သူ့မှာအရင်ကောင်မလေးရှိတာသိတယ်
လိုင်းပေါ်မှာပဲကြိုက်တာလို့ပဲသိခဲ့တယ်
ကိုယ်နဲ့ရင်းနီးပြီးနောက်ပိုင်း ပျက်သွားပြီလို့ပြောပါတယ်
အချိန်ကြာတော့ သူနဲ့ကျမချစ်သူတွေဖြစ်သွားတယ်
လပိုင်းကြာပြီးတဲ့အခါမှသိရတာက
သူပြောတဲ့လိုင်းပေါ်ကကြိုက်တာ၅လပဲရှိပါသေးတယ်ဆိုတဲ့ အမက
သူနဲ့အပြင်မှာကြိုက်တာ ၅နှစ်ရှိပြီဆိုတာသိခဲ့ရတယ် ယူမယ်ဆိုယူလို့ရမယ့်လူတွေပေါ့
အဲ့တာကိုသိတဲ့အချိန် ကျမအရူးလိုပါပဲ
သွေးရူးသွေးတန်းဖြစ်ခဲ့ရတယ်
နေ့တိုင်းညတိုင်းငိုခဲ့ရတယ် သူကလဲအတော်ဟန်ဆောင်ကောင်းခဲ့ပါတယ်
ဖုန်းနံပတ်ကိုနမည်အမျိုးမျိုးမှတ်ထားပြီးကျမကိုသူ့ဖုန်းလာရင်အလုပ်ကိစ္စတေမို့ဘယ်ဖုန်းမှမကိုင်ပါနဲ့လို့မှာပါတယ်
ကျမကလဲသူများအတွင်းရေးမို့သူပြောသလိုပဲနေပေးခဲ့ပါတယ်
ကျမသူ့ဖုန်းယူထားတဲ့တစ်ရက်မနက်၁နာရီခွဲမှ ဖုန်းတလုံးဝင်လာတယ်
မှတ်ထားတာတော့အလုပ်နဲ့ဆိုင်တဲ့တစ်ယောက်ပါ
ကျမအဲ့တည်းကသံသရဝင်မိခဲ့တယ် ဖုန်းနံပတ်ကိုတော့တိတ်တိတ်လေးမှတ်ထားလိုက်တယ်
အဲ့ကနေစပြီးကျမသူ့အကြောင်းတွေသိရပါတော့တယ်
၅နှစ်ဆိုတဲ့အတိုင်းသူတို့ရဲ့ရင်းနှီးမှုက အိမ်ထောင်တစ်ခုလိုပါပဲ သူ့အမေနဲ့လဲသိပ်ရင်းနှီးတာပေါ့
အဲ့ကိစ္စတွေကျမသိတော့အချိန်ကနောက်ကျခဲ့ပြီလေ
နောက်ဆုတ်ဖို့လဲကျမမတတ်သာတော့ဘူး ရှေ့တိုးရမှာလဲတဖက်အမကိုအားနာမိတယ်
သူကကျမကိုပဲရွေးချယ်ပါတယ်တဲ့လေ
အဲ့လိုနဲ့ကျမစိတ်ဖြေပေးအလိုက်သင့်နေပေးလာပေမယ့် သူကျမမသိအောင်ဖုန်းတွေပြောတယ်
စာတေပို့တယ် သူ့အကောင့်ကျမယူထားတာသူမသိရှာဖူး
ကျမသူတို့ပြောသမျှရင်နာနာနဲ့ဖတ်ခဲ့ရတယ် ကျမသည်းမခံနိုင်တဲ့အဆုံးပေါက်ကွဲမိတယ်
အဲ့ကိစ္စနဲ့ပဲနေ့တိုင်းပြသနာတတ်ခဲ့ရတယ်ကျမလဲသေမလိုငိုခဲ့ရစိတ်ဓာတ်တွေလဲကျခဲ့ရတယ်
အခုအချိန်တစ်ခုရောက်လာတော့သူလဲဟိုအမကိုမဆက်သွယ်တော့ပါဘူး
အေးအေးချမ်းချမ်းဖြစ်နေဆဲပါပေါ့
ဒါပေမယ့်ကျမစိတ်ထဲတစ်ခုခုခံစားနေရတုန်းပဲ ကျမကပဲသူတို့ကိုခွဲမိခဲ့တာလား
ကျမမှားခဲ့လို့ခုထိကျမပဲခံစားနေရတာလားပေါ့ ကျမဘက်ကျလဲအလိမ်ညာပဲသိခဲ့ရတာလေ
နောက်ဆုတ်မရတဲ့အချိန်ရောက်မှသိခဲ့ရတယ်ဆိုတော့လဲဘာမှမတတ်သာတော့ဘူး
ဒါတောင်ကျမအဲ့အမတွက်တွေးပီး မိန်းကလေးချင်းကိုယ်ချငိးစာလို့
“အမပြန်ပြေလည်အောင်ပြောကျိပါ ညမဆက်သွယ်ဖျက်ပေးပ့မယ်”ပြောတော့လဲ
အကို့အမေကိုကျမကစာတွေပို့တယ် မဟုတ်တာတွေပြောတယ်ဆိုပြီးပြန်ချွန်ပါလေရော
ကျမကစိတ်ရင်းနဲ့ပြောတော့လဲဆော်ကားခံရပြန်ရော
ဒီကြားထဲလဲ အကို့အမေနဲ့အမျိုးမျိုးအမြင်မကြည်အောင် ကျမကသူ့ကိုဒါမျိုးလုပ်ပေးနိုင်တယ်အမထက်သာတယ်ဘာညာဆိုပြီးစာတယ်ပို့ပါတယ်လို့ချွန်ပြန်ရော
ကျမလဲတော်တော်စိတ်ပျကိသွားတယ်
အဲ့နောက်ကျမလဲကောင်းတာရောဆိုးတာရောဘာမှဆက်သွယ်မနေတော့ပါဖူး
အခုအကိုနဲ့ကအဆင်ပြေတယ်ဆိုပေမယ့်လဲအချိန်တခုရောက်မှ အဲ့အမနဲ့ပြန်အဆင်ပြေသွားရင်ရော ကျမဘလိုနေရမလဲ
အခုအဖြစ်ပျက်မှာရောကျမကစနှိုက်ဖြစ်သွားတာလား အများအမြင်မှာတော့တကယ်ဗီလိန်ဖြစ်ရတာပေါ့လေ
ကျမကတော့ဘာမှမသိခဲ့ရတာအမှန်ပါပဲ အကိုကတော့ကျမအပေါ်အတော်ကောင်းရှာအနစ်နာခံရှာပါတယ်
ဒါပေမယ့်ကျမစိတ်ထဲမှာသူတို့ပက်သက်မှုကိုမဖြေနိုင်ဖူးခုထိပဲ
ကျမဘာဆက်လုပ်သင့်လဲ
ကျမဘာဆက်လုပ်သင့်လဲ