ရင်ဖွင့်ချင်လို့ပါ စိတ်ထဲအရမ်းမွန်းကြပ်နေလို့
ဘာဆက်လုပ်ရမလဲမသိတော့အောင်ကိုဖြစ်နေလို့ပါ
ညီမကထိုင်းမှာ 4နှစ်အလုပ်လုပ်ခဲ့ပါတယ်
ညီမအဒေါ်အိမ်မှာပါ ဦးလေးကလက်ဆော့တဲ့ထဲပါပါတယ်
အနောက်နေဖင်ကိုရိုက်သွားတာမျိုး
ထိုင်နေရင် ပေါင်ကိုလာကိုင်တာမျိုးတွေလုပ်တတ်ပါတယ်
ညီမရအောင်ရှောင်ခဲ့ပါတယ် ဘာမှမဖြစ်ခဲ့ပါဘူး
ထိုင်းကပြန်လာပြီ မန္တလေးရောက်တော့ ညီမချစ်သူထားပါတယ်
ရည်စားဖြစ်တာ 7လပဲရှိပါသေးတယ်
လုံးဝအဆင်မပြေပါဘူး အမြဲအနိုင်ယူပါတယ်
မိဘတွေကအစကဆိုသဘောမတူပါဘူး
ညီမသဘောတူအောင်ကြိုးစားခဲ့ပါတယ်
သူနဲ့ညီမ စရိုက်ချင်းလဲမတူပါဘူး သူကစိတ်ဆတ်တယ် အမြဲလိုအမြင်မကြည်နေတညများပါတယ်
အပြင်ပါပြသာနာတတ်ခဲ့လဲ ညီမဆီလာပြီ ညီမကိုပြသာနာရှာတတ်ပါတယ်
ဒါကိုအိမ်ကလူတွေသိတော့ပိုဆိုးပါတယ်
ညီမတို့ကိုခွဲပါတယ် ညီမကလဲအိမ်ကလူတွေကို တိုက်ခိုက်ပြီဆက်တွဲပါတယ်
အိမ်ကလူတွေကဘေးမဲ့ကိုပေးထားပါပြီ
ညီမကို အခုပြသာနာကို ဦးလေးနဲ့ညီမကိုပေးစားနေတာပါ
မယုံဘူးတဲ့ညီမကို ဘာဖြစ်ခဲ့လဲသူမသိဘူး မယုံဘူးတဲ့
ညီမအကြိမ်”ရှင်းပြပါတယ် ညီမဘဝပျက်ရလောက်အောင်ထိ မဖြစ်ခဲ့ဘူး
လွှတ်အောင်လဲရှောင်လာတယ်လို့အကြိမ်”ပြောပြခဲ့တာကို သူကညီမကိုမယုံဘူးပဲပြောပါတယ်
ညီမကလဲမယုံရင်ဆက်မတွဲနဲ့ အဆင်ပြေမဲ့လမ်းကိုလျှောက်လို့
ဘယ်သူမျက်နှာမှလဲထောက်စရာမလိုဘူး ပြောတော့သူလက်မခံပါဘူး
ညီမသူ့ကိုသိပ်ချစ်ပါတယ် သူကမူးလာတိုင်း အဲစကားအမြဲပြောပြီပြသာနာရှာပါတယ်
တစ်ကြိမ် နှစ်ကြိမ်မဟုတ်တော့ ညီမသီးမခံနိုင်တော့ပါဘူး
ဘာလုပ်သင့်လဲအကြံလေးတောင်းကြည့်တာပါ
စာသိပ်မရိုက်တတ်တော့စာတွေဟိုရောက်ဒီရောက်ဖြစ်သွားရင်တောင်းပန်ပါတယ် 🙁