ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၈၁

မင်မင်ရေ့ညီမအမျိုးသားအိမ်ထောင်ကျတာတစ်နှစ်ကျော်လောက်ပဲရှိပါသေးတယ်

ညီမနဲ့အိမ်တောင်ကျပီတစ်နှစ်မပြည့်ခင် သူတို့စက်ရုံက၀န်ထမ်းတွေကိုသွေးစစ်ပေးတယ်ရှင့်

အဲ့မှာညီမအမျိုးသားမှာ B ပိုးရှိနေတာသိရပါတယ်

သူမှာအဲ့ရှိနေတဲ့အတွက်ညီမလဲကာကွယ်ဆေးတွေထိုးနေရတာပါ

သူလဲဆေးသောက်နေရတာပါ အရက်ဘီယာလုံး၀သောက်လို့မရပါဘူးရှင့် သောက်ရင်ပိုးကပွားပီးဆေးမတိုးဖစ်တတ်တယ်တဲ့

အာ့ကြောင့်ညီမကအရက်တွေသောက်ရင်မကြိုက် သူရောဂါမပျောက်မှာဆိုးလို့ပြောတာပါ

သူကအမြဲတမ်းသောက်နေတာတော့မဟုတ်ပါဘူး ညီမဖစ်စေချင်တာကရောဂါအရှင်းပျောက်သောက်တာဆိုလက်ခံပါတယ်

တစ်ရက်သူအလုပ်သွားပါတယ် အလုပ်ဆင်းချိန်က5နာရီပါ

အလုပ်နဲ့အိမ်က15မိနှစ်လောက်ဆိုရောက်ပါတယ်

ညီမက45မိနစ်ထိစောင့်ပါသေးတယ်ပြန်ရောက်မလာသေးတော့ညီမဖုန်းဆက်တော့အလုပ်မပီးသေးလိုနောက်ထပ်မိနှစ်20လောက်ပြန်ရောက်ပီတဲ့

နောက်နာရီဝက်လောက်လဲပြန်မရောက်လာတော့ ညီမစိတ်ပူပီးဖုန်းထက်ဆက်တော့ဘာလုပ်မို့လဲဆိုင်ထိုင်နေတယ်တဲ့

ညီမလဲစိတ်တိုပီပြန်မလာနဲ့လို့ပြောလိုက်တယ် ည8ခွဲလောက်ထိပြန်မလာတော့စိတ်ပူပီးဖုန်းထက်ခေါ်တော့မလာသေးဘူးတဲ့

ညီမကလာတော့လေအချိန်မရှီတော့ဘူး

မင်းကမစောင့်နိုင်ဘူးလားဆိုဖုန်းချဖစ်တယ်ပြန်ရောက်‌လာတော့10.45ရှိနေပီညီမလံတခါးဖွင့်ပေးပီ

အသာလေပဲနေနေလိုက်တယ် မနက်ကျတော့သူကမျက်နှာတင်းတင်းနဲ့ဘာမှာလဲမပြောဘူး

ညီမလဲမနေနိုင်တော့ယောကျားဘာစိတ်ညစ်စရာရှိလို့လဲ ကိုယ်နဲ့လဲမတည့်ပဲနဲ့လို့သူလေမာမာနဲ့ငါသောက်ချင်လို့သောက်တာ

မင်းနာလည်မပေးနိုင်ဘူးလာတဲ့

နာလည်းမပေးနိုင်လဲမတတ်နိုင်ဘူးတဲ့ငါကတော့မပြင်နိုင်ဘူးတဲ

သူတို့အိမ်ကလူတွေကသူအမြဲတမ်းသောက်နေတာမဟုတ်အတွက်မမှားဘူးတဲ့

နာလည်မပေးတဲ့ညီမကမှားတယ်တဲ့ နောက်ပီအပြင်တွေသွားလို့ညီမပြောရင်မကြိုက်ဘူးတဲ့

ခေါင်းရှုပ်တယ်တဲ့ညီမသူကိုသူဝါသနာပါတဲ့ဘောလုံးကန်တာကန်ခွင့်ပြုထားတယ်

ဘောလုံးပွဲပီရင်တော့ပြန်လာခဲ့ငါးမျှားသွားတာသူကဝါသနာပါတယ်

သွားခွင့်ပြုတယ်နေခင်း1.2နာရီလောက်ဆိုပြန်လာခဲ့

အိမ်မှာလဲညီမတစ်ယောက်ထဲ‌ဈေးဆိုင်တစ်ဖတ်နဲ့အာ့တာကိုညီမကနားလည်မူမရှိလို့မပေါင်းနိုင်ဘူးတဲ့

ညီမဖစ်စေချင်တာကသောက်လာရင်ညီမစိတ်ပြေအောင်ပြောရင်ကျေနပ်တယ်

သူကလဲသောက်လာသေးတယ်သူလဲအထက်စီးစံစံပြောသေးတယ်

ညီမကနာလည်မူမရှိလို့မပေါင်းနိုင်ဘူးတဲ့ညီမအမျိုးသားကညီမထက်4နှစ်ငယ်တယ်

ဒါပေ့မဲ့ညီမညတိုင်းသူကန်တော့ပီးမှာအိပ်တယ်ထမင်းဆိုလဲလက်ဆေးစားရုံပါ

သောက်တာကိုညီမမကြိုက်ဘူးဆိုတာကလဲသူကျန်မာရေး

ညီမကျန်မားရေးညီမတို့ရဲ့ရင်သွေးထိဒိရောဂါကူးမှာဆိုလို့ပြောတာညီမမှားလားရှင့်အကြံပေးကြပါအုံးရှင့်





























