ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၇၀

ကျမ က single mom ပါ

သမီးလေး ၂နှစ် ၂၀၁၆ကတည်းက အမျိုးသား နဲ့ လမ်းခွဲလိုက်ကြတာပါ

တရားဝင် ကွာရှင်းတာက ၂၀၁၉ မှပါ

ကျမကအခု ကောင်လေးနဲ့ချစ်သူဖြစ်တာ၂၀၂၀မှာပါ

သူကကျမထက် ၇နှစ်ငယ်ပါတယ် ငယ်ပေမဲ့ ရင့်ကျက်ပါတယ်

ကျမကိုလည်းဂရုစိုက်ပါတယ် အခု နိုင်ငံခြား မှာအလုပ်သွားလုပ်ဖို့လည်း ပြင်ဆင်နေပါပြီ

ဒါပေမယ့် အရမ်းကြီး ဂရုစိုက် တဲ့ထဲမှာမပါဘူး

ပြောမှလုပ်ပေးတယ်

ကျမကလည်း ပြောမှ လုပ်ပေးတါမျိုးတွေကိုမကြိုက်ဘူး ဥပမာ မုန့်စားဖို့ တို့ ဘာတို့ပေါ့

ဒီလိုနဲ့ ကျမအလုပ်နဲ့ နယ်မှာတစ်နှစ်ကျော်သွားနေရပါတယ်

ကျမက နေ့တိုင်း လမ်းလျှောက်ပါတယ် မနက်စောစော

အဲဒီမှာ အစ်ကိုတစ်ယောက်နဲ့ စတွေ့ပါတယ်

ကျမကသတိမထားမိပါဘူး

သူက​တော့ ကျမကိုသိပါတယ်

ဒါနဲ့သူက ကျမနဲ့ လာမိတ်ဆက်ရင်း သိသွားတာပေါ့

သူကလူကြီးလူကောင်းဆန်ပါတယ်

ရင့်ကျက်ပါတယ်

အလုပ်အကိုင် လည်းကောင်းပါတယ်

သူကတော့ ကျမကိုဂရုစိုက်ပေးပါတယ်

သူကလည်း ကောင်လေးလိုပါပဲ ရင့်ကျက်ပြီး လူကြီး ဆန်ကြပါတယ်

ဒါပေမယ့် နှစ်ယောက်လုံး က ဖုန်းသိပ်မပြောကြဘူးရှင့် အ့ဒါလည်းတူပါတယ်

ကောင်လေးကကျတော့ လည်း ဖုန်းပြောလည်းခနပါပဲ

လိုရင်းတိုရှင်း ပေါ့ ချစ်တာတွေလွမ်းတာတွေပြောမနေဘူး

ဟိုအစ်ကိုလည်း ထိုနည်းအတူပါပဲ နေကောင်းလား စားပီးပီလား ဒါပဲ

ဒါပေမယ့် သူကတော့ ညီမသူငယ်ချင်း တွေကြားမျက်နှာမငယ်စေရဘူး

မုန့်စားတာကစ သူပဲရှင်းပေးပါတယ် အ့လိုမျိုးလေးတွေပေါ့

သူကတော့ ကောင်လေးထက်စာရင်ဝင်ငွေကောင်းပါတယ်

ကောင်လေးနဲ့ဆိုရင် ကျမပဲ စိုက်ရှင်းရတာများပါတယ်

ဒါကြောင့် ရွေးချယ်မယ်ဆို ဘယ်တစ်ယောက်ကိုရွေးရမလဲမသိတော့ပါဘူး

ကျမက အိမ်ထောင် တစ်ခါကျထားပြီးပြီဆိုတော့

နောက်တခါ ကောင်းမွန်တဲ့အိမ်ထောင်ရေးလေးပဲတည်ဆောက်ချင်တာပါရှင့်

နှစ်ယောက်လုံးကတော့ ကျမကိုတန်ဖိုးထားကြပါတယ်

ကောင်လေးနဲ့က ၂နှစ်ကျော်ပါပြီချစ်သူဖြစ်တာ

ဟိုအစ်ကိုနဲ့က ဘာမှတော့ပြောမထားသေးဘူး အဆက်အသွယ် တော့ရှိပါတယ် ဖုန်းပြောတာပေါ့

ကျမကို ဝိုင်းပြီး အကြံဉာဏ်ပေးကြပါအုန်းနော်

နှစ်ယောက်လုံး က ကျမကလေးအမေမှန်းသိပါတယ်ရှင့်

လက်ခံလည်း ပေးနိုင်ကြပါတယ်

အကိုက ကျမထက် ၅နှစ်ကျော်ကြီးပါတယ်ရှင့်

က်မ က single mom ပါ

သမီးေလး ၂ႏွစ္ ၂၀၁၆ကတည္းက အမ်ိဳးသား နဲ႔ လမ္းခြဲလိုက္ၾကတာပါ

တရားဝင္ ကြာရွင္းတာက ၂၀၁၉ မွပါ

က်မကအခု ေကာင္ေလးနဲ႔ခ်စ္သူျဖစ္တာ၂၀၂၀မွာပါ

သူကက်မထက္ ၇ႏွစ္ငယ္ပါတယ္ ငယ္ေပမဲ့ ရင့္က်က္ပါတယ္

က်မကိုလည္းဂ႐ုစိုက္ပါတယ္ အခု ႏိုင္ငံျခား မွာအလုပ္သြားလုပ္ဖို႔လည္း ျပင္ဆင္ေနပါၿပီ

ဒါေပမယ့္ အရမ္းႀကီး ဂ႐ုစိုက္ တဲ့ထဲမွာမပါဘူး

ေျပာမွလုပ္ေပးတယ္

က်မကလည္း ေျပာမွ လုပ္ေပးတါမ်ိဳးေတြကိုမႀကိဳက္ဘူး ဥပမာ မုန္႔စားဖို႔ တို႔ ဘာတို႔ေပါ့

ဒီလိုနဲ႔ က်မအလုပ္နဲ႔ နယ္မွာတစ္ႏွစ္ေက်ာ္သြားေနရပါတယ္

က်မက ေန႔တိုင္း လမ္းေလွ်ာက္ပါတယ္ မနက္ေစာေစာ

အဲဒီမွာ အစ္ကိုတစ္ေယာက္နဲ႔ စေတြ႕ပါတယ္

က်မကသတိမထားမိပါဘူး

သူက​ေတာ့ က်မကိုသိပါတယ္

ဒါနဲ႔သူက က်မနဲ႔ လာမိတ္ဆက္ရင္း သိသြားတာေပါ့

သူကလူႀကီးလူေကာင္းဆန္ပါတယ္

ရင့္က်က္ပါတယ္

အလုပ္အကိုင္ လည္းေကာင္းပါတယ္

သူကေတာ့ က်မကိုဂ႐ုစိုက္ေပးပါတယ္

သူကလည္း ေကာင္ေလးလိုပါပဲ ရင့္က်က္ၿပီး လူႀကီး ဆန္ၾကပါတယ္

ဒါေပမယ့္ ႏွစ္ေယာက္လုံး က ဖုန္းသိပ္မေျပာၾကဘူးရွင့္ အ့ဒါလည္းတူပါတယ္

ေကာင္ေလးကက်ေတာ့ လည္း ဖုန္းေျပာလည္းခနပါပဲ

လိုရင္းတိုရွင္း ေပါ့ ခ်စ္တာေတြလြမ္းတာေတြေျပာမေနဘူး

ဟိုအစ္ကိုလည္း ထိုနည္းအတူပါပဲ ေနေကာင္းလား စားပီးပီလား ဒါပဲ

ဒါေပမယ့္ သူကေတာ့ ညီမသူငယ္ခ်င္း ေတြၾကားမ်က္ႏွာမငယ္ေစရဘူး

မုန္႔စားတာကစ သူပဲရွင္းေပးပါတယ္ အ့လိုမ်ိဳးေလးေတြေပါ့

သူကေတာ့ ေကာင္ေလးထက္စာရင္ဝင္ေငြေကာင္းပါတယ္

ေကာင္ေလးနဲ႔ဆိုရင္ က်မပဲ စိုက္ရွင္းရတာမ်ားပါတယ္

ဒါေၾကာင့္ ေ႐ြးခ်ယ္မယ္ဆို ဘယ္တစ္ေယာက္ကိုေ႐ြးရမလဲမသိေတာ့ပါဘူး

က်မက အိမ္ေထာင္ တစ္ခါက်ထားၿပီးၿပီဆိုေတာ့

ေနာက္တခါ ေကာင္းမြန္တဲ့အိမ္ေထာင္ေရးေလးပဲတည္ေဆာက္ခ်င္တာပါရွင့္

ႏွစ္ေယာက္လုံးကေတာ့ က်မကိုတန္ဖိုးထားၾကပါတယ္

ေကာင္ေလးနဲ႔က ၂ႏွစ္ေက်ာ္ပါၿပီခ်စ္သူျဖစ္တာ

ဟိုအစ္ကိုနဲ႔က ဘာမွေတာ့ေျပာမထားေသးဘူး အဆက္အသြယ္ ေတာ့ရွိပါတယ္ ဖုန္းေျပာတာေပါ့

က်မကို ဝိုင္းၿပီး အႀကံဉာဏ္ေပးၾကပါအုန္းေနာ္

ႏွစ္ေယာက္လုံး က က်မကေလးအေမမွန္းသိပါတယ္ရွင့္

လက္ခံလည္း ေပးႏိုင္ၾကပါတယ္

အကိုက က်မထက္ ၅ႏွစ္ေက်ာ္ႀကီးပါတယ္ရွင့္