ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၄၉

ကိုယ့်နားမှာရှိနေတဲ့ချိန်တုန်းကတော့ ဂတိတွေအထပ်ထပ်ပေးခဲ့ပီး

လက်ထပ်ဖို့တူတူဆုံးဖြတ်ခဲ့ကျပီးမှ ခုကျတော့ တခြားတယောက်ဆီမှာတဲ့လား

သူ့တယောက်ကိုဘဲချစ်ခဲ့ပီးသူ့တယောက်ထဲဘဲလက်ထပ်ချင်ခဲ့တာပါ

အနားမှာရှိခဲ့တုန်းပေးခဲ့တဲ့ဂတိတွေက ကျမ စိက်ချမ်းသာဖို့အတွက်ပေးခဲ့တာတဲ့လား

ခုကျတော့တခြားသူဆီမှာရောက်နေတာ ကျမ စိက်ချမ်းသာတယ်ထင်နေလို့လား

တောင်းပန်ပါတယ်တဲ့ အဲ့စကားတခွန်းနဲ့ကျမကအဆင်ပြေမနေဘူးလေ

ကျမကိုထားခဲ့ပီး တခြားတယောက်ဆီမာရှိနေရအောင် နှစ်ယောက်ကြားမှာရှိခဲ့တဲ့အမှက်တရတွေကလွယ်လွယ်နဲ့မေ့ပျောက်နိုင်ပီလား

ခုချိန်ထိလက်မခံနိုင်သေးဘူး အိမ်မက်သာဆိုဘယ်လောက်ကောင်းလိုက်မလဲ

မင်းထားခဲ့တယ်လို့အိမ်မက် မက်ခဲ့ရင်တောင်အရမ့းငိုခဲ့တာလေ

ခုကတကယ်ကြီးထားခဲ့တာ ဘယ်လိုဖြေရမလဲ

မင်းနဲ့ဖူးစာမပါဘူးလို့ဟောတဲ့ဗေဒင်ဆရာကိုတောင် ကျမ စိက်ဆိုးခဲ့တာလေ

ခုတော့ ဘယ်လိုဖြေရမလဲ ကျမရင်တွေကွဲမတက်ပါဘဲ











