ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၈၀

ညီမအသက်၂၈ပါညီမနဲ့ညီမကောင်လေးနဲ့LDRSဘဝနဲ့တွဲလာတာ၁၀နှစ်နီးပါးပါ

အရင်အရမ်းကိုချစ်ခဲ့ကြတယ်တစ်ယောက်နဲ့တစ်ယောက်လဲနားလည်မှုရှိကြပါတယ်

၁၀နှစ်မှာ၆နှစ်လောက်ကပျော်ပါတယ်

အဆင်ပြေပါတယ်အလိုလဲလိုက်ပါတယ်

(တစ်နှစ်ကိုတစ်ခါတော့တွေ့ဖြစ်ကြပါတယ်hsလဲရှိခဲ့ကြပါတယ်)

နောက်ပိုင်းသူအလုပ်တွေအဆင်ပြေ အလုပ်တွေများလာတော့ညီမကိုဂရုမစိုက်တော့ပါဘူး

တခြားကောင်မလေးတွေနဲ့အတည်မဟုတ်ပေမယ့်လဲ အီစီကလီတွေရှိခဲ့ကြပါတယ်

ရန်တွေဖြစ်လိုက်ပြန်အဆင်ပြေလိူက်နဲ့နောက်ပိုင်း ဒီ၄နှစ်ကညီမစိတ်အရမ်းကိုကုန်နေပါတယ်

ရန်ဖြစ်ရင်လဲညီမကိုအရင်ကhsဖြစ်ခဲ့တာတွေကိုပြန်အစဖော်ပြီး ညီမသိက္ခာပိုင်းကိုစော်ကားပါတယ်

ညီမစိတ်ကြောင့် သူကအဲလိုဖြစ်ခဲ့တာလို့ပြောပါတယ်

ညီမသူနဲ့တည်းခိုခန်းမလ်ုက်ရင်မဖြစ်ဘူးလို့လဲ စော်ကားပါတယ်

အရင်အတူနေတုန်းပုံတွေရိုက်ထားတာရှိခဲ့ပါတယ်

ညီမနဲ့သူနဲ့ကမြို့ခြင်းလဲမတူဘူးသူနဲ့ယူရင်ညီမလက်ရှိအလုပ်ထွက် မိဘနဲ့ခွဲပြီးသူနဲ့လိုက်နေရမယ်တဲ့

အရင်ကသဘောတူထားတာက ညီမဘက်နေဖို့ပါ

ညီမကလဲအဖေက ကျန်းမာရေးလဲမကောင်းတော့မနေနိုင်ကြောင်းမလိုက်န်ုင်ကြောင်းပြောပြီး

ရန်ဖြစ်ကြတော့သုဘက်ကစပြီးလမ်းခွဲဖို့ပြောပါတယ်

ညီမကလဲသဘောပဲလို့ပြန်ပြောလိုက်ပါတယ် အခုညီမရပ်ကွက်ကအကိုတစ်ယောက်နဲ့ချစ်သူဖြစ်နေပါပြီ

သူနဲ့ညီမကအချစ်ဆိုတာထက်တစ်ယောက်အကြောင်းတစ်ယောက်ပွင့်ပွင့်လင်းလင်းပြောပြီး နားလည်မှုနဲ့လက်တွဲခဲ့တာ၁နှစ်ကျော်ပါပြီ

(သူကနိုင်ငံခြားမှာပါအိမ်နီးချင်းဆို​​ပေမယ့်အပြင်မှာမတွေ့ကြရပါဘူး)

exနဲ့က၂၀၁၈ထဲကပြတ်ခဲ့ကြတာပါ လက်ရှိချစ်သူကိုလဲအိမ်ကိုပြောပြထားပြီး၂ဖက်မိဘကလဲသဘောတူကြပါတယ်

ညီမတို့အချိန်အကြာကြီးမဆွဲချင်ကြတော့လို့လက်ထပ်ဖို့တိုင်ပင်ကြပါတယ်

သူကတစ်နှစ်စောင့်ပေးဖို့ပြောပါတယ်

အဲ့တစ်နှစ်ကညီမတို့၂ယောက်ဘဝရှေ့ရေးအတွက်အရင်းနှိးလုပ်ဖို့သူရှာမယ်

မိဘဆီကမတောင်းကြဘူးလို့သဘောတူကြပါတယ်

ညီမလဲအိမ်ကိုပြောပြတော့ သဘောတူကြပါတယ်

သူကညီမကိုfbမှာRSချိတ်ဖို့ညီမဆီကခွင့်တောင်းပါတယ်

အဲဒါနဲ့RSတေွချိတ်ပုံတွေတင်ပြီးတရားဝင်တွဲတယ်ဆိုပါတော့ အဲဒါကိုexကတွေ့ပြီးညီမကိုပြသာနာရှာပါတယ်

ညီမမိဘဆီလာပြီးအရှက်ခွဲမယ်သတ်မယ်နဲ့ပြောလာပါတယ်

အရင်ကပုံတွေလဲတင်ပြီးအရှက်ခွဲမယ်ပြောပါတယ်

ညီမကိုသူလက်မလွှတ်ချင်ဘူးရအောင်ယူပြမယ်ပြောပါတယ်

ညီမဘာဆက်လုပ်ရမလဲအကြံပေးကြပါအုံးရှင့်

လက်ရှိချစ်သူကိုပြောပြတော့သူလဲအမြန်ဆုံးပြန်လာချင်တယ်တဲ့

exနဲ့ဖြေရှင်းလိုက်ပါလို့ပြောပါတယ် ညီမဘယ်လိုဆုံးဖြတ်ပါစေ သူနာခံပါ့မယ်တဲ့

ညီမသုကိုလက်မလွှတ်ချင်ဘူးexနဲ့ကအရင်ကသံယောဇဥ်ရှိခဲ့ပေမယ့် သူနဲ့လိုက်နေဖို့ဘယ်လိုမှအဆင်မပြေလို့ပါ

မိဘနဲ့မခွဲခြင်လို့ပါ သူကလဲသုအလုပ်သုမစွန့်နိုင်ဘူး

ညီမနဲ့လဲလိုက်မနေချင်ဘူးတဲ့ လက်ရှိချစ်သူကရပ်ကွက်ထဲက၂အိမ်ကျော်လေးဆိုတော့ရွေးချယ်ခဲ့တာပါ

သုကိုလဲအရမ်းချစ်မိသွားပြီးသူနဲ့ဆိုပျော်မယ်လို့လဲထင်တယ် exကအရမ်းကိုသွေးဆိုးတဲ့လူပါ အကြံပေးကြပါအုံးရှင့်

(စာစီတာအဆင်ပြေဖြစ်ခဲ့ရင်တောင်းပန်ပါတယ်စာရှည်သွားတဲ့အတွက်လဲတောင်းပန်တယ်ရှင့်ရင်တွေအရမ်းပူနေလို့ပါ)








ရန်တွေဖြစ်လိုက်ပြန်အဆင်ပြေလိုက်နဲ့နောက်ပိုင်း ဒီ၎နှစ်ကညီမစိတ်အရမ်းကိုကုန်နေပါတယ်



















အဲဒါနဲ့RSတွေချိတ်ပုံတွေတင်ပြီးတရားဝင်တွဲတယ်ဆိုပါတော့ အဲဒါကိုexကတွေ့ပြီးညီမကိုပြသာနာရှာပါတယ်










