စာရှည်သွားပေမဲ့ အဆုံးထိဖတ်ပေးပြီး ဝေဖန်ပေးကြပါအူးရှင်
ပြောရမဲ့သူ မရှိ မဆုံးဖြတ်တတ်တော့လို ရင်ဖွင့်ပါရစေ အကြံလေးပေးကြပါအူးရှင်
ညိမက အသက် 22ထဲမှာပါ သူက အသက် 25ပါ အိမ်ထောင်ကျတာ 3နှစ်ထဲရောက်နေပါပြီ
သူကသူ့မိသားစုမှာအကြိးဆုံး ညိမက အငယ်ဆုံးပါ အရင်ကသူဆွေမျိုးကရော သူ့မိဘကရောမြောက်စားတာ ခံရတဲ့သူပါ
သူနဲ့ယူပြီး 2နှစ်လောက်က အရမ်းကောင်းခဲ့ပါတယ် ဒါမဲ့အကြီးဆုံးနဲ့အငယ်ဆုံးယူထားတော့ စကားခနခနများကြပါတယ်
စကားများပြီးရင်လည်း 1နာရီမကြာပါဘူး ပြန်တည့်ပါတယ် အ့ကတော့ ခုချိန်ထိပါပဲ
သူ့ကိုမကြိုက်တဲ့အချက်က အပေါင်းသင်းမက်ပြီး သူ့အပေါ်နဲနဲလေးကောင်းပြတဲ့သူဆို သူကအဲလူကို အဆ100မက ပြန်ကောင်းပေးတဲ့သူမျိုးပါ
အားနာတတ်တယ် စိတ်ရင်းကောင်းပါတယ် ဒေါသကြီးပါတယ်
သူက 2020 1လပိုင်းမှာဘွဲ့ရ ပြီးတာနဲ့ ညိမနဲ့တခါတည်းယူကြတာပါ
အဲတော့ညိမနဲ့ရမှ စီးပွားရေးစလုပ်တာပေါ့ စလုပ်လုပ်ချင်းမှာပဲ ဆရာတင်တဲ့သူမှားသွားခဲ့တယ်
သူဆရာတင်တဲ့သူက ဘေးပတ်ဝန်းကျင်မှာ နာမည်ပျက်ရှိနေခဲ့တယ်
အဲချိန်ကစပြီး ညိမတို့သိလိုက်ရတဲ့အချိန်ကစပြီးတော့ပေါ့နော်
မပေါင်းဖို့ပြောတယ် သူကမပေါင်းဘူးအဆက်သွယ်မလုပ်ဘူး
ဟိုဘက်က ဆက်သွယ်လာရင်လေ သူစိတ်ပျော့ပြီး အဲလူနဲ့အလုပ်တူတူပြန်လုပ်တော့တာပါပဲ
အဲလူက မကောင်းမှန်းလဲသူသိတယ် သူ့ဆီလည်းညိမတို့ 10သိန်းလောက်ရစရာရှိတယ်
အ့ကိုသူနဲ့လေ ဘလိုစိတ်နဲ့များ ပြန်လုပ်လဲစဉ်းစားမရပါဘူး
အဲလူနဲ့ပေါင်းပြီး ခုနောက်ပိုင်း ညဆို အိမ်ပြန်နောက်ကျတယ် ညိမတို့ခနခနစကားများခဲ့ရပါတယ်
အဲတာကြောင့်ညိမက သူ့ကိုမေးပါတယ် ကို သူနဲ့ သဲကို ဘယ်သူ့ကိုရွေးမှာလဲ ပြီးတော့ သူက သဲထက် အရေးပိုကြီးတာလားလို့မေးတော့လဲ
ဘသူ့မှတော့မရွေးချယ်ခဲ့ပါဘူး စီးပွားရေးကြောင့်ပတ်သတ်တာဆ်ုပြီးပဲပြောတယ် သဲကအရေးကြီးတယ်လဲပြောတယ်
အဲလူနဲ့သွားရင်ကို ဘေးပတ်ဝန်ကျင်းကအစ အထင်ေသးတဲ့မျက်လုံးတွေနဲ့ကြည့်ခံရတာပြောနေတာတွေကို သူသိတယ်
သူ့ဟာသူဆိုရတယ် ဟိုဘက်ကပြန်ဆက်သွယ်လာမှသာဖြစ်တာ ပါ
မသွားဖို့တားလဲ အလကားပါပဲ စကားများတာအဖတ်တင်ပါတယ်
စကားတွေမများချင်တော့လို့ ကွာပေးလို့ပြောတော့လည်း သူစိတ်တိုတဲ့အချိန်ပဲကွာမယ်ပြောပြီး စိတ်အေးသွားရင်ကျ မကွာပေးနိုင်ဘူး
ချစ်လို့မဝဘူးပဲပြောပါတယ် သူ့မိဘနဲ့သူ့အမျိုးတွေကတော့ ကလေးယူခိုင်းနေကြပါတယ်
ညိမတော့ မယူချင်သေူဘူးပေါ့ သူကခုလိုဆိုးနေတော့လေ မိန်းမကိစ္စတော့ကင်းပါတယ်
သူနဲ့လုပ်တူတူလုပ်နေတဲ့ကောင်က စတာလိုလို နောက်တာလိုလိုနဲ့ မြှောက်ပေးတာပါ
ညိမတို့ကသိတော့ အိမ်ကသူ့ကိုပဲပြောပါတယ်
သူကလေ သူ့မိဘနဲ့ညိမ အဲကောင်အကြောင်းပြောရင်ကို မကြိုက်တာ နင်တို့ညားနေတာလားမေးတော့ ဘာညာနဲ့ပြောပါတယ်
ညိမရွေးချယ်ခိုင်းတော့လဲ သူကမရွေးချယ်ဘူး ညိမလေ သူနဲ့ပဲရှေ့ဆက်ရမလား ကွာပဲကွာရမလား စဉ်းစားနေတယ်
ညိမလေးကလေ မပြတ်သားနိုင်ဘူးဖြစ်နေတာ🥲 ခု3နှစ်မြောက်ထဲမှာ စိတ်ချမ်းသာစရာသိပ်မရှိခဲ့ပါဘူး အရမ်းစိတ်ညစ်ရတယ်
သူ့မိဘစကားလဲ သူကသိပ်လက်မခံတော့ပါဘူးခုနောက်ပိုင်းမှာ
သူက ညိမလေးကို ဒေါသထွက်အောင်လုပ်ရင် ဖုန်းတွေခနခန ဆက်ပါတယ် ပွစိပွစိလဲ လုပ်ပါတယ်😌😌
သူကအပေါင်းသင်းမက်ပါတယ်
အဲတာလေ သူ့ကိုနားဝင်ေအာင်ဘလိုပြောရမလဲ ညိမလေးကရော ဘလိုဆင်ခြင်ရမလဲ ပေါင်းသင့်မပေါင်းသင့် ပြောပေးကြပါအူးနော်
အဲလူနဲ့သွားရင်ကို ဘေးပတ်ဝန်ကျင်းကအစ အထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်ခံရတာပြောနေတာတွေကို သူသိတယ်
အဲတာလေ သူ့ကိုနားဝင်အောင်ဘလိုပြောရမလဲ ညိမလေးကရော ဘလိုဆင်ခြင်ရမလဲ ပေါင်းသင့်မပေါင်းသင့် ပြောပေးကြပါအူးနော်