ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၇၂

ကောင်မလေးကလေ ကျနော့ကိုဘလိုမှကို မလေးစားလို့ပါ

ကျနော်ဘာကိစ္စပဲပြောပြော စကားတွေကို တန်းလက်မခံဘူး

အမြဲကန့်လန့်ပဲပြောတယ်

သူကအခု သူ့အိမ်ကလုပ်ငန်းတွေများတယ်

တစ်နေကုန်မအားဘူး ကျနော်က အလုပ်မရှိဘူး scholarship လျှောက်ဖို့စာပဲလုပ်နေတာ

ကျနော်ကဖြစ်ချင်တာလေးတွေအေးဆေးပြောပြလိုက်ရင်လည်း တန်းပြီးလက်မခံဘူး

အဲ့တနေကုန် စကားကို ဘုနဲ့ဘောက်ပဲပြောတော့တာ

ကျနော်ဘလိုလုပ်ရမလည်း ကျနော့ကို မလေးစားသလို မရိုသေသလိုခံစားရတယ်

အလိုလိုက်တာတော့ကျနော်က တော်တော်ကို အလိုလိုက်တာ

ကြာလာတော့ ကျနော့် စကားတွေက အရေးမပါသလို ခံစားလာရလို့ပါ

သူတို့အိမ်က ချမ်းသာပါတယ် ကျနော်ကတော့ အဖွားနဲ့ပဲနေရတာပါ

ကျနော့် ထင်လာတာ ကျနော့်ဘက်က ဆင်းရဲလို့ ကျနော့်ကိုနိုင်တာလို့ထင်တယ်

သူကကျနော့်ကိုလည်းတော်တော်ကိုနိုင်ပါတယ်

လေးလည်းမလေးစားသလိုပါပဲ

ကောင်မလေးက လေးစားပြီး ကျနော့်စကားတွေအရေးတစ်ယူလုပ်အောင် ဘလိုလုပ်ရမလဲ

စိတ်ထဲမှာထင်နေတာကလည်း သူအရင်က ကြိူက်တဲ့သူကောင်လေးတစ်ယောက်ရှိပါတယ်

သူနဲ့သာတွဲရင် ကျနော်နဲ့လိုဖြစ်မှာမဟုတ်ဘူးထင်လို့ပါ

သူ့တစ်ခြားကိစ္စတွေနဲ့စိတ်တိုလာရင်လည်း

ကျနော့်ကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပြီး ကျနော့်အပေါ်ဒေါသထွက်ပါတယ်

ကျနော်ကလည်း အမြဲစိတ်ရှည်ရှည်နဲ့ နားထောင်ပေးခဲ့တညပါ

ကြာလာတော့ အားငယ်လာလို့ပါ

ကျနော့်အပေါ် အရေးတစ်ယူလုပ်ပြီး တခြားအတွဲက မိန်းကလေးတွေလို ကို့ရည်းစားအပေါ် ရိုသေပြီး

ပြောစကားကိုနားထောင်ပြီး အရေးတယူလုပ်စေချင်တာ

ကျနော်ပြောတာနားဝင်စေချင်တာပါ

သူနဲ့တွဲတာတော့ တစ်နှစ်ခွဲပြည့်တော့မှာပါ

အကြံညာဏ်ပေးပြီးကူညီပေးကြပါဦးဗျ

အကူညီတောင်းပါတယ်
















စိတ်ထဲမှာထင်နေတာကလည်း သူအရင်က ကြိုက်တဲ့သူကောင်လေးတစ်ယောက်ရှိပါတယ်











အကူညီတောင်းပါတယ်