ရင်ဖွင့်စာ
မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၅၅
မတင်ဖူးတော့ အမှားပါရင်ခွင့်လွတ်ပေးပါရှင့်
ညီမလိုရင်းတိုရှင်းလေးပဲရေးတော့မယ်နော
ညီမနဲ့ညီမကောင်လေးက တွဲလာတာသုံးနှစ်ပြည့်ပါပြီ (*)လဲဖြစ်ခဲ့ကြပါတယ်။
သူပုံစံကရိုးအေးတဲ့ပုံပါ အနေတည်ပြီး မိန်းမကိစ္စရှင်းတဲ့သူပါ။ညီမနဲ့တွေ့တုန်းကသူလုပ်တဲ့အလုပ်က ရတဲ့လစာနဲ့လုပ်တဲ့အလုပ်ကမတန်ပါဘူး။
ညီမကအဲ့အချိန်ကကျောင်းတတ်နေဆဲပါ။အဲကြောင့်သူ့ကိုအလုပ်ပြောင်းဖို့ ပညာရတဲ့အလုပ်ကို ရှာလုပ်ဖို့ညီမသူ့ကို အကြံပေးလိုက်ပါတယ်။
အဲ့ဒါနဲ့ သူအလုပ်ထွက်ပြီးအလုပ်လိုက်လျှောက်ပါတယ်။
သူပုံစံကရိုးအေးတဲ့အတွက် သူခုစလုပ်မဲ့အလုပ်ရဲ့အတွေ့အကြုံမရှိပေမဲ့လည်း အလုပ်ရှင်ကသဘောကျပြီ အလုပ်ရခဲ့ပါတယ်။
အဲ့အလုပ်မှာသူဝါသနာပါပြီးအလုပ်ကြိုးစားတယ် သူနေရာတစ်ခုရလာတယ်ဆိုတဲ့သဘောပါ။
အဲ့အလုပ်ကအသစ်ဝင်လာတဲ့မိန်ကလေးတွေဆိုလဲ သူကိုကြိုက်ကြပါတယ် အထာပေးကြတယ်
ဒါမဲ့သူမှာညီမရှိတယ်ဆိုပြီးငြင်းခဲ့တာပေါ့။သူအရင်အဆင်မပြေခင်က ညီမကိုပြောဖူးတယ်
‘ငါတို့တွေ ပိုက်ဆံတွေရှာနိုင်လာရင် မရှိသလိုပဲနေမယ်တဲ့ ကြွားကြွားဝါဝါမနေဘူးတဲ့
အဝတ်အသစ်တွေလဲမဝတ်ဘူးတဲ့ လူထင်ကြီးအောင်မနေဖူးနော်’ လို့ပြောတယ်
ညီမလဲမှတ်ထားတာပေါ့။သူက တွဲတာသုံးနှစ်ပြည့်ရင် သူ့အိမ်ကိုခေါ်သွားမယ် မိတ်ဆက်ပေးမယ်တဲ့။
သုံးနှစ်ပြည့်တဲ့နေ့မှာ သူ့အိမ်ကိုခေါ်သွားပါတယ် အကုန်လုံးက သဘောကောင်းတယ်
သူ့အိမ်မှာဆိုသူကအငယ်ဆုံး အရိုးဆုံးဖစ်တဲ့အတွက် သူ့အိမ်မကဘူး သူအမျိုးတွေကပါချစ်ကြတာ
ညီမကိုလဲ တစ်အိမ်ပြီးတစ်အိမ် ထမင်းဖိတ်ကြွေးကြတယ်။
သူကလိမ်တာကိုမကြိုက်တဲ့သူပါ။ ညီမက ကျောင်းတတ်ရမှာမို့ သူ့အိမ်မှာသုံးရက်လောက်ပဲနေပါတယ်။
ပြန်မလာခင်တစ်ရက်အလိုမှာပေါ့ သူmessengerကနေ ”ကိုကိုဘာလုပ်နေလဲတဲ့ ဖုန်းလဲမခေါ်စာလဲမပို့ဘူး စိတ်ပူတယ်တဲ့”
အဲ့စာကိုညီမတွေ့တော့ သူ့အလုပ်က ကောင်မလေးက စတာတဲ့
သူကအလုပ်မှာဆို အနေအေးတော့လူချစ်လူခင်ပေါပြီး စကြနောက်ကြတာတဲ့။
ညီမလဲယုံခဲ့ပါတယ် သူ့ကိုအဲ့လိုလူမှန်းမထင်လို့လေ။
မကြာပါဘူး အဲ့ကောင်မလေးက သူ့ဖုန်းနဲ့ဖုန်းခေါ်လာတော့ညီမကိုင်လိုက်တယ်
ညီမလည်းအကုန်ပြောပြလိုက်တော့ အဲ့ကောင်မလေးကငိုပါလို့ညီမကညီမကောင်လေးကိုစတာဆိုရင်ငိုစရာအကြောင်းမရှိဘူးလေ ဆိုပြီးသူ့
ကိုပြန်မေးပါတယ်
သူလည်းရုပ်နဲ့မလိုက်အောင်ထပ်လိမ်ပါတယ် ညီမလဲမယုံတစ်ဝက်ယုံတစ်ဝက်ဖစ်နေတာနဲ့
သူ့မသိအောင်အဲ့ကောင်မလေးကိုညီမဖုန်းနံပါတ်ပို့ပေးလိုက်တယ်
နောက်နေ့ပြန်လာတော့သူကအဆောင်မှာ နေခဲ့တယ်
ညီမကညီမအဆောင်ပြန်လာတဲ့လမ်းမှာအဲ့ကောင်မလေးညီမကိုဖုန်းခေါ်တယ် အဲ့ဒီတော့မှညီမအကုန်သိသွားတာ ။
သူနဲ့ညီမကတွဲတာသုံးနှစ်ပြည့်တဲ့နေ့မှာ သူနဲ့အဲ့ကောင်မလေးက သုံးလပြည့်သွားပါပြီး အဲ့သုံးလအတွင်းမှာ (**)ဖြစ်ပြီးသွားကြပါပြီ ။
ညီမလုံးဝကိုမယုံခဲ့ပါဘူး သူကအဲ့လိုလူမဟုတ်ဘူး သူမဟုတ်လောက်ဘူးထင်ခဲ့တာ
ဒါမဲ့သူ့ကိုသွားမေးတော့ သူက ဟုတ်တယ်။
ဘာဖစ်လို့လုပ်တာလဲမေးတော့ သူနဲ့ညီမက သုံးနှစ်မပြည့်ခင်သုံးလအလိုမှာ ရန်ဖစ်ကြပါတယ်
သူလည်းအရမ်းစိတ်ဆိုးတယ် ညီမလဲ အရမ်းစိတ်ဆိုးကြလို့ 3ရက်လောက်စကားမပြောပဲနေကြပါတယ်။
အဲချိန်မှာ phout pyan တာတဲ့။ညီမတော့ညီမရဲ့စိတ်ထဲမှာရန်ဖစ်ပြီးပြန်တည့်တာ အတွဲတိုင်းလိုလိုပဲမို့ သူ phout pyan နေတာညီမမသိပဲညီမကပဲအရင်ပြန်ခေါ်မိတာပါ။
သူphout pyan တဲ့ကောင်မလေးကလည်းသူ့အလုပ်ကပါပဲ
သူကအဲ့အလုပ်မှာ လုပ်သက်ကကြာပြီ မို့အဲ့ကောင်မလေးကမသိတာရှိရင်သူ့ကိုမေးပါတယ် အားကိုးပါတယ်ဆိုတဲ့သဘောပေါ့
ညီမတို့သုံးယောက်တွေ့ကြတော့ အဲ့ကောင်မလေးက ငိုပါတယ် ညီမကတော့ ဒေါသအပြည့်ပေါ့ အဲ့တော့သူရွေးချယ်လိုက်တဲ့လူကလည်အဲ့ကောင်မလေးပါ ညီမကအရွေးမခံပါဘူး ပြတ်ပြီလိုကိုယ်တိုင်ပြောခဲ့တာပါ ဒါမဲ့လဲတကယ်မပြတ်နိုင်ခဲ့ပါဘူး
နှစ်ယောက်ကြားမှာသူဗျာများနေတဲ့အချိန်မှာ အဲ့ကောင်မလေးကညီမကိုခေါ်တွေ့ပါတယ်
ညီမလည်းသွားတွေ့တော့ အဲ့ကောင်မလေးက သူ(အကောင်)ကညီမလေးကိုပိုချစ်တာတဲ့
အမကိုချစ်ညီတယညီမကိုမမှီဘူးတဲ့ ပြန်တွဲလိုက်ပါတဲ့
အဲ့ကောင်မလေးကသူ့ကိုအရမ်းချစ်တာပါ လက်ဆောင်ဆိုလဲ ဝယ်ပေးပါတယ် ဘယ်သွားသွားအဲ့ကောင်မလေးကအကုန်ခံတဲ့သဘောပါ
ညီမနဲ့သွားရင်တော့ သူပဲအကုန်ခံရတာများပါတယ်။
သူ့(အကောင်)သူငယ်ချင်းတွေကလည်း သူညီမကိုပိုချစ်တာတဲ့ အဲ့ကောင်မလေးက အထားအရမ်းပေးလို့ပြီးတော့ညီမနဲ့ရန်ဖစ်တော့ခနစိတ်ပါတာဘာဖစ်ညာဖစ်နဲ့ပေါ့
အဲ့ကောင်မလေးကိုယ်တိုင်ကလည်းငိုပြီး ပြန်တွဲဖို့လာပြောတယ် အကြောင်းမျိုးမျ်ုးကြောင့်ညီမနဲ့ပြန်တွဲဖစ်တယ်
ဒါမဲ့လည်အဲ့ကောင်မလေးနဲ့အဆက်အသွယ်မပြတ်ပါဘူး အလုပ်ဗန်းပြပြီးအဆက်အသွယ်ရှိကြတုန်းပါ
အလုပ်အရဆိုရင်ည11ဖုန်းပြောကြဖို့လိုလို့လာ;
အာ့နဲ့ညီမရန်ဖစ်ကြတာပေါ့ အဲ့ကောင်မလေးကိုညီမဖုန်းခေါ်မိတာပေါ့
ဖစ်ချင်တော့အလုပ်အချိန်မှာဖုန်းခေါ်မိတော့ သူရောအဲ့ကောင်မလေးကောညီမကိုအပြစ်တင်ကြပါတယ်
သူများအလုပ်လုပ်နေတဲ့အချိန်မှာ စိတ်အနှောက်အယှက်သွားပေးတယ် သူလည်းအလုပ်မှာအဆူခံရတော့မယ်ဆိုပြီး
ညီမလည်း နှစ်ယောက်ပေါင်းပြီးအပြောခံရတော့ အလုပ်ချိန်မှာဖုန်းခေါ်မိလို့ ညီမမှာပြန်တောင်းပန်ရပါတယ်
ညီမနဲ့သူပြန်အဆင်ပြေပါတယ်အဲကောင်မလေးနဲ့က အဲ့မှာတင်အဆက်ဖြတ်ခဲ့ကြတာပါ။
နောက်ပိုင်းမှာသိခဲ့ရတာကအဲ့ကောင်မလေးကသူ့ထက်သာတာတွေ့လို့သူ့ကိုညီမစီပြန်ပေးခဲ့တာပါ သူလည်းအဲ့ကောင်မလေးကိုတော်တော်မုန်းသွားတယ်ထင်ပါတယ်
အဲ့ကောင်မလေးအကြောင်းပြောရင် မကြိုက်ပါဘူး မကြိုက်လည်းညီမကနာအောင်ပြောတဲ့အခါတိုင်းသူဘားမှမပြောပါဘူး
သူအမှားမို့သူခံနိုင်အောင်နေမှာပါဆိုပြီပြောလာပါတယ် ခုတလောသူညီမပေါ်ကောင်းလာပါတယ်
သူလုပ်ခဲ့တာတွေနောင်တရပါတယ် သူမှားခဲ့တယ်သူအမြဲပြောပါတယ် ညီမခေါင်းထဲအဲ့အကြောင်းတွေပေါ်လာတိုင်းသူကမေ့လိုက်ပါ
ပြန်မတွေးနဲ့ နင်နဲ့ခံစားရမှာဆိုပြီ ပြောပါတယ် ညီမလည်းသူညီမနေရာမှာဆိုမေ့ပေးနိုင်ပါ့မလားဆိုပြီး
ညီမသူ့ကို ဖုန်းခေါ်ပြီးငါလည်းနင့်ပေါ် phout pyan ဖူးတယ်(**)လဲဖစ်ခဲ့ဖူးတယ်လို့ တမင်စမ်းပြောလိုက်တာပါ
သူဖုန်းချလိုက်ပြီးတနေကုန်ဖုန်းမခေါ်တော့ပါဘူး
ညီမလဲသိလိုက်ပြီလေ သူ့အမှားကိုတော့ မေ့ပစ်ခိုင်းပေမဲ့
သူကိုယ်တိုင်ခံရတဲ့အခါကျတော့သူခွင့်မလွတ်ချင်ပါဘူး အဲ့လိုလူကိုညီမဆက်တွဲသင်လား ဖြေပေးကြပါအုံး
ကိုပြန်မေးပါတယ်
အဲ့ကောင်မလေးကိုယ်တိုင်ကလည်းငိုပြီး ပြန်တွဲဖို့လာပြောတယ် အကြောင်းမျိုးမ်ျုးကြောင့်ညီမနဲ့ပြန်တွဲဖစ်တယ်