ညီမကို ဆုံးမစကားတွေ ပြောပေးကြပါအုန်း ဒီလောက်တောင် အမှတ်မရှိပဲ သူ့ဆီပဲပြန်သွားချင်နေတဲ့ ညီမကို
ချစ်သူသက်တမ်း ၆ နှစ်ကျော်ပါပီ
ခုက ညီမကို သူက လမ်းခွဲဖို့စကားပြောတာပါ၊
rs သက်တမ်း ၂ နှစ်ကျော်လောက်ကစပြီး သူ့ဘက်က ညီမကို ဖျက်ဖို့ လုပ်လိုက်
ညီမက ပြန်တောင်းပန်လိုက်တော့ သူကပြန်လာလိုက်နဲ့ အဲ့လိုဖြစ်နေခဲ့ပါတယ်၊
အဲ့လိုတောင်းပန်ပီးသွားရင်လည်း ဘာမှမဖြစ်သလို ပြန်အဆင်ပြေသွားပြန်ပါတယ်၊
( သူကညီမအရင်က ရည်းစားရှိတာကတည်းက ၁ နှစ်ခွဲလောက် crush ခဲ့ပြီး ညီမကိုသဘောကျခဲ့သူပါ၊
သူသာဆို ညီမကိုတကယ်ချစ်လောက်မှာပါထင်ပြီး အားလုံးထဲမှာသူ့ကိုရွေးချယ်ပြီး အဖြေပေးခဲ့တာပါ၊ )
Rs တစ်နှစ်၊ ၂ နှစ်အတွင်းမှာတော့ ညီမသူ့အပေါ်ရစ်ခဲ့ဆိုးခဲ့တာတွေရှိပါတယ်၊
ဒါပေမယ့်တရားလွန်ကြီး မဟုတ်တာလုံးဝသေချာပါတယ် ၊
နောက်ပြီး ညီမမှာ ခက်ခဲနေတဲ့အချိန်မျိုးတွေဆို သူက ညီမဘေးနား ရှိမနေပေးခဲ့ပါဘူး၊
သူ့ဘက်က ရှိနေပေးနိုင်တဲ့အခြေအနေမှာတောင် ရှိမနေပေးခဲ့ပါဘူး၊
သူက သူ့သူငယ်ချင်းနဲ့အပြင်သွားလို့ ဒီတိုင်း ဘယ်သူနဲ့သွားတာလဲမေးရင်တာတောင် ညီမကရစ်တယ်လို့ထင်ပြီး ညီမကို စိတ်ဆိုး နင်နဲ့က ဘယ်လိုမှဖြစ်မှာ မဟုတ်ဘူးဆိုပီး လမ်းခွဲစကားပြောပါတယ်၊
ညီမလည်း လမ်းမခွဲနိုင်လို့ သူ့စိတ်တိုင်းကျ နေပေးမယ် မပြောမိ မမေးမိအောင် နေမယ်ဆိုပီး
သူ့စိတ်တိုင်းကျ နေပေးပြီး ကိုယ့်ကိုကိုယ် မရရအောင် ပြောင်းလဲခဲ့ပါတယ်၊
လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကလည်း ဘာစိတ်ဆိုးစရာ အကြောင်းပြချက်တစ်စုံတရာ မရှိဘဲ ဖုန်းပြောတာ ညီမအသံက တိုးနေတာ၊
( ညီမက ဘေးမှာ အမေရှိလို့ အကျယ်ကြီးမပြောတာ)
အဲ့တာကို “နင့်အသံက လုံးဝဆွဲဆောင်မှုတစ်စက်မှမရှိဘူး” ဆိုပီးပြောပီး ဖုန်းချသွားပီး message ကနေ နင်နဲ့ငါဘယ်လိုမှ မဖြစ်နိုင်ဘူး၊
နင့်ကိုငါ မကြ်ုက်တော့ဘူး လမ်းခွဲရအောင်ဆိုပီး ပြောပီး ဖျက်သွားပါတယ်၊
ရက် ၂၀ လောက်ပြတ်ပြီး ညီမပြန်ခေါ်တော့ သူက ညီမဆီပြန်လာပါတယ်၊
အဲ့ကနေစပြီး ခုမပြတ်ခင်အချိန်ထိ ကြားထဲ တစ်နှစ်ကျော်လောက်က တော်တော်လေး အဆင်ပြေနေခဲ့ပါတယ်၊
အရင်ထက် ပိုကောင်းပေးပြီး လမ်းခွဲစကားလည်းမပြောပဲ အဆင်ပြေနေခဲ့ပါတယ်၊
အခုကတော့ ဘာပြသနာကြီးကြီးမားမားမှ မရှိပဲ လမ်းခွဲမယ်ဆိုပီး ပြောပီး block သွားပါပီ၊
သူက ညီမနဲ့ ၆ နှစ်ကျော်တွဲလာပေမယ့် ညီမက လက်ထပ်မယ့်အကြောင်းပြောရင်လည်း စကားလမ်းကြောင်းလွှဲပြီး
လေးလေးနက်နက်တစ်ခါမှ ပြန်မပြောပါဘူး
ညီမလက်လွှတ်သင့်နေပီဆိုတာ သိနေပေမယ့် သူ့ဆီပဲပြန်သွားချင်နေမိပါတယ်၊
ရွယ်တူလည်းဖြစ်တော့ ညီမအတွက် ချစ်သူကောင်းတစ်ယောက်မဟုတ်ပေမယ့်
သူငယ်ချင်းကောင်းတစ်ယောက်တော့ ဟုတ်ပါတယ်၊ သူက ဖောက်ပြန်တာတွေတော့မရှိပါဘူး၊
ညီမကို ဆုံးမစကားတွေ ပြောပေးကြပါအုန်း ဒီလောက်တောင် အမှတ်မရှိပဲ သူ့ဆီပဲပြန်သွားချင်နေတဲ့ ညီမကို