ္ 😞

ခ်စ္သူထားတုန္းကလည္း အိမ္ကိုအသိမေပးခဲ့ပါဘူး

ခ်စ္သူ ကလည္း ကေလ ကေခ်တစ္ေယာက္မဟုတ္ပါဘူး သူ႔အသိုင္းအဝိုင္းနဲ႔သူ ရွိသင့္ရွိထိုက္တဲ့ အေျခအေနရွိပါတယ္

၆ လေလာက္ေရာက္မွ အိမ္က သိခဲ့တာပါ

သေဘာ မတူဘူးလို႔လည္းမေျပာခဲ့ သလို သေဘာတူတယ္လည္း မေျပာခဲ့ပါဘူး

ခ်စ္သူနဲ႔ အျပင္ေတြ႕ရင္လည္း ခိုးေတြ႕ခဲ့ရတာပါ အၿမဲပဲ

ဘယ္သူငါတို႔ကိုမ်ားေတြ႕ၿပီး အိမ္ကိုသြားေျပာမလဲ ပဲေတြးပီး ရည္းစားဘဝ အတူသြားအတူစားလြတ္လပ္စြာ မသြားရပါဘူး

ကြၽန္မ ကို အက်ႌအဝတ္အစား အစားအေသာက္ လိုေလေသးမရွိေအာင္ထားပါတယ္

ကြၽန္မ မိဘေတြရဲ႕ သေဘာ ဆႏၵေတြကို အၿမဲ ကိုယ္ခ်င္းစာခဲ့တယ္

ခ်စ္သူနဲ႔ ေတြ႕ဖို႔လည္း ဒီ ႏွစ္ ၈ လ ပိုင္း ေလာက္မွ မနည္း ေျပာလို႔ တရားဝင္ တစ္လတစ္ခါေတြ႕လို႔ ေျပာခဲ့ပါတယ္

ေနာက္ပိုင္းေျပာလို႔ ဆယ္ရက္တစ္ခါ ဆိုပီး ခြင့္ျပဳေပးခဲ့တယ္

ဒါေတာင္ ၁၀ ရက္ျပည့္ရင္လည္း မနည္းေျပာရတာပါပဲ

ကြၽန္မ အိမ္မွာ မေနခ်င္ေတာ့ဘူး

အျပင္ထြက္တဲ့ ကိစၥနဲ႔ပဲ ခ်ဳပ္ခ်ယ္တာမဟုတ္ပါဘူး

ဖုန္း ကိုင္ရင္လည္း ဘာမဟုတ္တဲ့ ဖုန္းကိုမကိုင္ဖို႔အၿမဲေျပာၿပီး အသက္ ၂၁ ေလာက္ထိ ဖုန္းမၾကာခဏ သိမ္းသိမ္းခဲ့ပါတယ္

တစ္ခါသိမ္းရင္ တစ္လ ေလာက္ထိ ၾကာခဲ့ပါတယ္

ကြၽန္မ ကို သိပ္တန္ဖိုးရွိေအာင္ သူမ်ားနဲ႔မတူေအာင္ အျမင့္ကိုေမွ်ာ္မွန္းပီးထားထားတာ တဲ့

ေယာက်ာ္းေလး တစ္ေယာက္နဲ႔ လည္း ေပးတြဲပီး လူသိမခံေစခ်င္ဘူး တန္ဖိုးရွိတဲ့ သူတစ္ေယာက္ ျဖစ္ေစခ်င္တာတဲ့

ကြၽန္မ က ေဟာ့ရမ္းတဲ့သူတစ္ေယာက္လည္း မဟုတ္ပါဘူး

ရည္းစားဆိုတာ လည္း အသက္ ၂၀ မွ စထားခဲ့တာ ပါ

ကြၽန္မခ်စ္သူနဲ႔တြဲတာ ႏွစ္ ႏွစ္ ျပည့္ပါပီ ဒီလဆို

ကြၽန္မ သူ႔ကို အခုခ်ိန္ ယူဖို႔စိတ္ကူးမရွိေသးပါဘူး ကြၽန္မ မွာ ကြၽန္မ ျဖစ္ခ်င္တဲ့ ဆႏၵေတြ အမ်ားႀကီးရွိပါေသးတယ္

👉ကြၽန္မ ဟာတစ္ေန႔ ဘယ္သူ႔ ကိုမွ အားကိုးစရာမလိုတဲ့

ဘယ္သူ႔အာဏာေအာက္မွာ မွ ေနစရာ မလိုတဲ့ သူတစ္ေယာက္ ျဖစ္ကိုျဖစ္ရမယ္ ဆိုတဲ့ ဆႏၵ ကြၽန္မ မွာရွိတယ္

ကြၽန္မ ဆႏၵမျပည့္ မခ်င္း ကြၽန္မ ေယာက်ာ္းမယူဘူး

ဘာလို႔လဲ ကြၽန္မ သူမ်ား အာဏာ ေအာက္ေနရတဲ့ ဘဝ သိပ္ကိုစိတ္ကုန္လွပါပီ

ကြၽန္မ အေတြး အေခၚအေန နဲ႔

ကြၽန္မ ဟာ ေယာက်ာ္းေလးေတ တ႐ုန္း႐ုန္းနဲ႔ ရည္းစား ထည္လဲ ေတြးၿပီး ျဖစ္ခ်င္တိုင္းျဖစ္ေနတဲ့ သူမဟုတ္တဲ့အတြက္

ကြၽန္မ ကိုယ္ပိုင္ဆုံးျဖတ္ပိုင္ခြင့္နဲ႔ ကြၽန္မ ဘဝ ကြၽန္မ ေလွ်ာက္လွမ္းခ်င္ပါၿပီ

ႏိုင္ငံျခား သြားခြင့္ျပဳပါလို႔ ေျပာေတာ့လည္း ကြၽန္မကိုစိတ္မခ်လို႔ ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ကြၽန္မ ကို မလႊတ္ပါဘူး

အိမ္မွာလည္း ကြၽန္မ ကိုႏုံလို႔တဲ့ အၿမဲေျပာတယ္

ကြၽန္မ လူေတြနဲ႔ ေတြ႕ရင္ စကားကို နားဝင္ ဆီေလ်ာ္ေအာင္မေျပာတတ္ပါဘူး

ကြၽန္မ လူေတြနဲ႔ ထိေတြ ေျပာဆို ဆက္ဆံဖူးတဲ့

အေတြ႕အႀကဳံေလးက အရမ္း ေသးငယ္တယ္

ဒါေပမယ့္ ကြၽန္မ မွာ အိမ္က ငယ္စဥ္ကတည္းကေျပာျပထားတဲ့ ႐ိုက္သြင္းဆုံးမေပးထားတဲ့ အသိဉာဏ္ေတြရွိပါတယ္

အခုလည္း ခ်စ္သူနဲ႔ ခ်စ္သူရဲ႕ သူငယ္ခ်င္းအတြဲ တစ္တြဲရယ္ ၿမိဳ႕နဲ႔မေဝးတဲ့ ေနရာ အလႉ လုပ္တာေလး လိုက္သြား ခ်င္တယ္ ေျပာတာ ခြင့္မျပဳပါဘူး

တရားဝင္ဆိုတာ ေပးမတြဲႏိုင္ေသးဘူးတဲ့ သူ႔အက်င့္ သူ႔မိသားစု အေၾကာင္းေတြလည္း ကြၽန္မ ဘြဲ႕ရၿပီးမွ စုံစမ္းမယ္ တဲ့

ကြၽန္မ အရမ္းကို ေတာင္းဆို ဖူးတာ ဆိုလို႔ ဒီႏွစ္ထဲမွ သာ လူငယ္ သဘာဝ ခ်စ္သူရည္းစားထားတာကို နားလည္ေပးဖို႔ ပဲရွ္ပါတယ္

ကြၽန္မ ဆႏၵကလည္း ခ်စ္သူေတြ တစ္ပတ္ သုံးခါေလာက္ အတူစားအတူသြား ေလးျဖစ္ခ်င္တာပါ

ၿမိဳ႕ထဲမသြားရဘူးဆိုလည္း ရန္ကုန္ျဖစ္ျဖစ္ သြားခ်င္တာ

ေလွ်ာက္လည္ၾကခ်င္တာ အိမ္က ေမာင္ဝမ္းကြဲေလးေခၚသြားမယ္ဆိုလည္း ကြၽန္မ ခ်စ္သူ ကားေမာင္းတာကို စိတ္မခ်ဘူး ေခတ္ကာလမေကာင္း ဘူးေျပာျပန္တယ္

ကြၽန္မ တို႔ ေဟာ္တယ္သြာၿပီး လိုက္မွား ယြင္းၾကမွာ မွ မဟုတ္တာ ကြၽန္မ ျဖစ္ခ်င္တာ အတူစား အတူသြားေပ်ာ္ခ်င္ယုံေလးပါ

👉ေနာက္ဆုံး

ကြၽန္မ သူနဲ႔ တြဲ လို႔ အကယ္၍ လက္မထပ္ျဖစ္ခဲ့သည္ရွိေသာ္

ကြၽန္မ ကို ယူမဲ့သူ မရွိေတာ့မွာ မဟုတ္ပါဘူး

ဒီေခတ္ ဒီကာလနဲ႔

ယူမယ့္ ေယာက်ာ္း မရွိခဲ့သည္ရွိေသာ္လည္း ကြၽန္မ မယူဘဲေနသြားမယ္

ကြၽန္မ ရည္းစားထားခဲ့ဖူးတာကို အျပစ္တစ္ခု လိုေျပာေနမယ့္ ေယာက်ာ္း မ်ိဳးကိုလည္း ကြၽန္မ လုံးဝ ႐ြံရွာတယ္

ကြၽန္မ ဘယ္ေယာက်္ားကိုမွ အားကိုးပီး ရွင္သန္မွာမဟုတ္ဘူး

ကြၽန္မ အခုတြဲေနတဲ့သူရဲ႕ အက်င့္ စာရိတၱကိုလည္း ကြၽန္မေလ့လာေနတယ္ သူမေကာင္းဘူးလား ကြၽန္မျဖတ္ဖို႔ဝန္မေလးဘူး

ကြၽန္မ သူ႔ကို သိပ္ခ်စ္တယ္

ဒါေပမယ့္ သူဟာ ကြၽန္မကို စိတ္ဆင္းရဲေစမယ့္သူမ်ိဳးဆိုရင္ ကြၽန္မ လက္လႊတ္လိုက္မွာ

ဒါေပမယ့္ ကြၽန္မရဲ႕ မိဘ ေတြက ဘာလို႔မ်ား အရမ္းကို ေရွးေခတ္ အေတြးအေခၚေတြျဖစ္ေနၾကတာလဲရွင့္

ကြၽန္မ လြတ္လပ္ခ်င္ၿပီ ကြၽန္မ ေကာင္းမြန္တဲ့ဆုံးျဖတ္ခ်က္ေတြကိုပဲ ခ်ၿပီး ဘဝမွာ ေကာင္းမြန္စြာေနထိုင္သြားခ်င္တယ္

မနက္ျဖန္ဆိုတာ မေသခ်ာ တဲ့ ကမာၻ ႀကီးထဲ အခု ျဖစ္ခ်င္တဲ့ ဆႏၵ

( ခ်စ္သူ ရယ္ ကြၽန္မ ရယ္ ခ်စ္သူရဲ႕ စုံတြဲ တစ္တြဲ ရယ္ အတူ အလႉ သြားလုပ္မွာေလးကို လိုက္ခ်င္တယ္ )

ကြၽန္မ ဘယ္ေတာ့ tay မလဲ ကြၽန္မ မသိပါဘူး

ကြၽန္မ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ မရွိတဲ့ အခု ဘဝ ႀကီးကို အရမ္း စိတ္ကုန္ေနပါၿပီ😣