ညီမအိမ်ထောင်ကျတာ 5နှစ်ရှိပါပီညီမအသက်က23ပါ
အခုအိမ်ထောင်မကျခင် ညီမအသက်14နှစ်မှာညီမအပေါ်ကံကြမာဆိုးကြီးက ညီမကိုယ်ဝန်ဆောင်ရတဲ့အထိဒဏ်ခက်ခဲ့တယ်
အဲ့အကြောင်းတွေကိုသူ့နဲ့အိမ်ထောင်ကျပီမှ ပြောပြဖစ်ခဲ့တယ်
သူ့ဘက်ကတော့ ဘာမှမဖစ်ဘူးပြောနေပေမယ့် သူရဲ့ ပုံစံကပြောင်းသွားတယ်
ညီမကိုအရင်လိုဂရုမစိုက်တော့ဘူး မချစ်တော့သလိုပဲ ညီမအပြစ်ဆိုတာသိပါတယ်
ဒါပေမဲ့ညီမလဲအဲ့အပြစ်ကို မဖစ်ချင်ပါဘူ
ဘယ်မိန်းကလေးကရော သူ့ဪဲ့အပျိုဘဝကို သူမချစ်တဲ့လူလက်ထဲကုန်ဆုံးချင်မှာလဲ
ညီမသူ့ကိုအရမ်းချစ်တယ် သူများတွေ တန်ဖိုးထားခံရတာမြင်ရင် အလိုလိုဝမ်းနည်းတယ်
ညီမဘဝမှာမဂ်လာဆိုတာ တခါမှမဆောင်ဖူးဘူး အရမ်းလဲဝမ်းနည်းတယ်
တခါတလေ သူ့ဘေးမှာမနေချင်တော့ဘူး
တယောက်ထဲပဲရှေ့ဆက်ချင်တော့တယ်
ကိုယ့်ကိုတန်းဖိုးမထားသူလက်ထဲမှာ မနေချင်ဘူး
သူ့ကိုလဲလွတ်လပ်ခွင့်ပေးလိုက်ချင်တယ်
တခါတလေသူ့ကိုကိုယ်ချင်စာပါတယ် ညီမလိုအပျိုမဟုတ်တဲ့သူနဲ့ နေနေရတာ
ဘယ်နေချင်ပါ့မလဲ
သူ့ကိုသိစေချင်တာတခုက ညီမသူ့ကိုအရမ်းချစ်တယ်
ပြောပြမတတ်အောင်ချစ်တယ် ဖစ်နိုင်ရင်တောင် ညီမရဲ့အပျိုဘဝကို သူ့နဲ့ပဲအဆုံးသတ်ချင်ခဲ့တာပါ
ဒါပေမဲ့မဖစ်နိုင်တော့တာကိုဘယ်လိုလုပ်ရမလဲ ညီမရင်ထဲမအောက့်နိုင်လိုရင်ဖွင့်မိတာပါ
အရမ်းလဲဝမ်းနည်းမိတယ် လူဆိုတာသူ့ကုသိုလ်နဲ့သူလာတာဆိုတော့ဘယ်တတ်နိုင်မလဲနော် 😔😔
ညီမကိုချစ်လားလို့ မေးတော့လဲဘယ်တော့မှမဖြေဘူး
ဘယ်နေချင်ပါ့မလဲ