ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၅၉

ရင်ဖွင့်ချင်လို့ပါ ရှင့်

သမီးက ၁၇ နဲ့အိမ်ထောင်ကျတာပါ

ခုက ၂၃ ပါ အိမ်ထောင်သက် ၆နှစ်ကျော်တွင်းမှာ ပျော်စရာထက် မပျော်ရတဲ့ချိန်တွေကပိုများခဲ့ပါတယ်

သမီးယောကျ်ားက ပထမတခါ phout pyan တယ်

မသေချာလို့ ခွင့်လွတ်ပေးလိုက်တယ်

ဒုတိယတခါထပ် phout pyan တယ် လုံးဝမရိပ်မိခဲ့ဘူး အရမ်းပိရိတယ်

နောက်မှသူငယ်ချင်းတွေကရိပ်မိလို့ သမီးကိုပြောပြတော့မှ မေးကြည့်တော့ ဟုတ်တယ်တဲ့လေ

သူကိုယူမှာတဲ့ အရမ်းချစ်မိသွားလို့တဲ့

သမီးအရမ်းခံစားခဲ့ရတယ် သူနဲ့ကြိုက်တဲ့ အမကတခုလပ်ကလေးတယောက်အမေပါ

သမီးသိတဲ့ချိန် အဲ့အမကိုဖုန်းဆတ်ပီးပြောပြတော့ ကို့ယောကျ်ားကိုနိုင်အောင်ထိန်းတဲ့လေ

လူဆိုတာအမှားမကင်းတာမို့ သမီးသူ့ကိုခွင့်လွတ်ပေးခဲ့တယ်

နောက်ထပ်အဲ့လိုတွေထပ်မလုပ်ဖို့လဲပြောခဲ့တယ် မရပါဘူး အရက်တွေနေ့တိုင်းသောက်လာတယ်

လူကသာ သမီးနားမှာ သူစိတ်က တခြားတယောက်ဆီရောက်နေတယ်

မူးလာရင်လဲ သူစိတ်ညစ်တဲ့အကြောင်း ဟိုအမကိုသတိရကြောင်းတွေအမြဲပြောနေတော့ နာကျင်ရပါတယ်

သမီးကိုမပေါင်းချင်တော့ သူစိတ်ကဟိုပဲရောက်နေတာ့ အိမ်မှာမနေနိုင်အောင် သူနဲ့ကွဲအောင် အနုနည်းနဲ့ အမျိုးမျိုး နှိပ်စက်ပါတယ်

သမီးလုံးဝမနေနိုင်တော့လို့ အိမ်ပေါ်ကဆင်းပီးသုံးရက်လောက်နေတော့ အဲ့အမနဲ့သူပြန်ဆတ်သွယ်ပီးအဆင်ပြေနေပါပီ

တွေးမိတိုင်းအရမ်းစိတ်နာမိပါတယ်

၆နှစ်ကျော် အတူပေါင်းခဲ့တဲ့ သံယောဇဥ်က ခုမှတွေ့တဲ့လူကိုမယှဥ်နိုင်ခဲ့ဘူး

သမီးဆီသူတချိန်ပြန်လာခဲ့ရင်လဲ မပေါင်းတေ့ာဘူး

သူ့ကိုမေ့နိုင်အောင်ကြိုးစားမ် ပီးနိုင်ငံခြား၅နှစ်လောက်ထွက်ပီးအလုပ်သွားလုပ်မ်လို့တွေးထားပါတယ်

သမီးမိဘတွေအတွက်ပါ သမီးဆုံးဖြတ်ချက်မှန်တယ်မလား ဟင် 😥 အကြံလေးတွေပေးကြပါအုံး




သမီးယောက်ျားက ပထမတခါ phout pyan တယ်






သမီးသိတဲ့ချိန် အဲ့အမကိုဖုန်းဆတ်ပီးပြောပြတော့ ကို့ယောက်ျားကိုနိုင်အောင်ထိန်းတဲ့လေ









သမီးဆီသူတချိန်ပြန်လာခဲ့ရင်လဲ မပေါင်းတော့ဘူး

