ပြောရမယ့်သူ မရှိလွန်းလို့ ရင်ဖွင့်ပါရစေ
အိမ်ထောင်သက် ၁၄နှစ် ခလေး၂ယောက် ရှိပါတယ်
မိဘသဘောမတူ အခြေအနေမတူတဲ့ဘဝ၂ခုပေါင်းစပ်ခဲ့တာပါ
ပြည့်စုံအောင်လည်းထားတယ်
ပျော်အောင်လည်းထားပါတယ်
သို့ပေမယ့် အနားကပ် ပီးနောက်ကျောဓါးနဲ့မွှန်းနေသလိုခံစားရပါတယ်
အနီးအနားက အသိမိန်းခလေးတွေနဲ့ phout pyan ပါတယ်
သူပြောနေကြစကားတခွန်းက မင်းအနားအချိန်ပြ ည့်နေတယ်
ညအိပ်ညနေအပြင်မထွက်ဖူး အဲ့ဒါ phout pyan ခြင်းမဟုတ်ဖူးတဲ့
ဒါပေမယ့် ဖုန်းပြောတယ် သမီးရည်းစားလို ပုံပို့စာပို့တယ်
ကျွန်မတွေ့တယ် မေးတယ် ညင်းတယ် ကွာဖို့အကြိမ်ကြိမ်ကြိုးစားတယ်
ကတိပေးတယ် ထပ်လုပ်တယ် တခါဆို ခရီးထွက်သွားပြီး ဟိုတယ်ပုံတွေ သူတို့ပုံတွေတွေ့တယ်
သူ့ကို ရွံမုန်းမုန်းနေပေမယ့် ကိုယ့်သိက္ခာ မိဘသိက္ခာ သားသမီးမျက်နှာနဲ့ ခုချိန်ထိ
အိမ်ထောင်ကိူအဆုံးမသတ်နိုင်သေးတာပါပဲ
ခုလည်း မကြိုက်တာသိလည်းထပ်ကျူးလွန်နေတုန်းပါပဲ
အဆိုးဆုံးက သနားတယ် အနွံတာခံတဲ့ငါ့မိန်းမကို တသက်လုံးချစ်လိုက်ရတာ အဲ့လိုစကားတွေက
(ကိုယ့်အတွက်ရယ်စရာပျက်လုံးတခုဆိုတာတော့ သူမသိရှာဖူး )
ကိုယ့်အတွက်သူ့မိသားစုပတ်ဝန်းကျင်ကလည်းသဟဇာတ ဘယ်လိုမှမဖစ်ပြါဖူး
စိတ်တွေဟာလေ သူ့ဂနာမငြိမ်တာတွေကြည့်ပီး ငါဘာမက်မောနေသလဲ
ဘာအတွက်သည်းခံနေမိတာလည်း ဆိုတဲ့စိတ်တွေဖြစ်မိလို့ပါ
သူ့ကိုကိုယ်ခံစားနေရသလို ပြန်ခံစားရစေချင်တယ်
ညီမ ဘာလုပ်သင့်လဲ စိတ်ဓာတ်ခွန်အားနည်းပေးလမ်းပြ ပေးကြပါ
သားသမီး တွေသူ့ဖေကို အကြည်အညိုပျက်မှာကြောက်လို့ဖုံးဖိနေရတာကို မုန်းလှပြီ
ဘာလုပ်သင့်လဲဟင် ခုပြောတာအတိုချုပ်ပါ
လက်တွေ့သူကျူးလွန်တာဒီထက်မကပါ
အရင်ဘဝ ဝဋ်ကျွေး နောက်ဘဝထပ်ပီးရေစက်မပါစေနဲ့လို့ဆုတောင်းမိတယ်
အိမ်ထောင်ကိုအဆုံးမသတ်နိုင်သေးတာပါပဲ