ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၆၀

တခါးမှ မရေးဘူးဖူး

သူလိုလူတယောက်နဲ့ မိန်းမကောင်းလေးတွေ ဘသူ့မှမဆုံမိပါစေနဲ့လို့ ဆုတောင်းပေးမိနေတယ်

ဘဝမှာလေ သူလိုယောက်ကျာ်းတယောက်နဲ့ ၆လလောက် သိခဲ့ ပတ်သတ်မိတာကို ဘဝမှာ နောင်တအရမ်းရမိပါတယ်

ကံကောင်းတာတခုက သူနဲ့တခါမှ အပြင်မှာမဆုံဖူးလိုက်တာပဲ ကံကောင်းတယ်လို့ သတ်မှတ်ရမှာပါ

တွေဖူးသမျှ မြင်ဖူးသမျှ ယောကျာ်းတွေထဲမှာ သူ့လောက်အောက်တန်းကျတယ့် ယောကျာ်း မတွေ့ဖူးသေးဘူး

သူအရမ်းအောက်တန်းကျတယ်ဆိုတာကိုလည်း အခုမှ စုံစမ်းရင်းသိရတာပါ

မိန်းကလေး ဆို ပျိုပျို အိုအို အကုန်လုံးကို သူနဲ့ခင် သူနဲ့စကားပြောပီးတာနဲ့ ရည်းစားစကားပြောတယ်

ရည်းစားတွေဖြစ်ပီးသွားရင် အတူနေတယ်

ပီးရင်သူ့မှာ လွန်ဆန်လို့မရတယ့် ချစ်သူရှိလို့ သူ့ကိုမေ့လိုက်ပါ

သူကတကယ်ချစ်ပါတယ် အမြဲလည်းချစ်နေမှာပါ ပြောပီး လမ်းခွဲစကားပြောတယ်

အဲ့လိုပြောပီးလမ်းခွဲလို့မရရင် သူ့ညီမ ဒါမှမဟုတ် သူရည်းစားဆိုတယ့်တယောက်ကိုဖုန်းဆက်ခိုင်းပီး လမ်းခွဲရအောင်လုပ်ပါတယ်

တကယ့်ကိုကြောင်သူတော်ကြွက်သခိုးပါနော်

မသိတသူဆို သူက အရမ်းရိုးသားပီးအရမ်းအေးတယ် သူလို့ထင်အောင်နေတတ်ပြောတတ်ပါတယ်

သူကသူ့မိသားစုထဲမှာ သားအကြီးဆုံးပါ

သူအောက်မှာ ညီမလေးတယောက်နဲ့ညီလေးတယောက်လည်းရှိပါတယ်

သူကတောင်ပေါ်ဒေသကမြို့လေးတမြို့ရဲ့ရွာမှာနေပါတယ် မိန်းမကောင်းလေးသတိထားကြပါနော်

အရင်ကတော့ဘဏ်တခုမှရုံးအကူလုပ်တယ်လို့ကြားဖူးပါတယ်

ကျွန်မနဲ့သိတယ့်အချိန်မှာတော့သူက ရိုးရိုးသားသား လယ်လုပ်စားတယ့်တောင်ပေါ်သားတယောက်အနေနဲ့သိခဲ့ရတာပါ

သူ့အကြောင်းတွေကပြောမယ်ဆို မကုန်ပါဘူးနော် မိန်းမကောင်းလေးတွေရှောင်နိုင်အောင်ပြောပြပေးတာပါ

မိန်ကလေးတွေဆီက ရသမျှလည်း ခြူစားပါတယ်နော် သူ့လိုယောကျာ်းကိုသတိထားကြပါ

တခါးမွ မေရးဘူးဖူး


















