ညီမတစ်ခုလောက်မေးချင်လို့ပါ
ညီမbfနဲ့ညီမက2014လောက်တည်းကချစ်သူတွေပါ ချစ်သူတွေဆိုပေမယ့် ကလေးအရွယ်မို့ သူငယ်ချင်းလိုပဲနေခဲ့ကြတာ
တစ်ယောက်လက်တောင်တစ်ယောက်မကိုင်ဖူးပါဘူ
2017မှာ လူကြီးတွေကြောင့်ဝေးခဲ့ရပါတယ်
ခုပြန်တွဲဖြစ်ဝာာတစ်နှစ်ခွဲရှိပါပြီ ခုကနယ်မတူလို့LDRSတွေပါ
သူအစကညီမရင်သားပုံကြည့်ချင်တယ်လို့ပြောပါတယ် ညီမစိတ်ဆိုးပြီးစကားများကြပါတယ်
အဲ့တုန်းကညီမလမ်းခွဲမယ်ပြောလို့ သူကနောက်မပြောတော့ဘူးပြောပြီးမပြတ်နိုင်ကြောင်းပြောပါတယ်
မထားခဲ့ဖို့ကိုလည်းခဏခဏပြောပါတယ်
ခုတစ်ခေါက်ကကျတော့ညီမအောက်ပိုင်းကိုကိုင်ကြည့်ချင်တယ်ပြောပါတယ်
(အောက်ပိုင်းဆိုတာစကားယဉ်ကျေးအောင်ရေးတာပါ)
အဲ့လိုပြောတော့အမှန်ပြောရရင် ဒါက ခေတ်အနေအထားအရ အဆန်းမဟုတ်ဘူးဆိုတာသိပါတယ်
ဒါပေမယ့် ညီမကိုယ်တိုင်ကျအဲ့လိုမလုပ်ချင်ပါဘူး
ပထမဆုံးတခါထဲက အဲလိုမျိုးကို မကြိုက်ကြောင်းမလုပ်ချင်ကြောင်း သူ့ကိုအေးအေးဆေးဆေးလဲ ရှင်းပြပါတယ်
အဲ့ကျသူကညီမကပဲထူးဆန်းနေသလိုနဲ့အပြန်အလှန်ပြောရင်းစကားများပါတယ်။
ခုတခါလဲစကားများထားလို့သူနဲ့ညီမနဲ့မခေါ်ပါဘူး
ညီမဘာဆက်လုပ်ရမလဲတကယ်မသိပါဘူး ပြန်တွေ့ရင် ကိုင်ခိုင်းဖို့လုံးဝအစီအစဉ်မရှိပါဘူး
ညီအဲ့လိုမျိုးတွေမကြိုက်တာကို သူခဏခဏပြောတာကိုသည်းခံလို့မရပါဘူး
ညီမမကြိုက်ဘူးဆိုရင်ထပ်မပြောသင့်ဘူးမဟုတ်လား။
ခုက ခဏခဏပြောလာတော့ ညီမဘာဆက်လုပ်ရမလဲတကယ်မသိပါဘူး။
သူတောင်းဆိုတဲ့ သူ့အပြစ်ကနေ ညီမက လက်မခံတော့ ညီမအပြစ်လိုမျိုးပြောကြရင်းစကားများပါတယ်။
တကယ်ဆိုရင် ခေတ်ကဘယ်လိုပဲ ဖြစ်နေနေပါ ညီမရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်မဟုတ်ဘူးလားရှင်။
အတွေးကနစ်ခွဖြစ်နေတယ် သူညီမကိုတကယ်ချစ်တာလားမချစ်တာလားဝေခွဲရခက်နေတယ်။
မချစ်ဘူးလားလို့တွေးလိုက်ရင်လည်း မဟုတ်ပြန်ဘူး
သူညီမကိုအသေးအမွှားလေးကအစ ဂရုစိုက်တယ် ညီမမကြိုက်တာဘာမှမလုပ်ဘူး။
ညီမသူ့ကိုပစ်ထားရင်လည်းသူမနေတတ်ဘူး ချစ်တာလားလို့တွေးလိုက်ပြန်ရင်လည်
ခုနကိစ္စကြီးကဝင်ရှုပ်နေပြီးသူမချစ်ဘူးလို့စိတ်ထဲကတွေးနေမိတယ်။
အဲ့လိုအပြောခံရတာကိုတွေးတိုင်း သူညီမဆီပြန်လာတာကိုသံသယဝင်နေမိလို့ပိုပြီးခံစားရပါတယ်။
ညီမဘယ်လိုဆုံးဖြတ်သင့်လဲ သူနဲ့ပြတ်ရင်လည်းညီမအရမ်းခံစားရမှာကြောက်နေတယ်။
ဆက်တွဲရင်လည်းဒီလိုပဲသံသယာလည်မှာကြောက်နေတယ် ။
ဒီgpထဲမှာရော အဲ့လိုအစ်မတွေရှိလားဟင်
ညီမကိုအကောင်းဆုံးအကြံလေးတစ်ခုလောက်ပေးစေချင်ပါတယ် ညီမအရမ်းခံစားနေရလို့ပါ။
စာသိပ်မရေးတတ်လို့အမှားပါသွားရင်ခွင့်လွှတ်ပေးပါရှင့်။