ကျွန်မအမျိုးသားနဲ့အိမ်ထောင်ကျတာ5နှစ်ရှိပါပီ..
သူကအရင်ကတည်းကဂိမ်းဆော့ပါတယ်.
သူကချုပ်ခြယ်တာမကြိုက်ပါဘူး…
ကျွန်မကျတော့မိဘမရှိပါဘူး..သူ့ကိုခင်တွယ်ပါတယ်.
ကျွန်မ အခုကကိုယ်ဝန်၅လထဲမှာပါ..
ကိုယ်ဝန်စရှိကတည်းကအလုပ်မလုပ်ပါဘူး..
လက်တည်စမ်းပီး ၂လုံးကျွန်မထိုးပါတယ်.နည်းနည်းပါးပါးပေါ့..
သူဿျွန်မကိုသတိပေးပါတယ်..ကျွန်မနားမဝင်ပါဘူး..
သတိပေးတာ ၃.၄ခေါက်မကတော့ သူကနင်လည်းနေချင်သလိုနေငါလည်းနေချင်သလိုနေမယ်လို့ပြောပါတယ်..
အဲ့ဒီနောက်ပိုင်းကျွန်မလည်းလုံးဝမလုပ်တော့ပါဘူး..
သူလည်းကျွန်မကိုလက်မခံတော့ပါဘူး..
နင်ကငါ့နောက်ကွယ်မှာလုပ်ချင်သလိုလုပ်မှာဘဲလို့ပြောပါတယ်..
ကျွန်မကဖုန်းလည်းမကိုင်တော့ဘူး..
ဖုန်းပါရောင်းပေးမယ်ဆိုလည်းလက်မခံဘူး…
အစတုန်းကတော့ကလေးအတွက်ထောက်ပု့ပေးမယ်..
ကျွန်မကိုပြန်စဥ်းစားပေးမယ်ပြောတယ်..
အခုကျတော့အဲ့လိုမဟုတ်တော့ဘူး.ကလေးကိုလည်းမကြည့်တော့ဘူး..
ကျွန်မကိုအခုချက်ချင်းကွာပေးလို့ဘဲပြောပါတယ်..
ကျွန်းမကိုလည်းသူလွတ်လွတ်လပ်လပ်နောက်တယောက်နဲ့တွဲချင်တယ်ပြောတယ်..
စာချုပ်စာတမ်းရှိတော့စိတ်မလွတ်လပ်ဘူးလို့ပြောတယ်..
ကျွန်မမျက်နှာမြင်ရင်စိတ်ဆင်းရဲရတယ်လို့ပြောနေတယ်..ဘယ်လိုလုပ်သင့်လဲရှင့်…….