ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၆၃

တစ်ခါတလေ အဖြေတစ်ချို့ကို ကိုယ်တိုင်အဖြေမထုတ်နိုင်လို့

ရင့်ကျက်ပြီးမျှတတဲ့အတွေးအခေါ်ရှိကြတဲ့အမျိုးသမီးတွေဆီက အကြံဉာဏ်လေးတောင်းချင်လို့ပါမင်မင်

စာလေးတော့နည်းနည်းရှည်မှာမို့ သည်းခံဖတ်ပေးပါမင်မင်ရေ ကျေးဇူးပါ နော်

ပထမဦးဆုံး ဒီpageထဲမှာရှိတဲ့ မင်မင်နဲ့ မမတွေ ညီမလေးတွေကို ကြို ကျေးဇူးတငိပါရစေ

စာလေးနည်းနည်းရှည်မှာမို့ သည်းခံဖတ်ပြီး အကြံဉာဏ်လေးပေးကြပါနော် တစ်ဦးချင်းစီရဲ့အဖြေကိုတန်ဖိုးထားပါ့မယ်

ညီမ က ခုဆို အသက် 24ရှိပါပြီ ညီမအမျိုးသားက 32ပေါ့ သူနဲ့ ညီမက ချစ်သူဘဝ အကြာကြီးမတွဲခဲ့ပါဘူး

ညီမ ဆယ်တန်းဖြေပြီး မြို့ အတက် သူနဲ့ တွေ့ရင်း မိဘတွေသိသွားလို့ မိဘတွေကိုကြောက်ပြီးခိုးရာလိုက်သွားခဲ့တာပါ

ခုဆို အိမ်ထောင်သက် 9နှစ်ကျော်ပါပြီ

သူနဲ့ရတည်းက ညီမကို သူက အလုပ်မခိုင်းပါဘူး သူပဲလုပ်ပါတယ်

အာ့မှာညီမမှားတာလည်း ပါတာပေါ့နော် အလုပ်လုပ်ခဲ့သင့်တာပါ

အိမ်ထောင်သက် 3နှစ်ကျော်မှာ သမီးလေးတစ်ယောက်ရပါတယ်

ညီမ uniဆက်တက်ဖို့ကိုလည်း သူပဲဆက်ထားပေးတာပါရှင်

အာ့တစ်လျှောက် အိမ်ထောင်ရေးကသာသာယာယာပါပဲ သူက လိုလေသေးမရှိ ဂုစိုက်ပါတယ်

​ဖြစ်ပုံက ခုမှစမှာပါ သူ့အလုပ်က မြို့ထဲသွားဆင်းရတာဆိုတော့ စက်ဘီးနဲ့သွားပါတယ်

အလုပ်သိမ်းချိန်က ညနေ5.00ဆိုသိမ်းပါတယ် အလုပ်နဲ့ အိမ်အကွာအဝေးက 45မိနစ်လောက့်နင်းရပ့တယ်

ညဘက်တွေ သူ အိမ်ပြန်နောက်ကျလာပ့တယ် မိန်းမတော့မရှုပ်ပ့ဘူးရှင်

အဓိက က သူက အပေါင်းအသင်းမက်တာပါ ညီမ သူအလုပ်သိမ်းချိန် ဖုန်းဆက်ရင် အရင်လို ဖုန်းမကိုင်ပါဘူး နောက်ကျမယ်လို့ အကျိုးအကြောင်းလည်းလှမ်းဆက်မပြောပါဘူး

ည 9 နာရီ 10နာရီမှ ပြန်ပြန်ရောက်လာပါတယ် ဖုန်းဆက်တိုက်ခေါ်လည်း မကိုင်ပါဘူးရှင်

အပြင်မှာအပေါင်းသင်းနဲ့သောက်တာပါ

ဒါမဲ့ သူ့အကျင့်တစ်ခုက ဘယ်လောက်သောက်သောက် KTV ဆွယ် ဘယ်တော့မှမလိုက်ပ့ပု အိမ်ပဲ ပြန်လာပါတယ်

ညီမ မကြိုက်တာက ကိုယ်က ကားတေကြားထဲသူသွားနေရတော့ အချိန်တန် ပြန်မရောက်ရင်စိတ်ပူတယ်လေ

ဖုန်းမကိုင် အကျိုးအကြောင်းမပြောတာကို ဒေါသထွက်ရတာပါ

တစ်ခါတလေ စိတ်တိုလို့ ဖုန်းဆက် လှမ်းပြောဆိုလုပ်ရင် ဘေးကသူ့အပေါင်းအသင်းတွေက မြှောက်ပေးပါတယ်

“မင်းက မိန်းမကြောက်တာလား ဘာလား ဟျောင်​့ ရှာနေရတာ မင်းနော်”အာ့လိုပြောသံတေကြား ရန်ဖြစ် ပြောဆိုကြရင်းကွဲမယ်အထိ ဖြစ်ရတာ အကြိမ်ကြိမ်ပါ

အာ့တည်းက အပေါင်းသင်းပိုမက်လာပါတယ် ချော့ပြောလည်း သူက နားထောင်ခနပါ

အပေါင်းအသင်းဆွယ် ပါသွားတဲ့သူပါ တစ်ခါတလေ သူ့အပေါင်းအသင်းတေပါ

ညီမပြောဆိုပစ်ပါတယ် သူကမကြိုက်ပ့ပု အပေါင်းအသင်းထိရင်

သူ့အပေါင်းအသင်း မောင်နှမ ရှေ့ဆို ညီမကို ဘေးဖယ်ထားပါတယ်

ညီမစကားက အရာမဝင်ပါဘူး ညီမဖြစ်ချင်တာက အပေါင်းအသင်းမက်တာကမက် အိမ်ကမိသားစုကို ပိတ်ရက် ပွဲတော်ရက်လေးတော့ အချိန်ပေးစေချင်တာပါ

သူ့မှာအာ့လိုစိတ်မရှိပါဘူး ဘယ်ရက်ပိတ်တယ် ဘယ်သွားမယ် သူကိုယ်တိုင်အစီအစဥ်တွေချခိုင်းထားပေမယ့် အာ့ရက်ရောက်ရင် အပေါင်းအသင်းတေနက်အရင် အချိန်ဖြုန်းပြီး ညနေစောင်းမှ ညီမတို့သားအမိကို အချိန်ပေးတာပါ

ကြာလာတော့ ညီမလည်းစိတ်ပင်ပန်းလာပါတယ် အခါခါ အကုန်ကျောခိုင်းထွက်သွားချင်ပေမယ်​့ သမီးလေးမျက်နှာကြောင့် မထွက်သွားနိုင် ဖြစ်ခဲ့ရပါတယ်

အလုပ်ထွက်လုပ်မယ် ပြောပြန်ရင်လည်း ကလေးရှိတယ်ကလေးနဲ့နေ မလုပ်နဲ့ သူရှာမယ် ဆိုတာပဲပြောပါတယ်

ဒီလိုနဲ့ အိမ်ထောင်ရေးမှာ စိတ်ချမ်းသာရတဲ့ရက်ကနည်းလာပါတယ်

ဒီနောက်ပိုင်းဆို ပိုဆိုးပါတယ်အမတို့ရေ မိန်းမ မရှုပ်ပေမယ့် ဘောလုံးကန် ခြင်းခတ် အရမ်းမက်ပါတယ်

အားကစားမို့အပြစ်တစ်ခုမဟုတ်ပေမယ့် ခုနောက်ပိုင်းအလုပ်ကိုပါ ထိခိုက်လာပါတယ်ရှင်

ညီမမှာခုဆို ဒုတိယကိုယ်ဝန်လေးဆောင်ထားရပ့ပြီ သမီးကြီးလေးရဲ့ စရိတိ မွေးလာမယ့်ကလေးတာဝန် ကလေးစရိတိတွေလိုလာပါပြီ

ညီမကပြောတယ် ဘောလုံးကန်ချင်လား ကန်ရတယ် မတားဘူး ဒါမဲ့ အလုပ်နားရက် အလုပ်သိမ်းချိန်ကန် ကြိုက်သလောက်မပြောဘူး

အလုပ်လုပ်နေရင်းနဲ့တော့ ပြန်လာပြီး ဘောမကန်ပါနဲ့ လို့ ပြောတယ်

ပြောတုန်းခန အင်းပဲ သူ့အပေါင်းအသင်းလှမ်းခေါ်တာနဲ့ အလုပ်ဖျက် လိုက်လိုက်ကန်လို့ ရန်ဖြစ်ရပေါင်းမနည်းတော့ပါဘူး မမတို့ရေ

ဘယ်လိုလေးများ သူနားဝင်အောင်စည်းရုံးရမလဲအကြံလေးပေးကြပါအုံးရှင်

တစ္ခါတေလ အေျဖတစ္ခ်ိဳ႕ကို ကိုယ္တိုင္အေျဖမထုတ္ႏိုင္လို႔

ရင့္က်က္ၿပီးမွ်တတဲ့အေတြးအေခၚရွိၾကတဲ့အမ်ိဳးသမီးေတြဆီက အႀကံဉာဏ္ေလးေတာင္းခ်င္လို႔ပါမင္မင္

စာေလးေတာ့နည္းနည္းရွည္မွာမို႔ သည္းခံဖတ္ေပးပါမင္မင္ေရ ေက်းဇူးပါ ေနာ္

ပထမဦးဆုံး ဒီpageထဲမွာရွိတဲ့ မင္မင္နဲ႔ မမေတြ ညီမေလးေတြကို ႀကိဳ ေက်းဇူးတငိပါရေစ

စာေလးနည္းနည္းရွည္မွာမို႔ သည္းခံဖတ္ၿပီး အႀကံဉာဏ္ေလးေပးၾကပါေနာ္ တစ္ဦးခ်င္းစီရဲ႕အေျဖကိုတန္ဖိုးထားပါ့မယ္

ညီမ က ခုဆို အသက္ 24ရွိပါၿပီ ညီမအမ်ိဳးသားက 32ေပါ့ သူနဲ႔ ညီမက ခ်စ္သူဘဝ အၾကာႀကီးမတြဲခဲ့ပါဘူး

ညီမ ဆယ္တန္းေျဖၿပီး ၿမိဳ႕ အတက္ သူနဲ႔ ေတြ႕ရင္း မိဘေတြသိသြားလို႔ မိဘေတြကိုေၾကာက္ၿပီးခိုးရာလိုက္သြားခဲ့တာပါ

ခုဆို အိမ္ေထာင္သက္ 9ႏွစ္ေက်ာ္ပါၿပီ

သူနဲ႔ရတည္းက ညီမကို သူက အလုပ္မခိုင္းပါဘူး သူပဲလုပ္ပါတယ္

အာ့မွာညီမမွားတာလည္း ပါတာေပါ့ေနာ္ အလုပ္လုပ္ခဲ့သင့္တာပါ

အိမ္ေထာင္သက္ 3ႏွစ္ေက်ာ္မွာ သမီးေလးတစ္ေယာက္ရပါတယ္

ညီမ uniဆက္တက္ဖို႔ကိုလည္း သူပဲဆက္ထားေပးတာပါရွင္

အာ့တစ္ေလွ်ာက္ အိမ္ေထာင္ေရးကသာသာယာယာပါပဲ သူက လိုေလေသးမရွိ ဂုစိုက္ပါတယ္

​ျဖစ္ပုံက ခုမွစမွာပါ သူ႔အလုပ္က ၿမိဳ႕ထဲသြားဆင္းရတာဆိုေတာ့ စက္ဘီးနဲ႔သြားပါတယ္

အလုပ္သိမ္းခ်ိန္က ညေန5.00ဆိုသိမ္းပါတယ္ အလုပ္နဲ႔ အိမ္အကြာအေဝးက 45မိနစ္ေလာက့္နင္းရပ့တယ္

ညဘက္ေတြ သူ အိမ္ျပန္ေနာက္က်လာပ့တယ္ မိန္းမေတာ့မရႈပ္ပ့ဘူးရွင္

အဓိက က သူက အေပါင္းအသင္းမက္တာပါ ညီမ သူအလုပ္သိမ္းခ်ိန္ ဖုန္းဆက္ရင္ အရင္လို ဖုန္းမကိုင္ပါဘူး ေနာက္က်မယ္လို႔ အက်ိဳးအေၾကာင္းလည္းလွမ္းဆက္မေျပာပါဘူး

ည 9 နာရီ 10နာရီမွ ျပန္ျပန္ေရာက္လာပါတယ္ ဖုန္းဆက္တိုက္ေခၚလည္း မကိုင္ပါဘူးရွင္

အျပင္မွာအေပါင္းသင္းနဲ႔ေသာက္တာပါ

ဒါမဲ့ သူ႔အက်င့္တစ္ခုက ဘယ္ေလာက္ေသာက္ေသာက္ KTV ဆြယ္ ဘယ္ေတာ့မွမလိုက္ပ့ပု အိမ္ပဲ ျပန္လာပါတယ္

ညီမ မႀကိဳက္တာက ကိုယ္က ကားေတၾကားထဲသူသြားေနရေတာ့ အခ်ိန္တန္ ျပန္မေရာက္ရင္စိတ္ပူတယ္ေလ

ဖုန္းမကိုင္ အက်ိဳးအေၾကာင္းမေျပာတာကို ေဒါသထြက္ရတာပါ

တစ္ခါတေလ စိတ္တိုလို႔ ဖုန္းဆက္ လွမ္းေျပာဆိုလုပ္ရင္ ေဘးကသူ႔အေပါင္းအသင္းေတြက ေျမႇာက္ေပးပါတယ္

“မင္းက မိန္းမေၾကာက္တာလား ဘာလား ေဟ်ာင္​့ ရွာေနရတာ မင္းေနာ္”အာ့လိုေျပာသံေတၾကား ရန္ျဖစ္ ေျပာဆိုၾကရင္းကြဲမယ္အထိ ျဖစ္ရတာ အႀကိမ္ႀကိမ္ပါ

အာ့တည္းက အေပါင္းသင္းပိုမက္လာပါတယ္ ေခ်ာ့ေျပာလည္း သူက နားေထာင္ခနပါ

အေပါင္းအသင္းဆြယ္ ပါသြားတဲ့သူပါ တစ္ခါတေလ သူ႔အေပါင္းအသင္းေတပါ

ညီမေျပာဆိုပစ္ပါတယ္ သူကမႀကိဳက္ပ့ပု အေပါင္းအသင္းထိရင္

သူ႔အေပါင္းအသင္း ေမာင္ႏွမ ေရွ႕ဆို ညီမကို ေဘးဖယ္ထားပါတယ္

ညီမစကားက အရာမဝင္ပါဘူး ညီမျဖစ္ခ်င္တာက အေပါင္းအသင္းမက္တာကမက္ အိမ္ကမိသားစုကို ပိတ္ရက္ ပြဲေတာ္ရက္ေလးေတာ့ အခ်ိန္ေပးေစခ်င္တာပါ

သူ႔မွာအာ့လိုစိတ္မရွိပါဘူး ဘယ္ရက္ပိတ္တယ္ ဘယ္သြားမယ္ သူကိုယ္တိုင္အစီအစဥ္ေတြခ်ခိုင္းထားေပမယ့္ အာ့ရက္ေရာက္ရင္ အေပါင္းအသင္းေတနက္အရင္ အခ်ိန္ျဖဳန္းၿပီး ညေနေစာင္းမွ ညီမတို႔သားအမိကို အခ်ိန္ေပးတာပါ

ၾကာလာေတာ့ ညီမလည္းစိတ္ပင္ပန္းလာပါတယ္ အခါခါ အကုန္ေက်ာခိုင္းထြက္သြားခ်င္ေပမယ္​့ သမီးေလးမ်က္ႏွာေၾကာင့္ မထြက္သြားႏိုင္ ျဖစ္ခဲ့ရပါတယ္

အလုပ္ထြက္လုပ္မယ္ ေျပာျပန္ရင္လည္း ကေလးရွိတယ္ကေလးနဲ႔ေန မလုပ္နဲ႔ သူရွာမယ္ ဆိုတာပဲေျပာပါတယ္

ဒီလိုနဲ႔ အိမ္ေထာင္ေရးမွာ စိတ္ခ်မ္းသာရတဲ့ရက္ကနည္းလာပါတယ္

ဒီေနာက္ပိုင္းဆို ပိုဆိုးပါတယ္အမတို႔ေရ မိန္းမ မရႈပ္ေပမယ့္ ေဘာလုံးကန္ ျခင္းခတ္ အရမ္းမက္ပါတယ္

အားကစားမို႔အျပစ္တစ္ခုမဟုတ္ေပမယ့္ ခုေနာက္ပိုင္းအလုပ္ကိုပါ ထိခိုက္လာပါတယ္ရွင္

ညီမမွာခုဆို ဒုတိယကိုယ္ဝန္ေလးေဆာင္ထားရပ့ၿပီ သမီးႀကီးေလးရဲ႕ စရိတိ ေမြးလာမယ့္ကေလးတာဝန္ ကေလးစရိတိေတြလိုလာပါၿပီ

ညီမကေျပာတယ္ ေဘာလုံးကန္ခ်င္လား ကန္ရတယ္ မတားဘူး ဒါမဲ့ အလုပ္နားရက္ အလုပ္သိမ္းခ်ိန္ကန္ ႀကိဳက္သေလာက္မေျပာဘူး

အလုပ္လုပ္ေနရင္းနဲ႔ေတာ့ ျပန္လာၿပီး ေဘာမကန္ပါနဲ႔ လို႔ ေျပာတယ္

ေျပာတုန္းခန အင္းပဲ သူ႔အေပါင္းအသင္းလွမ္းေခၚတာနဲ႔ အလုပ္ဖ်က္ လိုက္လိုက္ကန္လို႔ ရန္ျဖစ္ရေပါင္းမနည္းေတာ့ပါဘူး မမတို႔ေရ

ဘယ္လိုေလးမ်ား သူနားဝင္ေအာင္စည္း႐ုံးရမလဲအႀကံေလးေပးၾကပါအုံးရွင္