မင်မင်ရေလုံးလုံးဝေခွဲမရဖြစ်နေလို့fake accနဲ့ရင်ဖွင့်ပါရစေနော်
ညမနဲ့ညမယောကျာ်းအိမ်ထောင်ကျတာတနှစ်ခွဲလောက်ရှိပါပြီ
အိမ်ထောင်ကျပီးကထဲကခုချိန်ထိလင်မယားလိုနေတာ ဆယ်ကြိမ်လောက်ပဲရှိပါတယ်
ဒီတိုင်းညမစားချင်တဲ့မုန့် ညမလိုချင်တာမှန်သမျှဖြည့်ဆည်းပေးပါတယ်
မညီးညူပါဘူးအလုပ်ရတဲ့ပိုက်ဆံလဲ အကုန်အပ်ပါတယ်
တူတူဆုဆောင်းတာပါဒါပေမဲ့ညမကိုကြင်ကြင်နာနာယုယုယယမဆက်ဆံပါဘူ
းဒီတိုင်းသူငယ်ချင်းနှစ်ယောက် တကုတင်ထဲမှာအိပ်နေရသလိုပါပဲ
အလုပ်ကိုတော့တော်တော်လုပ်ပါတယ် အလုပ်အားတဲ့အချိန်တွေဆိုဂိမ်းဆော့ပါတယ်
ညတွေဆိုလဲခုနစ်လောက်ဆိုဂိမ်းဆော့ပါပီ သူ့ဂိမ်းသူဆော့ညမကတော့ဖုန်းကြည့်လိုက်ဇာတ်ကားကြည့်လိုက် ဘုရားစာဖတ်လိုက်နဲ့အိပ်ပျော်သွားပါတယ် သူကဘယ်ချိန်မှအိပ်လဲမသိပါဘူး
အဲ့ဂိမ်းထဲမှာကောင်မလေးတယောက်လဲပါပါတယ်
သူနဲ့ကအရင်တဲကဂိမ်းတူတူဆော့နေကျလို့လဲပြောပါတယ်
အဲ့တယောက်ကဂိမ်းဆော့ဖို့စာပို့ရင်massagerကပို့လို့ရရဲ့သားနဲ့viberကနေပို့ပါတယ်
ညမကသိတော့ပြောပါတယ် ညမကတခုဆိုးတာကဒေါသထွက်ရင်လျောက်ပြောတတ်တဲ့အကျင့်ပါ
အဲ့အကျင့်ကလဲ သူအဲ့လိုတွေလုပ်မှပြောတာပါ မဟုတ်ရင်မပြောပါဘူး
ဒါကိုသူကညမအပြစ်လို့ပဲပြောပါတယ် ညမကအမြဲပွစိပွစိလုပ်တယ် ဂိမ်းတူတူဆော့တာဘာမှမဖြစ်ပါဘူး
သူနဲ့နှစ်ယောက်ထဲဆော့တာမဟုတ်ဘူး ငါးယောက်လောက်ဆော့တာကို ဘာဖြစ်နေတာလဲနဲ့ညမအမှားလို့ပဲပြောပါတယ်
အဲ့ကောင်မလေးကvbကနေဂိမ်းဆော့မယ်နဲ့ညအချိန်၁၂နာရီလောက်ပို့ပါတယ်
သူကအဲ့အချိန်မှအားတာမလို့တဲ့ ညမကပြောရင်သူကလုံးလုံးမကြိုက်ပါဘူး
ကိုယ့်ယောကျာ်းရဲ့ဂရုစိုက်ကြင်နာမှုကို လိုချင်တာပါ
ဒါပေမဲ့ညမကိုဆိုအမြဲတမ်းအော်ငေါက်နေတာပါ
ညမယောကျာ်းကအိမ်မှာပဲအလုပ်လုပ်တာပါ
အပြင်အနီးအဝေလုံးလုံးမသွားပါဘူး အဲ့ကောင်မလေးကလဲညမတို့မြို့ကမဟုတ်ပါဘူးရှင့်
အကြံညဏ်လေးပေးကြပါဦးနော်တခါမှရင်မဖွင့်ဖူးလို့စာစဉ်မှားရင်သည်းခံပေးပါရှင့်