ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၅၈

ကျွန်မအရမ်းမွန်းကြပ်နေလို့ရင်ဖွင့်တာပါရှင့်

ကျွန်မကဘဲမှားနေသလား သူကဘဲ့မှားနေသလား မသိတော့ပါဘူး

သူနဲ့ကျွန်မညားတာအခုဆိုနှစ်နှစ်ကျော်ပါပြီရှင့် ကျွန်မနဲ့မနေခင် သူက အရမ်းဆိုးပါတယ်ရှင့်

သူ့အိမ်နဲ့လည်းအဆက်အသွယ်မလုပ်ပါဘူး ကျွန်မနဲ့နေပီးမှသူ့အိမ်နဲ့ဆက်သွယ်ပြီး သူ့အိမ်မာလိုက်နေရပါတယ်

သူ့အိမ်ဆိုလို့ သူတို့မိသားစုနေတဲ့အိမ်မာမနေရပါဘူး ဆိုင်ခန်းလေးမှာနေရတာပါ

ကျွန်မအသက်ကသူ့အသက်ထက်၂နှစ်ငယ်ပါတယ်ရှင့် ငယ်ငယ်လေးနဲ့ယူထားကြတာပါ

သူနဲ့ယူပီးမကြာပါဘူး သူက မာမားဘွိုင်းဖစ်လာပါတယ် အစက သူ့အမေနဲ့အဆက်သွယ်တောင်မလုပ်ပါဘူး

သူ့အမေစကား အားလုံးအမှန်ယူလာပါတယ် နောက်တော့ သူ့အမေက အမျိုးမျိုးနှိမ်ပါတယ်

သူ့အိမ်ပေါ်မာနေဘီး အသုံးမကျဘူးလို့လဲ အိမ်ဂိုလာသမျှလူတိုင်းဂိုပြောပါတယ် မဟုတ်မမှန်စကားတွေရောပါ

သူကိုပြောတော့ ကျွန်မဖက်က ဘာဆိုဘာမှမပြောပေးပါဘူး ဂရုလဲမစိုက်ပါဘူး

ဆေးသုံးလိုက် အိပ်လိုက်ပါဘဲ့ နောက်တေယ့သမီးလေးရပါတယ် သမီးလေးရတော့လဲမွေးဘီးတစ်ပတ်လောက်ပါဘဲ့

ဂရုစိုက်ပြတာပါ ပီးရင်ထုံးစံအတိုင်းပါဘဲ့ ဗိုက်ခွဲမွေးထားတာတောင် တစ်လမပြည့်ခင် အဝတ်လျော် အစုံလုပ်ရပါတယ်

သူ့အမေက ငါ့တုန်းကလဲလုပ်ခဲ့တာပါဘဲ ဘညမှမဖစ်ဘူးတဲ့ ကျွန်မသီးခံခဲ့တယ်

အခုတော့ သူ့အမေလက်အောက်ကရအောင်ခွဲထွက်လာပါပြီ ခွဲထွက်လာတဲ့နေကစပြီး အခုနေ့ထိ သူ့အမေဆီဂိုတစ်နေ့တစ်ခါဖုန်းဆက်ရပါတယ်

တစ်ရက်မှပျက်လို့မရပါဘူး ဖုန်းဆက်ပီးသင်ပေးပါတယ်

အလိုမလိုက်နဲ့ မလိုချင်ရင် အမေ့အိမ်လာ အမေရှာကျွေးမယ်တဲ့ နင့်မယားဂိုထားခဲ့ နင်တို့သားအဖဘဲပြန်လာ အဲလိုပြောတာပါ

ကျွန်မလေ အဲကိစနဲ့ နေ့တိုင်းရန်ဖစ်ရပါတယ် ကြာလာတော့စိတ်ကုန်လာပါပြီ ဘယ်လိုလုပ်သင့်သလဲ

အကြံညာဏ်လေးပေးကြပါဦး သမီးလေးက သူ့အဖေဂိုအရမ်းချစ်တော့ ကွာမယ်ဆိုလဲ သမီးလေးမျက်နှာကြည့်နေရလို့ပါ

အကြံညာဏ်လေးပေးကြပါဦးရှင့် အရမ်းမွန်းကြပ်လွန်းလို့ပါ


















