ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၅၃

ညီမ မှာ ရင်ဖွင့်စရာလူမရှိလို့ပါ

အကြံဉာဏ်လေးလဲ ပေးဖို့တောင်းဆိုပါတယ်

စာရှည်သွားရင်လဲ ေတာင်းပန်ပါတယ်

ညီမ နဲ့ ညီမ ယောကျာ် နဲ့ စသိခဲ့တာ onile ပေါ်ကပါ စစသိချင်းနေ့မှာပဲ စကားတွေ အများကြီး ပြောဖစ်ကြပါတယ်

နေ့တိုင်းပြောဖစ်ပီး ညီမတို့ 23.1.2022 မှာ ရည်းစားစဖစ်ပါတယ်

မဖစ်ခင်ထဲက သူ့မှာ ကောင်မလေး ရှိတယ်မလား မေးတော့ အရင်က ရှိတယ် ပြတ်သွားပါပီလို့ပြောပါတယ်

ညီမ ကို သူက အရမ်းဂရုစိုက်ပါတယ် စဖစ်ထဲက သူနဲ့က ခနခန စကားများလေ့ရှိပါတယ်

ညီမ သူနဲ့ ရည်းစားဖစ်ပီး လဝက်လောက်မှာ သူနဲ့ သွားတွေ့ဖစ်ပါတယ် သူနဲ့ တွေ့တော့လဲ သူက အစစအရာဂရုတစိုက်နဲ့ ထားပါတယ်

အရမ်းလဲ ချစ်ပေးတယ် တွေ့ပီးလဲ ကြားထဲမှာ သူစိတ်မချလို့ဆိုပီး ခနခန စကားများပီး ပြတ်မလိုခနခန ဖစ်ပါတယ်

ဒါမဲ့ မပြတ်ပါဘူး နောက်တော့ သူက စိတ်မချဘူး မခွဲနိုင်ဘူး ဆိုပီး ညီမဆီလိုက်လာပါတယ်

14.3.2022 မှာ သူရောက်လာပီး ညီမတို့ ယူလိုက်ကြပါတယ် တူတူနေတော့လဲ ခနခန ရန်ဖစ်ပါတယ်

ဖစ်သမျှတိုင်းကလဲ ဘာမှမဟုတ်ပဲ စကားများရန်ဖစ်ကြတာပါ

တရက်ကျတော့ သူ့အရင်ကောင်မက ဖုန်းဆက်လာပါတယ်

သူ့အမတွေဆီ သူ့ဆီ ပိုက်ဆံလှမ်းတောင်းနေတယ်ဆိုပီး အဲ့ချိန် ညီမ ရှိတော့ ပြသနာဖစ်ပီး အဲ့ကောင်မကို ဖုန်းဆက်ခိုင်းပီး ရှင်းခိုင်းပါတယ်

သူဆက်ပေးပါတယ် သူ့အရင်ကောင်မက သူ့ကို သူတို့နှစ်ယောက်လက်ထပ်ဖို့ စုထားတဲ့ ပိုက်ဆံ ကို ပြန်တောင်းပါတယ်

ညီမ ယောကျာ်ကတော့ သူလိမ်နေတာဆို ပီး အဲ့ကောင်မ ကို ဆဲပါတယ်

ပီးရင် အဲ့ကောင်မက သူတို့နှစ်ယောက် ဘယ်လိ​ု ဖစ်တယ် ဘယ်နေ့မှာ အိပ်တယ်တေက အစ ပြောလာပါတယ်

ညီမလဲ ဘာမှနောက်ပြန်ဆုတ်လို့ မရတော့တာမို့ အဲ့ကောင်မ ကို ညီမ ယောကျာ် အတိတ်မှာ ဘာပဲ ဖစ်ခဲ့ ဖစ်ခဲ့ ခုညီမ တို့လက်ထပ်ပီးပီ ဆိုတာ ပြောခဲ့ပါတယ်

ဒါမဲ့ အဲ့ကောင်မ က ညီမ ယောကျာ်ကို မောင်ရယ် မ ဘာအမှားတေများ လုပ်လို့လဲ ဆိုပီး ပြောပါတယ်

ညီမ ကိုလဲ သူတို့မပြတ်သေးဘူးဆိုပီး ပြောပါတယ်

နောက်ကျ သူမျိုးစုံပြောတာမရတော့ ပိုက်ဆံ ပေး ပိုက်ဆံ၁၇သိန်း ရရင် ပိးပီ ဆိုပီး ပြောလာပါတယ်

ညီမ ယောကျာ်ကလဲ သူ့ကို ပေးထားတာ အဲ့လောက်မရှိဘူး မပေးနိုင်ဘူးလို့ ပြောလိုက်ပါတယ်

အဲ့နေ့က ညီမ တို့လင်မယား အကြီးကျယ် ပြသနာ တက်ပီး ကွဲမလို ဖစ်ခဲ့ပါတယ်

ညီမ ကွဲမယ်ပြောတာ ညီမ ယောကျာ်က မကွဲပေးပါဘူး

သူပြန်တောင်းပန်ပီး ဝန်ခံပါတယ် ညီမ ယောကျာ် ဘက်က ပြတ်ပီ လို့ ပြောတုန်းက သူဘာမှမပြောခဲ့ဘူး တဲ့

သူ့ဘာလို ဖျက်တာလဲ ဆိုတော့ သူတို့ ရွာ မီးရှို့ ခံရပီး သူတို့ မိသားစု စစ်တပ်ထဲ သွားနေတော့ အဲ့ ထဲက စစ်သားနဲ့ phout pyan နေခဲ့လို့

ပီးတော့ သူတို့မိသားစုက ဒလန်ဖစ်နေလို့ ဖျက်ခဲ့တာတဲ့ ပိုက်ဆံ ကိစ မေးတော့ ၁၇သိန်း မယူခဲ့ပါဘူးတဲ့

သူနဲ့ ဖစ်တုန်းကတော့ ကြားထဲမှာ ဖိနပ်ဝယ်ဖို့ ၃သိန်း ပဲ ေပးထားတယ်ပြောပါတယ်

ညီမလဲ သူ့ကို ပြတ်ပီဆိုရင် တခါထဲ စာရင်းရှင်းထားဖို့ပဲ ပြောလိုက်ပါတယ်

အဲ့တာပီး တော့ အဲ့ကောင်မ က ညီမယောကျာ် နဲ့ ပတ်သတ်တဲ့ သူတေ မိသားစုဝငိတွေကို ပိုက်ဆံလိုက်တောင်းပါတယ်

သူ့အိမ်က လူတေက ညီမ နဲ့ အတူနေနေတာ တိရဲ့သားနဲ့ အဲ့ကောင်မ နဲ့ ပေးစားဖို့ အတင်းပြန်ခေါ်ပါတယ်

အဲ့ကောင်မနဲ့ သူနဲ့က သူတို့မိသားစုက သဘောတူထားပီးသားပါ

ယူဖို့ ထိ ဖစ်ခဲ့တယ်လို့လဲ ပြောပါတယ် ညီမ မှာ သူ့မိဘတေကြောင့်လဲ နေ့တိုင်းစိတ်ဆင်းရဲရပါတယ်

ညီမ ကိုတောင် မမြင်ဖူးပဲ နာမည်တောင်မတိပဲ fb acc မှာ Tik Tok acc တွေ့ပီး ရှာပီး တော့ မှိုချိုး မြစ်ချိုး

သူ့အဒေါ်တွေ သူ့အမေရယ်က ပြောပါတယ်

အဲ့နေ့ကလဲ ပြသနာဖစ်ကြပါတယ် နောက်နေ့ သူ့အကို လာတောင်းပန်တာလိုလို နဲ့ အိမ်လာပါတယ်

ပါးစပ်ကတော့ တောင်းပန်တာ တခွန်းမပါပါဘူး သူ့ညီဘက် သူပြောပီး ပြန်သွားတာပါ

​​ညီမတို့ အဲ့လိုနဲ့ တူတူနေလာတာ ၆ လလောက်ရှိပါပီ ကြားထဲမှာ သူ့အိမ်ကလဲ တပြားတချပ်မှ မပေးခဲ့ပါဘူး ကျိလဲ မကျိပါဘူး

ညီမ အိမ်ကသာ အဆင်မပြေပေမဲ့ တတ်နိုင်သလောက်ပေးခဲ့တာပါ

နှစ်ယောက်တူတူ ကြိုးစား ရုန်းကန်လာတာပါ

ခုညီမတို့ ပြသနာ တေ ဖစ်တော့မှ အရာအားလုံး ညီမ ကိုပဲအပစ်ပုံ ချပီး ညီမယောကျာ် ကို ညီမနဲ့ မပတ်သတ် နဲ့တော့ မဆက်သွယ်နဲ့တော့ ဆိုပီး ပြောပါတယ်

ဒါမဲ့ ညီမ ယောကျာ်က ညီမ နဲ့ ဘယ်လို မှ မခွဲနိုင်ပါဘူး

သူညီမ ကို အရမ်းချစ်တာ ညီမ တိပါတယ် ညီမ ချစ်တယ်ဆိုတာထက် သူက ညီမ ကို ပိုချစ်ပါတယ်

ခုလဲ ညီမ တို့ နှစ်ယောက် အကြောင်းတခုကြောင့် ခွဲနေရတယ်

ညီမ ယောကျာ်ကိုတော့ ယုံကြည်တယ် ညီမ ကံကြမာ ကြီးကိုတော့ မယုံရဲဘူး

ညီမ ကို ထားသွားမှာလဲ ညီမ အရမ်းကြောက်တယ် ဘာဆက်လုပ်ရမလဲ

ညီမ မှာ သူနဲ့ ခွဲနေရတော့ ရူးမလိုပါပဲ တူတူနေကတည်းကတခါမှလဲမခွဲဖူးပါဘူး

တစ်ယောက်ထဲ အတွေးပေါင်းစုံနဲ့ အရမ်းလဲ နာကျင်ရတယ် ညီမ ယောကျာ်ကို အရမ်းချစ်ပါတယ်

သူလဲညီမကို ချစ်ပါတယ် ခုညီမ သူနဲ့ခွဲနေရတုန်း ခန ပိုက်ဆံစုဖို့ တရုတ်ပြည်ဘက် အလုပ်သွားလုပ်မလို့ စဥ်းစားနေတာပါ

အဲ့ဘက်မှာ Fb ဘာညာ သုံးလို့မရပါဘူး ဖုန်းပဲပြောလို့ရတာပါ

တော်ကြာညီမ နဲ့အဆက်သွယ်မရဘူးဆိုပီး သူ့အိမ်က စိတ်ကြိုက်ဖစ်ပီး ခွဲသွားမှာလဲ အရမ်းဆိုးရိမ်ပါတယ်

အလုပ်ကလဲ ၆လ အနည်းဆုံးလုပ်ရမှာပါ ညီမ ဘာဆက်လုပ်ရမလဲ ညီမ ကို အကြံဉာဏ်လေးတွေ ပေးဖို့ တောင်းဆိုပါတယ်



စာရှည်သွားရင်လဲ တောင်းပန်ပါတယ်

























သူနဲ့ ဖစ်တုန်းကတော့ ကြားထဲမှာ ဖိနပ်ဝယ်ဖို့ ၃သိန်း ပဲ ပေးထားတယ်ပြောပါတယ်























