သူရောကျွန်မရော ရှေ့ဘဲဆက်ရမလိုလိုနောက်ဘဲဆုပ်လိုက်ရမလားမသိဖြစ်နေလို့ ရင်ဖွင့်လိုက်တာပါ😔
ဖြစ်စဉ်က ဒီလိုပါ
သူနဲ့ကျွန်မနဲ့ရည်းစားဖြစ်တာ3လဘဲရှိပါသေးတယ်
ကျွန်မတို့မတွဲခင်မှာ ပိုင်ရှင်ကိုယ်စီရှိကြပါတယ်
ကျွန်မနဲ့သူနဲ့က ရှေ့ဆက်လို့မရမှန်းသိသိကြီးနဲ့ သူရောကျွန်မရောရှေ့ဆက်တိုးခဲ့မိကြတာပါ
အစကတော့ သူနဲ့ကျွန်မကသူငယ်ချင်းတွေပါ
သူ့ကိုလဲကျွန်မအရင်ကောင်လေးနဲ့ပတ်သက်ပီးသိခဲ့ရတာပါ
ကျွန်မအရင်ကောင်လေးနဲ့သူနဲ့ကလဲညီကိုတွေလိုဖြစ်နေကြတာပါ
ကျွန်မအရင်ကောင်လေးဆိုပေမယ့် အဖြေမပေးကသေးပါဘူး
ပေးခါနီးမှာ သူကတလရကြောင့် ဟိုထဲရောက်သွားတာပါ
အခုဆိုရင်တော့ 1နှစ်ကျော်ပါပီသူအဲ့ထဲရောက်တာ ကျွန်မနဲ့စာပေးစာယူရှိကြပါတယ်
ဖြစ်ချင်တော့ ကျွန်မလွန်ခဲ့တဲ့လေးလကမန်းလေးကိုအလည်သွားရင်း အခုကောင်လေးနဲ့ဆုံခဲ့ကြတာပါ
အရင်ကလဲကသိကြတာဆိုပေမယ့် အပြင်မှာအေးဆေးမဆုံဖြစ်ကြပါဘူး
ကျွန်မမန်းလေးရောက်သွားမှသူကလဲမန်းလေးတာဝန်ကျတော့ မုန့်ခနခနသွားစားကြအပြင်တွေသွားဖြစ်ကြပါတယ်
အပြင်မှာတွေ့တိုင်းသူကဂရုစိုက်ပေးတော့သူ့အပေါ်စိတ်ပါမိခဲ့ပါတယ်
သူကစဖွင့်ပြောလာတော့ မဖြစ်နိုင်ဘူး အစ်ကို့မှာကောင်မလေးလဲရှိတယ်
ကျွန်မမှာလဲ အစ်ကို့သူငယ်ချင်းရှိတယ်ဆိုပီး ငြင်းခဲ့ပါတယ်
ဒါမဲ့ သူ့ဘက်ကရှေ့ဆက်ဘဲတိုးလာတယ် သူ့ကောင်မလေးကိုဖြတ်ပစ်ခဲ့တယ်
သူ့ကောင်မလေးကသူ့ကိုနားလည်မပေးနိုင်ခဲ့ဘူး ပြောပြလဲလက်မခံဘူး
မအားဘူးလို့ပြောရင်လဲတတီတီစာတွေပို့ဖုန်းတွေဆက်တော့ သူလဲရက်ပေါင်းများတော့
သူ့အနားမှာလဲကျွန်မရှိနေတော့ သူ့ကောင်မလေးကိုဖြတ်လိုက်တာပါ
သူ့ကောင်မလေးနဲ့ပြတ်တော့ ကျွန်မလဲသူ့အချစ်ကိုလက်ခံလိုက်တာပါ
သူ့ဂရုစိုက်မူတွေကိုလဲမက်မောတာပါမှာပေါ့
အဲ့လိုနဲ့တွဲလာရင်း ကျွန်မအရင်ကောင်လေးရုံးကအစ်ကိုတစ်ယောက်က သူနဲ့ကျွန်မဖြစ်နေတာသိတော့ သူ့ကိုလှမ်းပြောဆူတယ်
မင်းညီမျက်နှာမထောက်ဘူးလား ခွေးဇာတ်ခင်းနေတာလား
ရည်းစားအဲ့လောက်ရှားသလားဆိုပီး ခနခနပြောဆူပါတယ်
အဲ့အစ်ကိုကသူ့ကိုပြောဆူလိုက်တိုင်း သူရောကျွန်မရောတွေဝေနေတယ်
လမ်းခွဲဖို့ဆုံးဖြတ်ကြတယ် ဒီနေရာမှာတင်ရပ်ဖို့ လုပ်ကြတယ်
ဒါမဲ့နှစ်ယောက်လုံးကလမ်းလဲမခွဲနိုင်ခဲ့ကြဘူး ပြန်ပီးအဆင်ပြေလည်တယ်
ဒါမဲ့ ခနခနအဲ့အစ်ကိုသူ့ကိုလှမ်းဆူလိုက်တိုင်း သူနဲ့ကျွန်မစိတ်ဆင်းရဲကြရတယ်
ဘာဆက်လုပ်ကမလဲ ဗျာများနေကြရတယ်
ရှေ့ဆက်တိုးရင်လဲ သူရောကျွန်မရော သိက္ခာကျမယ် အရှက်ရမယ် အပြောခံကြရမယ်
ကျွန်မအနေနဲ့ကတော့ သူ့ကိုရွေးချယ်လိုက်ပီးသားဖြစ်နေတဲ့အတွက် ဘယ်သူတွေဘာတွေဘဲပြောကြပါစေ
ရှေ့ဆက်ချင်မိတယ် သူများတွေပြောခံရမှာထက် သူနဲ့ကျွန်မဝေးသွားမှာကိုပိုကြောက်နေမိပါတယ်
သူ့နေရာကနေစဉ်းစားကြည့်ရင်လဲ သူ့ကိုနားလည်ပါတယ်
သူလဲညီအစ်ကိုလိုခင်ရတဲ့ဟိုတစ်ယောက်မျက်နှာကိုဘယ်လိုပြကမလဲ
အာ့ကြောင့်မို့ ရှေ့ဘဲတိုးကမလားနောက်ဆုတ်လိုက်ရမလားဆိုတာ ရင်လာဖွင့်တာပါ
ဖြစ်စဉ်က ဒီလိုပါ