ရင်ဖွင့်စာ
မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၆၁
ညီမ ရင်ဖွင့်ချင်တာလေးရှိလို့ပါ။
ညီမတို့တွဲလာတာ ၇နှစ်ပြည့်တော့မှာ ညီမကောင်လေးက ပွေတတ်တဲ့အကျင့်ရှိနေတာပါ။
ရည်းစားစဖြစ်ပြီး ၁နှစ်လောက်အကြာက သူက တက္ကသိုလ် တက်တုန်းဆိုတော့ အဲ့ကျောင်းက အမကြီးနဲ့ အီစီကလီ ဖြစ်တယ်
၁ပတ်လောက်ပဲ ကြာတယ် ညီမသိတော့ ဖြတ်လိုက်တယ်။
ညီမကောင်လေးက ရုပ်ချောတဲ့အထဲမှာပါပါတယ် ။
စကားပြောကလည်း ကောင်းတယ်ဆိုတော့ မိန်းကလေးဘက်က ကို စလာအီကြတာများတယ်။
သူ ပွေခဲ့တာ ၈ယောက် ၉ယောက်လောက်ရှိမယ် ခု ၇နှစ်အတွင်း။
၃ယောက်လောကိက အပြင်မှာ သူ တခါလောက်သွားတွေ့တယ် ။ ကျန်တဲ့သူတွေက လိုင်းပေါ်ကနေ အီတာပါ။
အီတာကလည်း သူတကယ် မကြိုက်ပါဘူး ညီမ သိရင် ချက်ချင်း အဆက်သွယ် ဖြတ်လိုက်ပြီး ညီမကိုလာတောင်းပန်တာပါ။
ညီမက သူ့ကို တကယ်ကြိုက်ရင် လိုက်သွား ငါနဲ့ဖြတ်လိုက်လို့ ဘယ်လ်ုပြောပြော ညီမနဲ့ မဖြတ်နိုင်ပါဘူးဆ်ုပြီး အတင်းတောင်းပန်တာပါ။
တခါ အီရင်လည်း ရက်အကြာကြီး မဟုတ်ပါဘူး ၁ရက် ၂ရက်နဲ့ ညီမက တန်းသိတော့ သူက အဲ့မိန်းကလေးတွေကို block ပါတယ်။
သူက နောက်ဆုံး တခေါက်က လွန်ခဲ့တဲ့တစ်လ လောက်က phout pyan ခဲ့တာပါ ။
ညီမ ဘယ်လိုမှ ခံနိုင်ရည်မရှိတော့လို့ သူ့ဘေးကနေ လုံးဝ ထွက်သွားဖို့ကြိုးစားခဲ့ပါတယ်။
ဒီနောက်ဆုံးတခါမှာကျတော့ အရင်ကလို ၁ရက် ၂ရက်မဟုတ်တော့ပါဘူး။
အဲ့တယောက်နဲ့ ဖုန်းတွေပြောကြတယ် ။ video callတွေခေါ်ကြတယ်။
ညီမ ရိပ်မိတော့ သူ့ကိုပြောတော့ သူက ညီမခံစားချက်ကို နားလည်ပါတယ်လို့ ပြောပြီး
နှစ်ယောက်အတူသုံးနေတဲ့ Facebook ကို password change ပစ်ပြီး ထပ် အဆက်သွယ်လုပ်ပါတယ်။
ညီမ သူ့ဆီ နောက်ဆုံးတခေါက်အနေနဲ့ အရင်က အတူတူ လုပ်ခဲ့တဲ့အရာတွေ ပြန်ပြောပြခဲ့ပါတယ် ။
အဲ့ကျတော့မှ သူက ငိုပြီး သူအများကြီးမှားခဲ့ပါတယ်ဆ်ုပြီး ပြောပါတယ်။
ဒါပေမယ့် ညီမဆီ ၁ပတ်လောက်ထိ သူ့ဘက်က စပြီး အဆက်သွယ်မလုပ်ပါဘူး။
တပတ်ကျော်တော့ အသည်းအသန် အဆက်သွယ်ပြန်လုပ်ပါတယ် ။
သူက ညီမနဲ့ ဒီလိုအဆင်မပြေဖြစ်တဲ့အချ်န်မျိုးဆို နေမကောင်းဖြစ်ပြီး အလုပ်ပါ မလုပ်နိုင်လောက်တဲ့ အထိ ဖြစ်တတ်ပါတယ် ။
ရှေ့အရင် အခေါက်တွေ မှာလည်း မစားနိုင် မသောက်နိုင် ဘဲ နေမကောင်းဖြစ်ပါတယ် ။
အဲ့လိုတွေ ညီမက အဆက်သွယ်ဖြတ်ရင် သူမခံနိုင်တော့ပါဘူး။
ဒါတွေက သူ့ အကျင့်တွေပေါ့နော်… သူက အဲ့လိုအကျင့်ရှိနေပြီး ဘာလို့ ညီမက ခုထိ ဆက်တွဲနေတာလဲ ဆိုတော့ သူက ကျန်တာတွေ အကုန်လုံး ညီမအပေါ်မှာအရမ်းကောင်းပါတယ် ။
ညီမ အလုပ်တွေ အင်ေမပြေလို့ စိတ်ဓာတ်တွေကျတိုင်း သူက ဘေးကနေ အမြဲ အားပေးတယ် ။ လမ်းပြပေးတယ် ။ ကူညီပေးတယ် ။
ညီမ လိုချငိတာတွေရှိရင်လည်း သူက အကုန်ဝယ်ပေးပါတယ်။
သူ့ကိုအမှတ်တမဲ့ကိုယ်ဘာလိုချင်တာပြောမိရင် သူက ဝယ်လာပေးတတ်ပါတယ်။
ညီမ မိသားစုအပေါ်လည်း သူက ကောင်းပါတယ်။
ညီမက တခါတလေ အမေတို့ကို စိတ်တိုလို့ ဘာညာပြောရင်လည်း သူက ပြန်ဆုံးမတတ်ပါတယ်။
ညီမနေမကောင်းဖြစ်ရင် သူက တအားဂရုစိုက်ပေးပါတယ် ။
ခုက LDRS တွေ ဖြစ်နေတာ ပါ။ စတွဲတည်း LDRS ပါပဲ။
ပထမ တနှစ်ပဲတလ တခေါက်လောက်တွေ့ရတာပါ။ အဲ့နောက်ပိုင်း ၂နှစ်မှ တခါလောက်တွေ့ရတာပါ။
ညီမ့ကို သူ ချစ်မှန်း သူါအပြုအမူတွေကနေ ညီမသိပါတယ်။
ဒါပေမယ့် သူနဲ့ဆက်တွဲရမလား မတွဲရဘူးလား တခါတလေ တွေဝေမိပါတယ် ။
၁၀၀%ကောင်းတဲ့သူ မရနိုင်မှန်းတော့ ညီမ သိပါတယ်။
သူက ညီမနဲ့ ဒီလိုအဆင်မပြေဖြစ်တဲ့အခ်ျန်မျိုးဆို နေမကောင်းဖြစ်ပြီး အလုပ်ပါ မလုပ်နိုင်လောက်တဲ့ အထိ ဖြစ်တတ်ပါတယ် ။
ညီမ အလုပ်တွေ အင်မေပြေလို့ စိတ်ဓာတ်တွေကျတိုင်း သူက ဘေးကနေ အမြဲ အားပေးတယ် ။ လမ်းပြပေးတယ် ။ ကူညီပေးတယ် ။