ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၈၂

2021နှစ်စ မှာ လူမျိုး ချင်း မတူတဲ့ အကိုကြီး တစ်ယောက်နဲ့ ဆုံခဲ့တယ်

နောက်တော့ စကားအပြောများပြီး သံယောဇဥ် ရှိရင်းကနေ ချစ်မိသွားတယ်

သွားတယ် လာတယ် အတူတူဘဲ

ကိုယ်လည်း ချစ် သူလည်း ချစ်တယ်လို့ တော့ ပြောတယ် ပေါ့နော် …..

ဒီလို နဲ့ လတွေ ကြာလာရော သိလိုက်ရတာ တစ်ခုက သူ နဲ့ လူမျိုး တူတဲ့ အမျိုးသမီး ကို ချစ်စကားတွေ ပြောနေတာသ်ရတယ်

ဖုန်းတွေ ဆက်ကြတယ်ဆိုတာသိရတယ် …..

လူမျိုးရေးကြောင့် ငါတို့ မဖြစ်နိုင်ဘူးဆိုတာ သူပြောတယ်

ဒါပေမဲ့ ချစ်လားလို့မေးရင်တော့ ချစ်တယ်ဆိုပြီးသူ ဖြေတယ် …..

မိန်းမသားအရှက်မရှိ ကိုယ်က ချစ်လွန်းတော့ ယူရအောင် ပြောရင် လည်း လူမျိုးရေး ကြောင့် ဆိုပြီး ဖြစ်လာပြီ …

စကားမပြောဘဲ နေရအောင်ဆိုရင်လည်း

သူက ညီမနဲ့ ပျော်ရပါတယ် ဆိုတာမျိုး အဲ့လိုကြားထဲ ညီမ ဘာဆက်လုပ်ရမလဲ မသိဘူး

ကိုယ်က အရမ်း မျှော်လင့်ပြီး ချစ်ခဲ့မိသူကို 🥺😢

ဟိုကောင်မကိုလည်း စကားမပြောဘဲ မနေနိုင်

ညီမကိုလည်း နှမြောနေပေမဲ့ လူမျိုးကြောင့်ဆိုတဲ့ အရာက တား

ဒီလို ဖြတ်သန်းရင်း ဘာလိုလို နဲ့ ၁နှစ်ကျော်လာပြီ



သွားတယ် လာတယ် အတူတူဘဲ











