ကျမ ယောကျ်ား က ရည်းစားဘဝက
အရမ်းနူ့ညံ့ပြီး စကားပြောတာ ညက်ပါတယ်။
လူကြီး လူကောင်းဆန်ပြီး ရှေ့ဆောင်လမ်းပြကောင်းတယောက်ဖြစ်မယ် ယုံကြည်ပြီး
မိဘ တွေ တားနေရကတဆင့် အတင်းလက်ထပ် ခဲ့ကြပါတယ်။
လက်ထပ်ပြီး နောက် ပိုင်း တဖြည်းဖြည်း စပြောင်းလဲလာခဲတာ
ဆိုရင် နောက်ပိုင်း ကျမ ပြောသမျှ မယုံဘဲ အခြားသူပြောတာ
အမှန်မျိုး ဗဟုသုတ ရှိတဲ့ ပုံမျိုး ကျမက မသိ တဲ့ အအ
တယောက် လိုမျိုး ဆက်ဆံလာပါတယ်။
ခုဆို အိမ်ထောင်သက် ၃နှစ်ကျော်လို့ ကလေးတယောက် ရနေပါပြီ။
ကျမကို ကလေးတွက် မအေ လိုအပ်လို့သာ ပေါင်းသင်းရ
တဲ့ ပုံစံမျိုးတွေ ကလေးတွက် စောက်ရှောက်ဖ်ို့ သက်သက်သာ
ပေါင်းသင်း ပြောဆို နေရသလို ဆက်ဆံလာပါတယ်။
ကျမ မိဘ ဘက်က သိပ်ကို ချမ်းသာပါတယ်။ သူတို့ မိသားစုက
မပြည်စုံပါဘူး။
တခုခုဆို သူ့အိမ်ဘက်က ပြောသမျှသာ အရာရောက်ပါတယ်။
ကျမနဲ့ စကားပြောလို့ ကျမ မရှင်းလို့ ဘာလို့ဒီလို မဖြစ်ရတာလဲ
မေးမိရင် တောင် sout ရူးမ. ဒါတောင်မသိဘူးလား
ဆိုပြီး ဘာမဟုတ်တဲ့ ဒီတိုင်းသာမန်အခြေနေတောင် ဆဲဆိုလာပါတယ်။
ခနခန. ဆဲ ဆိုတယ် အရမ်းမ်ိုက်ရိုင်းလာပါတယ်။
ကျမက သူ့ထက် Eng စာပိုင်းရော ကျွမ်းကျင်ပြောဆိုတတ်ပါတယ်။
ဂုဏ် ဖော်တာမဟုတ်ပါဘူး သူက အနက်အဓိပ္ပါယ်တောင်မသိပါဘူး။ ဒါလဲ ကျမက သူ့တွက် sout သုံးမကျပါဘူး။
ဖေမေတွေ ကိုင်တုတ်ဆဲပါတယ်။
ကျမကို ပုံမလာဘူး ဆိုပြီး ခနခန ဆဲဆို ပြောဆိုခံရတာ နေ့တ်ိုင်းနီးပါးပါပဲ။
နောက်မိန်းမ ယူချင်တယ်လို့လဲ စနောက်ပါတယ် ခနခနပါပဲ။
ကျမ က ဘွဲ့ ရ တယောက်ပါ။
ဆွေ မျိုးလဲ တောင့်ပါတယ်။
မိဘဘက်က ငွေကြေးလဲ ရှိပါတယ်။
ဒါပေမယ့် အတူတူနေချင်လို့
ယောကျ်ားနောက်ကို လိုက်နေတဲ့ သူပါ။
ကျမ မနက် ၅နာရီ ကျော်ထ စျေးသွား ချက်ပြူတ် ပြင်ဆင်
ကလေးတွက် သူ့အတွက် ပြင်ဆင်ပေးပါတယ်။
အိမ်ရှင်မ တာဝန်ကို ကျမ နိုင်သလောက် တာဝန်ကျေခဲ့ပါတယ်
ရှင့် မိုးလင်းမိုးချုပ် စားချင်တာရှိ အိပ်ချင်နေလဲ ပြင်ဆင်ပေးခဲ့ပါတယ်။
သူကတော့ ကလေး ထိန်းဖော်သိပ်မရဘူးရှင့် အလုပ်က ပြန်လာရင်
ဂိမ်းဆော့မပျက်ပါဘူး။ ငွေတော့ရှာပေးပါတယ်။
လူကြားမရှောင် ဆဲဆို နှိပ်ကွက်ပြီး ကျမကို sout သုံးမကျတဲ့
မိန်းမ ္လ မိန်းမ အလကားမိန်းမ ဘာမှသုံးစားမရဘူးဆိုပြီး အမြဲဆဆဲဆိုနေလို့ အခုဆို ကွာရှင်းချင်လောက်အောင်စိတ်ကုန်နေပါပြီ။
ကျမက အလုပ်မရှိလို့ များလား ဒါမှမဟုတ် သူအသစ်မြင်နေလို့လားရှင်။
အရမ်းတွေ စိတ်ညစ်နေပြီး စိတ်ဓာတ် ကျလာလို့ပါ။
လူရှေ့မရှောင် ဆဲဆိုနေတာ ကျမ imageလဲ ကျလို့ သူ့အပေါင်း
ပါတွေကပါ မလေးစားတော့ပါဘူး။
ကျမဘဝမှာ သူက ရည်းစားဦးနဲ့ ကျမယုံကြည်ပြီး ယူထားခဲ့တဲ့သူပါ။ ခုတော့ နေ့တိုင်း စိတ်ဆင်းရဲရတယ် ။😢
ကျမ ယောက်ျား က ရည်းစားဘဝက
တဲ့ ပုံစံမျိုးတွေ ကလေးတွက် စောက်ရှောက်ဖို့ သက်သက်သာ
မပြည်စုံပါဘူး။
ခနခန. ဆဲ ဆိုတယ် အရမ်းမိုက်ရိုင်းလာပါတယ်။
ကျမကို ပုံမလာဘူး ဆိုပြီး ခနခန ဆဲဆို ပြောဆိုခံရတာ နေ့တိုင်းနီးပါးပါပဲ။
ကျမ က ဘွဲ့ ရ တယောက်ပါ။
ယောက်ျားနောက်ကို လိုက်နေတဲ့ သူပါ။
ကျမ မနက် ၅နာရီ ကျော်ထ ဈေးသွား ချက်ပြူတ် ပြင်ဆင်
ဂိမ်းဆော့မပျက်ပါဘူး။ ငွေတော့ရှာပေးပါတယ်။