ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၅၇

ညီမလေး အသက်က၂၁ပါ

ပြည်ပမှာအလုပ်လုပ်ကိုင်နေပါတယ်

ညီမမှာအတူနေတဲ့ချစ်သူရှိပါတယ်တွဲလာတာ၄နှစ်ပြည့်တော့မှာပါ

အခုပြောချင်တာက ညီမဟာLGBTတစ်ယောက်ဖစ်နေတယ်လို့ကိုယ့်ကိုကိုယ်ထင်မိတယ်

LGBTအကြောင်းသိပ်နားမလည်ပါဘူး

ညီမချစ်သူကလဲယွကျားလေးတစ်ဦးပါ

ညီမဘဝမှာအခုချိန်ထိမိန်းကလေးအချင်းချင်း တွဲတာမျိုးတစ်ခါမှမလုပ်ဖူးပါဘူး

ဒါပေမယ့်ညီမရဲ့လိင်စိတ်က အမျိုးသားတွေထပ်အမျိုးသမီးအပေါ်မှာပိုပီးသာယာနေမိပါတယ်

မရှက်မရွံပြောရတာမို့အမှားပါရင်လဲခွင့်လွှတ်ကြပါ

LGBT တို့Gayတို့ဆိုတာ ညီမနဲ့အရမ်းမရင်းနှီးပေမယ့်ညီမအခုလိုခံစားနေရတာအတော်ကြာပါပီ

အသက်ကြီးလာမှပိုပီးသိလာတာပါ

အမျိုးသမီးတယောက်ဖြစ်ပါရဲ့တခြားအမျိုးသမီးအပေါ်မှာလိင်စိတ်တိမ်းညွှန့်တာတစ်ခုထဲနဲ့ကိုယ့်ကိုကိုယ်Gayလို့သတ်မှတ်လို့ရတာလားရှင့်

ညီမနားမလည်လို့ပါ ညီမမွေးကတည်းကနေအခုချိန်ထိအမျိုးသားတယောက်ကိုကြည့်ပီးတစ်ခါမှတကိုယ်ရည်အာသာဖြေခြင်းမျိုးမရှိဖူးပါဘူး

ညီမလက်ရှိချစ်သူနဲ့ချစ်လို့အတူရှိခဲ့ကြတယ်ဆိုပေမယ့်

ညီမဘက်ကအတူနေတိုင်းသာယာမူမျိုးမခံစားရပါဘူး

သူ့ဘက်ကမစွမ်းဆောင်နိုင်တာမဟုတ်ပဲညီမကိုယ်တိုင်ကိုကမသာယာမိတာပါ

ညီမဒါတွေကိုသိလို့လမ်းခွဲဖို့ကြိုးစားဖူးတယ်ညီမကိုယ်ညီမလဲအမျိုးသမီးတွေအပေါ်ပိုနှစ်သက်တယ်လို့ပြောပီးပွင့်ပွင့်လင်းလင်းလမ်းခွဲဖို့လုပ်ခဲ့တာပါ

ဒါပေမယ့်သူက ကိုကို့ဘက်က အကုန်ခွင့်လွှတ်ပေးနိုင်တယ်ကိစွမရှိဘူးတဲ့

အရေးကြီးတာသူညီမနဲ့အတူရှိနေရဖို့ပဲလိုတာပါတဲ့မထားသွားပါနဲ့တဲ့

ညီမအသစ်တွေ့လို့လဲမဟုတ်ပါဘူး

ညီမမှာချစ်ရတဲ့မိန်းကလေးလဲမရှိသေးပါဘူး

ညီမရဲ့စိတ်ကိုကအဲ့လိုဖစ်နေတာသိပီးတည်းကညီမသူနဲ့နေရတာမပျော်တော့ဘူးသူကအစစအရာရာပြည့်စုံသူပါ

ရသမျှလစာတပြားမချန်အပ်တဲ့အပြင် ဆေးလိပ်မသောက်အရက်မသောက်

မပွေမရူပ်ညီမကိုပဲသဲသဲလူပ်ချစ်တဲ့သူမို့လမ်းခွဲစကားပြောတိုင်းသူ့ဘက်ကပြောလာတဲ့အရာတွေကြောင့်

သူ့ကိုပြတ်သားဖို့ရာညီမမှာခက်နေပါတယ်

ညီမစိတ်တချိန်ချိန်မှာပြန်ပီးပြောင်းလဲလာခဲ့သည်ရှိသော်သူလိုလူမျိုးကိုလက်လွှတ်လိုက်ရမှာလဲစိုးရိမ်မိနေပါတယ်

ဒါမျိုးကလေအသက်ကြီးလာရင်ကောပြန်ပြောင်းလဲတတ်လားဟင်

ညီမကငယ်သေးလို့များလားဟင် ညီမကိုပြောပြပေးကြပါအုံးရှင်

ညီမေလး အသက္က၂၁ပါ

ျပည္ပမွာအလုပ္လုပ္ကိုင္ေနပါတယ္

ညီမမွာအတူေနတဲ့ခ်စ္သူရွိပါတယ္တြဲလာတာ၄ႏွစ္ျပည့္ေတာ့မွာပါ

အခုေျပာခ်င္တာက ညီမဟာLGBTတစ္ေယာက္ဖစ္ေနတယ္လို႔ကိုယ့္ကိုကိုယ္ထင္မိတယ္

LGBTအေၾကာင္းသိပ္နားမလည္ပါဘူး

ညီမခ်စ္သူကလဲယြက်ားေလးတစ္ဦးပါ

ညီမဘဝမွာအခုခ်ိန္ထိမိန္းကေလးအခ်င္းခ်င္း တြဲတာမ်ိဳးတစ္ခါမွမလုပ္ဖူးပါဘူး

ဒါေပမယ့္ညီမရဲ႕လိင္စိတ္က အမ်ိဳးသားေတြထပ္အမ်ိဳးသမီးအေပၚမွာပိုပီးသာယာေနမိပါတယ္

မရွက္မ႐ြံေျပာရတာမို႔အမွားပါရင္လဲခြင့္လႊတ္ၾကပါ

LGBT တို႔Gayတို႔ဆိုတာ ညီမနဲ႔အရမ္းမရင္းႏွီးေပမယ့္ညီမအခုလိုခံစားေနရတာအေတာ္ၾကာပါပီ

အသက္ႀကီးလာမွပိုပီးသိလာတာပါ

အမ်ိဳးသမီးတေယာက္ျဖစ္ပါရဲ႕တျခားအမ်ိဳးသမီးအေပၚမွာလိင္စိတ္တိမ္းၫႊန္႔တာတစ္ခုထဲနဲ႔ကိုယ့္ကိုကိုယ္Gayလို႔သတ္မွတ္လို႔ရတာလားရွင့္

ညီမနားမလည္လို႔ပါ ညီမေမြးကတည္းကေနအခုခ်ိန္ထိအမ်ိဳးသားတေယာက္ကိုၾကည့္ပီးတစ္ခါမွတကိုယ္ရည္အာသာေျဖျခင္းမ်ိဳးမရွိဖူးပါဘူး

ညီမလက္ရွိခ်စ္သူနဲ႔ခ်စ္လို႔အတူရွိခဲ့ၾကတယ္ဆိုေပမယ့္

ညီမဘက္ကအတူေနတိုင္းသာယာမူမ်ိဳးမခံစားရပါဘူး

သူ႔ဘက္ကမစြမ္းေဆာင္ႏိုင္တာမဟုတ္ပဲညီမကိုယ္တိုင္ကိုကမသာယာမိတာပါ

ညီမဒါေတြကိုသိလို႔လမ္းခြဲဖို႔ႀကိဳးစားဖူးတယ္ညီမကိုယ္ညီမလဲအမ်ိဳးသမီးေတြအေပၚပိုႏွစ္သက္တယ္လို႔ေျပာပီးပြင့္ပြင့္လင္းလင္းလမ္းခြဲဖို႔လုပ္ခဲ့တာပါ

ဒါေပမယ့္သူက ကိုကို႔ဘက္က အကုန္ခြင့္လႊတ္ေပးႏိုင္တယ္ကိစြမရွိဘူးတဲ့

အေရးႀကီးတာသူညီမနဲ႔အတူရွိေနရဖို႔ပဲလိုတာပါတဲ့မထားသြားပါနဲ႔တဲ့

ညီမအသစ္ေတြ႕လို႔လဲမဟုတ္ပါဘူး

ညီမမွာခ်စ္ရတဲ့မိန္းကေလးလဲမရွိေသးပါဘူး

ညီမရဲ႕စိတ္ကိုကအဲ့လိုဖစ္ေနတာသိပီးတည္းကညီမသူနဲ႔ေနရတာမေပ်ာ္ေတာ့ဘူးသူကအစစအရာရာျပည့္စုံသူပါ

ရသမွ်လစာတျပားမခ်န္အပ္တဲ့အျပင္ ေဆးလိပ္မေသာက္အရက္မေသာက္

မေပြမ႐ူပ္ညီမကိုပဲသဲသဲလူပ္ခ်စ္တဲ့သူမို႔လမ္းခြဲစကားေျပာတိုင္းသူ႔ဘက္ကေျပာလာတဲ့အရာေတြေၾကာင့္

သူ႔ကိုျပတ္သားဖို႔ရာညီမမွာခက္ေနပါတယ္

ညီမစိတ္တခ်ိန္ခ်ိန္မွာျပန္ပီးေျပာင္းလဲလာခဲ့သည္ရွိေသာ္သူလိုလူမ်ိဳးကိုလက္လႊတ္လိုက္ရမွာလဲစိုးရိမ္မိေနပါတယ္

ဒါမ်ိဳးကေလအသက္ႀကီးလာရင္ေကာျပန္ေျပာင္းလဲတတ္လားဟင္

ညီမကငယ္ေသးလို႔မ်ားလားဟင္ ညီမကိုေျပာျပေပးၾကပါအုံးရွင္